နည်းပညာတက္ကသိုလ်(မန္တလေး)

မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ် From Wikipedia, the free encyclopedia

နည်းပညာတက္ကသိုလ်(မန္တလေး)
Remove ads

နည်းပညာတက္ကသိုလ် (မန္တလေး) (အင်္ဂလိပ်: Technological University, Mandalay) သည် မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်အောင်ချမ်းသာကျေးရွာတွင် တည်ရှိသော နည်းပညာတက္ကသိုလ်ဖြစ်သည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်ဖြစ်သည်။

အချက်တိုများ ဆောင်ပုဒ်, အမျိုးအစား ...
Remove ads

တည်နေရာ

နည်းပညာတက္ကသိုလ် (မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် တည်ရှိသည်။

သမိုင်းကြောင်း

နည်းပညာတက္ကသိုလ် (မန္တ​လေး) သည် မြန်မာနိုင်ငံရှိ အင်ဂျင်နီယာပိုင်းဆိုင်ရာ ​သက်တမ်းရင့်​ကျောင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)ကို ၁၉၅၅ခုနှစ် ဒီဇင်ဘာ ၂၀ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုက ဖွင့်လှစ်ပေးခဲ့သည်။ ထိုစဉ်က ကျောင်း၏တည်နေရာမှာ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀နှင့် ၃၁လမ်းကြား ၆၈လမ်းနှင့် လမ်း၇၀ကြားဖြစ်သည်။၁၉၉၉ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ် တိုးမြှင့်ခဲ့သည်။ ၂၀၀၂ခုနှစ် အောက်တိုဘာ ၂၂ရက်နေ့တွင် မန္တလေးတောင်မြောက်ဘက် ပုသိမ်ကြီးမြို့နယ် လက်ရှိ​နေရာသို့ ​ပြောင်း​ရွှေ့ခဲ့ပြီး ၂၀၀၇ခုနှစ် ဇန်နဝါရီလ (၂၀) ရက်​နေ့တွင် နည်းပညာတက္ကသိုလ်(မန္တလေး)အဖြစ်အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည်။ လက်ရှိတည်​နေရာသည် (၆၅.၃၇)ဧက ကျယ်ဝန်းသည်။[]

Thumb
မြန်မာ့ပထမဆုံးအင်ဂျင်နီယာ ဦး​ရွှေအိုးရုပ်တုနှင့် ပင်မ​ဆောင်

၂၀၁၆ခုနှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ အသစ် (၁)​ကျောင်းအား ထပ်မံဖွင့်လှစ်ခဲ့သည်။[]

Remove ads

သင်ကြား​ရေးဌာနများ

  1. မြို့ပြအင်ဂျင်နီယာဌာန
  2. ဗိသုကာဌာန
  3. အီလက်ထရောနစ်အင်ဂျင်နီယာဌာန
  4. လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
  5. စက်မှုအင်ဂျင်နီယာဌာန
  6. သုတနည်းပညာအင်ဂျင်နီယာဌာန
  7. စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာဌာန
  8. ဓာတုအင်ဂျင်နီယာဌာန
  9. ရေနံအင်ဂျင်နီယာဌာန
  10. သတ္တုတူးဖော်ရေးအင်ဂျင်နီယာဌာန
  11. မြန်မာစာဌာန
  12. အင်ဂျင်နီယာအင်္ဂလိပ်စာဌာန
  13. အင်ဂျင်နီယာသင်္ချာဌာန
  14. အင်ဂျင်နီယာရူပဗေဒဌာန
  15. အင်ဂျင်နီယာဓာတုဗေဒဌာန
Thumb
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန

သင်တန်းများ

ဘွဲ့ကြို

ဘွဲ့ကြိုတန်းများတွင် အင်ဂျင်နီယာဘွဲ့၊ ဗိသုကာဘွဲ့များ ​ပေးအပ်သည်။

နောက်ထပ် အချက်အလက်များ သင်တန်း, ဘွဲ့ဒီဂရီ ...
Remove ads

အကြီးအကဲများ

စက်မှုလက်မှုသိပ္ပံ

နောက်ထပ် အချက်အလက်များ #, အမည် ...

အစိုးရနည်းပညာ​ကောလိပ်

နောက်ထပ် အချက်အလက်များ #, အမည် ...

နည်းပညာတက္ကသိုလ်

နောက်ထပ် အချက်အလက်များ #, အမည် ...
Remove ads

ထင်ရှား​သော ​ကျောင်းသား​ဟောင်းများ

  • ဓမ္မဒူတ ​ဒေါက်တာအရှင် ဆေကိန္ဒ၊ အရှင် (ဓမ္မဒူတ)
  • ​ဒေါက်တာ ခင်ထိုက်ထိုက်လွင် (ပါ​မောက္ခချုပ်၊ TU (Kse))
  • ​ဒေါက်တာ မြင့်သိန်း (ပါ​​မောက္ခချုပ်၊ MTU)
  • ဦးစိုင်း​ကျော်​ဇောသန်း (အမျိုးသားလွှတ်​ဆော်ကိုယ်စားလှယ်)

ပြခန်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads