ကျန်းမာရေး ဝန်ကြီးဌာန

မြန်မာနိုင်ငံ၏အစိုးရဝန်ကြီးဌာန From Wikipedia, the free encyclopedia

ကျန်းမာရေး ဝန်ကြီးဌာန
Remove ads

ကျန်းမာရေးဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Health) သည် မြန်မာနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်သည့် ဝန်ကြီးဌာန ဖြစ်သည်။ သမ္မတဦးထင်ကျော် အစိုးရလက်ထက်တွင် ကျန်းမာရေး ဝန်ကြီးဌာနှင့် အားကစား ဝန်ကြီးဌာန နှစ်ခုကို ပေါင်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် နစကမှ ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနဟူ၍ ပြန်လည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

အချက်တိုများ ပြည်ထောင်စုအစိုးရအဖွဲ့အစည်း, ဝန်ကြီးဌာန အကျဉ်းချုပ် ...
Remove ads

ဝန်ကြီးများ


နောက်ထပ် အချက်အလက်များ စဉ်, ဝန်ကြီး ...


Remove ads

ဖွဲ့စည်းပုံ


ကျန်းမာရေး ဝန်ကြီးဌာန၏ လက်အောက်တွင်အောက်ပါ ဦးစီးဌာနများကို ထပ်မံခွဲထားသည်။ ၎င်းဦးစီးဌာနများမှာ-

  1. ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ယခင် ကျန်းမာရေး ဦးစီးဌာန)
  2. ကုသရေးဦးစီးဌာန (ယခင် ကျန်းမာရေး ဦးစီးဌာန)
  3. ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန
  4. ဆေးသုတေသနဦးစီးဌာန
  5. တိုင်းရင်းဆေးပညာဦးစီးဌာန
  6. အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့ဖြစ်သည်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန လုပ်ငန်းများကို ယခင်က ပြည်သူ့ဝန်ထမ်းဝန်ကြီးဌာန၌ တွဲဖက်ထားရှိသည်။ ၁၉၅၃ ခုနှစ် မတ်လတွင် ကျန်းမာရေး ဝန်ကြီးဌာန သီးခြားဖွဲ့စည်း၍ ကျန်းမာရေးလုပ်ငန်းဆိုင်ရာများကို တိုးချဲ့ကာ ဆောင်ရွက်လျက်ရှိသည်။

ဤဝန်ကြီးဌာနရှိ အတွင်းဝန်များအောက်တွင် ညွှန်ကြားရေးဝန် တစ်ဦးရှိသည်။ ထိုညွှန်ကြားရေးဝန်ကို ကူညီရန် ဒုတိယညွှန်ကြားရေးမှူးဝန် ၄ ဦး၊ အုပ်ချုပ်ရေးအရာရှိတစ်ဦးနှင့် လက်ထောက်ညွှန်ကြားရေးဝန်များ ထားရှိသည်။ မြို့နယ်တစ်ခုလျှင် ဆေးရုံတစ်ခုရှိရမည်ဆိုသော ပြည်တော်သာဆောင်ပုဒ်အရ နိုင်ငံတော်အစိုးရသည် ခရိုင်ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများ၊ ဆေးပေးခန်းများကို အနှံ့အပြား ဖွင့်လှစ်လျက်ရှိသည်။ ၁၉၅၂ ခုနှစ်တွင် ဆေးရုံပေါင်း ၂၁၄ ရုံရှိ၍ ဆေးပေးခန်းပေါင်း ၁၂၁ ခန်း ရှိလေသည်။ ထိုဆေးရုံများအပြင် စိတ်ကျန်းမာရေးဆေးရုံ၊ ခွေးရူးကိုက်ရောဂါကုဆေးရုံ၊ ကုဋ္ဌနူနာဆိုင်ရာ ရောဂါကုဆေးရုံ၊ ကာလသားရောဂါကုဆေးရုံနှင့် တီဘီရောဂါကု ဆေးရုံများလည်း ရှိသည်။ ၁၉၅၃ ခုနှစ်တွင် ပေါ်လီကလင်းနစ် ကျန်းမာရေးအဖွဲ့ ဆေးပေးဌာနများကိုလည်း ဖွင့်လှစ်ခဲ့သည်။[]

Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads