အစိုးရနည်းပညာကောလိပ် (မန္တလေး)

From Wikipedia, the free encyclopedia

အစိုးရနည်းပညာကောလိပ် (မန္တလေး)
Remove ads

အစိုးရနည်းပညာကောလိပ် (မန္တလေး) (အင်္ဂလိပ်: Government Technological College - Mandalay)သည် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနလက်အောက်ရှိ ​ကောလိပ်တစ်ခုဖြစ်သည်။[] ယခင်က စက်မှုလက်မှုသိပ္ပံအဖြစ် တည်ရှိခဲ့ပြီး ၂၀၂၂ခုနှစ်တွင် ကောလိပ်အဆင့် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဤကျောင်းသည် မန္တလေးမြို့၏ ဒုတိယမြောက် ဖွင့်လှစ်ခဲ့သော အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာကောလိပ် ဖြစ်သည်။

အချက်တိုများ အခြားအမည်, တည်ထောင် ...
Remove ads

သမိုင်းကြောင်း

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)ကို ၁၉၅၅ခုနှစ် ဒီဇင်ဘာ ၂၀ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုက ဖွင့်လှစ်ပေးခဲ့သည်။ထိုစဉ်က ကျောင်း၏တည်နေရာမှာ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀နှင့် ၃၁လမ်းကြား ၆၈လမ်းနှင့် လမ်း၇၀ကြားဖြစ်သည်။ ၁၉၉၉ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ် တိုးမြှင့်ခဲ့သည်။ ၂၀၀၂ခုနှစ် အောက်တိုဘာ ၂၂ရက်နေ့တွင် မန္တလေးတောင်မြောက်ဘက် ပုသိမ်ကြီးမြို့နယ်သို့ ​ပြောင်း​ရွှေ့ကာ ၂၀၀၇ခုနှစ်တွင် နည်းပညာတက္ကသိုလ်(မန္တလေး)အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည်။ ယခင် အစိုးရစက်မှုလက်မှုသိပ္ပံနေရာအား ဗဟိုအမျိုးသမီးဆေးရုံအဖြစ် ဖွင့်လှစ်ခဲ့သည်။

Thumb
GTIအဖြစ် ၂၀၂၀ပြည့်နှစ်က​တွေ့ရစဉ်

၂၀၁၅ခုနှစ်တွင်မှ နိုင်ငံတော်၏ နည်းပညာနှင့် သက်မွေး ကဏ္ဍ (TVET) ဏ္ဍမြှင့်တင်ရေးမူ အရ ယခင် အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းနေရာဖြစ်သော ယခုနေရာ တွင် ပြန်လည်ဖွင့်လှစ်ကာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အဖြစ် ၂၀၁၆ခုနှစ် ဇန်နဝါရီ ၂၅ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။[] ၂၀၂၂ခုနှစ်တွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနလက်​အောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံအချို့ကို နည်းပညာ​ကောလိပ် (gtc) အဖြစ် အဆင့်မြှင့်တင်ခဲ့ရာ မန္တ​လေးအစိုးရစက်မှုလက်မှုသိပ္ပံလည်း ပါဝင်ခဲ့သည်။ ထို့​ကြောင့် ၂၀၂၂ခုနှစ်မှစ၍ အစိုးရနည်းပညာ​ကောလိပ်အဆင့် ​ရောက်ရှိခဲ့ကာ လက်ရှိတွင် ​ကောလိပ်အဆင့်မြှင့်ရန် ပြင်ဆင်​နေဆဲဖြစ်သည်။[]

Remove ads

ရည်ရွယ်ချက်

အစိုးရနည်းပညာကောလိပ် (မန္တလေး) ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ (က) ဒေသတွင်း လူငယ်လူရွယ်များအား အသက်မွေးဝမ်းကြောင်းပြုနိုင်သည့်နည်းပညာဘာသာရပ်များ လေ့ကျင့်သင်ကြားပေးနိုင်ရန်။ (ခ) ကျွမ်းကျင်တတ်မြောင်သည့် နည်းပညာရှင် လူ့စွမ်းအား အရင်း အမြစ်များမွေးထုတ်ပေးနိုင်ရန်။

​ကျောင်းအုပ်ကြီးများ

နောက်ထပ် အချက်အလက်များ #, အမည် ...

ဌာနများ

  • မြို့ပြအင်ဂျင်နီယာဌာန
  • လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
  • အီလက်ထရောနစ်အင်ဂျင်နီယာဌာန
  • စက်မှုအင်ဂျင်နီယာဌာန
  • သုတနည်းပညာဌာန
  • စက်မှုလုပ်ငန်းအင်ဂျင်နီယာဌာန
  • စာပေဌာန

သင်တန်းများကို နေ့ပုံမှန်သင်တန်းနှင့် ညသင်တန်း (စက်မှုလုပ်ငန်းမပါ) ဟူ၍ ဖွင့်လှစ်သည်။ သင်တန်းကာလ (၃) နှစ်ပြီးဆုံးပါက A.G.T.I (ဒီပလိုမာ) ပေးအပ်သည်။ အဆင့်မီသော ကျောင်းသားများအနေဖြင့် နည်းပညာတက္ကသိုလ်များ၏ ပေါင်းကူးစာမေးပွဲကို ဖြေဆိုကာ တတိယနှစ်မှစ၍ တက်ရောက်နိုင်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads