စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန
From Wikipedia, the free encyclopedia
Remove ads
စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနသည် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏လက်အောက်ရှိ ဦးစီးဌာန တစ်ခုဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကုန်ထုတ်လုပ်ငန်းတိုးတက်မှု၊ နိုင်ငံသားများ၏ အလုပ်အကိုင်ရရှိမှု၊ တစ်ဦးချင်းဝင်ငွေ တိုးတက်မှုတို့အတွက် နည်းပညာနှင့်သက်မွေး ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနသည် နည်းပညာတက္ကသိုလ်များ (Technological University)၊ အစိုးရနည်းပညာကောလိပ်များ (Government Technological College)၊ အစိုးရစက်မှုလက်မှုသိပ္ပံများ (Government Technical Institute)၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများ (Government Technological High School)၊ အတတ်ပညာသင်ကျောင်းများနှင့် သုတေသနဌာနများတို့ဖြင့် ရည်မှန်းချက်ပြည့်မှီအောင် ဆောင်ရွက်လျက်ရှိသည်။
Remove ads
အခြေခံမူများ
- နိုင်ငံသားများ၏ နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ယူနိုင်မှု အခွင့်အရေးကို တိုးမြှင့်ဆောင်ရွက်မည်။
- နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် ပညာရပ်နယ်ပယ် ပေါင်းစုံမှ နည်းပညာနှင့် သက်မွေးပညာကျွမ်းကျင်သူများကို နိုင်ငံတော်၏ လူသားအရင်းအမြစ် လိုအပ်ချက်နှင့် ကိုက်ညီစွာ မွေးထုတ်မည်။
- သက်မွေးပညာရှင်များ၏ သက်မွေးပညာအပေါ် တန်ဖိုးထားလေးစားမှု၊ ပညာရပ်ဆိုင်ရာ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းမှု၊ ကိုယ်ပိုင်ဆုံးဖြတ် လုပ်ဆောင်နိုင်မှုနှင့် တာဝန်ယူမှုတို့ကို တစ်ဆက်တစ်စပ်တည်း လေ့ကျင့် ပျိုးထောင်ပေးမည်။
- နည်းပညာနှင့် သက်မွေးပညာကို အရည်အသွေးအာမခံချက်ရှိပြီး နိုင်ငံတကာ အသိမှတ်ပြုခံရရေးအတွက် ရလဒ်အခြေပြု အကဲဖြတ်နည်းဖြင့် အစဉ်မြှင့်တင်ဆောင်ရွက်မည်။
- တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အသီးသီးနှင့် လုပ်ငန်းဌာနများ၏ လိုအပ်ချက်အလိုက် နည်းပညာနှင့် သက်မွေးပညာသင်ကျောင်းများ ဖွင့်လှစ်၍ နည်းပညာနှင့် သက်မွေးပညာ ကျွမ်းကျင်သူများကို မွေးထုတ်မည်။
- နည်းပညာနှင့် သက်မွေးပညာရေးဆိုင်ရာ ပညာရေးကိစ္စရပ်များတွင် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လိုအပ်ပါက ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်။
Remove ads
နည်းပညာတက္ကသိုလ်များ
- နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)
- နည်းပညာတက္ကသိုလ်(ဗန်းမော်)
- နည်းပညာတက္ကသိုလ်(ကျောက်ဆည်)
- နည်းပညာတက္ကသိုလ်(မိတ္ထီလာ)
- နည်းပညာတက္ကသိုလ်(ရမည်းသင်း)
- နည်းပညာတက္ကသိုလ်(လားရှိုး)
- နည်းပညာတက္ကသိုလ်(တောင်ကြီး)
- နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)
- နည်းပညာတက္ကသိုလ်(ပင်လုံ)
- နည်းပညာတက္ကသိုလ်(လွိုင်ကော်)
- နည်းပညာတက္ကသိုလ်(မုံရွာ)
- နည်းပညာတက္ကသိုလ်(ကလေး)
- နည်းပညာတက္ကသိုလ်(ပခုက္ကူ)
- နည်းပညာတက္ကသိုလ်(မကွေး)
- နည်းပညာတက္ကသိုလ်(တောင်ငူ)
- နည်းပညာတက္ကသိုလ်(စစ်တွေ)
- နည်းပညာတက္ကသိုလ်(ဟင်္သာတ)
- နည်းပညာတက္ကသိုလ်(ပုသိမ်)
- နည်းပညာတက္ကသိုလ်(မအူပင်)
- နည်းပညာတက္ကသိုလ်(မှော်ဘီ)
- နည်းပညာတက္ကသိုလ်(သန်လျင်)
- နည်းပညာတက္ကသိုလ်(ဘားအံ)
- နည်းပညာတက္ကသိုလ်(မော်လမြိုင်)
- နည်းပညာတက္ကသိုလ်(ထားဝယ်)
- နည်းပညာတက္ကသိုလ်(မန္တလေး)
- နည်းပညာတက္ကသိုလ်(မြိတ်)
- နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)
- နည်းပညာတက္ကသိုလ်(စစ်ကိုင်း)
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads