အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)
From Wikipedia, the free encyclopedia
Remove ads
အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း) သည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် တည်ရှိပြီး ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနလက်အောက်ရှိ နည်းပညာသိပ္ပံဖြစ်သည်။ မြန်မာနိုင်ငံ ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ ၂၅ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသိပ္ပံသည် နည်းပညာဒီပလိုမာကိုသာ ချီးမြှင့်နိုင်သည်။ ဤသိပ္ပံကို ယခင်က အစိုးရနည်းပညာအထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့သည်။
Remove ads
သမိုင်းကြောင်း
အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း)ကို ၁၉၇၇ခုနှစ် ဩဂုတ်လ(၁)ရက်နေ့တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ရေနံချောင်း) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အစိုးရစက်မှုလက်မှုအထက်တန်းကျောင်း မှ အစိုးရစက်မှုလက်မှုသိပ္ပံ အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။
သင်ကြားရေးဌာနများ
- မြို့ပြအင်ဂျင်နီယာဌာန
- အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဌာန
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
- စက်မှုအင်ဂျင်နီယာဌာန
ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ
- GIZ(Germany)
- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(မကွေးမြို့၊ချောက်မြို့)
- ထပ်ဆင့်အသံလွှင့်ရုံ (မင်းဘူးမြို့)
- ရေနံချောင်းစက်မှုဇုန်
- ရေနံချောင်းရေနံမြေ
- အရာတော်၊ကျွန်းချောင်းဓာတ်အားခွဲစက်ရုံ
- Khin Maung Nyunt Co.ltd(ရန်ကုန်)
- ကောင်းမွန်ကုမ္ပဏီ(မကွေးမြို့)
- YMT Construction Co.ltd(မန္တလေးမြို့)
- Now Engineering Co.ltd(ရန်ကုန်)
- ဦးကိုကိုမောင်(မြသန္တာကုမ္ပဏီ-ရန်ကုန်)
- Crystal Future Venture Myanmar(CFVM)(ရန်ကုန်)တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဘွဲ့ဒီဂရီများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads