အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (မြန်မာ)
မြန်မာနိုင်ငံတော် အစိုးရနှင့်သက်ဆိုင်သော အဖွဲ့အစည်း From Wikipedia, the free encyclopedia
Remove ads
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (Department of Food and Drug Administration) သည် ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်တွင် ၁၉၉၅ ခုနှစ်တွင် ဌာနခွဲအနေဖြင့် စတင်တည်ထောင်ခဲ့သည်။ ဤဌာနက ပြည်တွင်းသို့တင်သွင်းလာသော ပြည်ထဲ၌ထုတ်လုပ်သော အစားအသာက် ဆေးဝါး အလှကုန်ကို စောင့်ကြည်စစ်ဆေးကွပ်ကဲသည်။ တိုင်းအဆင့်၊ မြို့နယ်အဆင့်ထိ ကော်မတီ ဖွဲ့စည်းထားလျက်ရှိပြီး အစားအသောက်၊ ဆေးဝါး အလှကုန်များ ထုတ်လုပ် ရောင်းချမှုကိစ္စအဝဝကို မိခင်ဌာနကိုယ်စားဖြည့်ဆည်းသည်။
ဌာနချုပ်မှာ နေပြည်တော်တွင် ဖြစ်သည်။
အထက်မြန်မာပြည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနကို၂၀ဝ၀ ခုနှစ်တွင် မန္တလေးမြို့တွင် ဖွင့်လှစ်ခဲ့သည်။
Remove ads
ဆောင်ရွက်သည့် လုပ်ငန်း
ဤဌာနက အစားအသောက်များကို Codex လာ Hygienic Practice of Food Handling,နှင့် HACCP Hazard Analysis and Critical Control Point နည်းနာများနှင့်အစားအသောက်စံများဖြင့် စိစစ်အတည်ပြုပေးသည်။ ဆေးဝါးနှင့်အလှကုန်များကို နိုင်ငံတကာအနောက်တိုင်းဆေးထုတ်လုပ်မှုGMP Good Manufacturing Practice နှင့် အနောက်တိုင်းဆေးဝါးကျမ်းလာစံများအတိုင်း စိစစ်သည်။ ဈေးကွက်တွင်းရှိ သုံးစွဲရန်မသင့်သည် အစားအသောက် ဆေးဝါးနှင့် အလှကုန် ပစ္စည်များအား အခါအားလျော်စွာထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ အိမ်ရှင်အဖြစ် တာဝန်ယူပြီး ၂၀ဝ၇ ခုနှစ်တွင် Asean Working on Technical Cooperation in Pharmaceauticals ၏ ၂၃ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့သည်။
Remove ads
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads