အစ်ဂွါဆူး အမျိုးသားဥယျာဉ်
From Wikipedia, the free encyclopedia
Remove ads
အစ်ဂွါဆူး အမျိုးသားဥယျာဉ် သည် ဘရာဇီးနိုင်ငံ ပရာညားပြည်နယ်တွင် ရှိသော အမျိုးသားဥယျာဉ်တစ်ခု ဖြစ်သည်။ စုစုပေါင်း အကျယ်အဝန်း အားဖြင့် ၁၈၅,၂၆၂.၅ ဟက်တာ (၄၅၇,၇၉၄ ဧက) မျှ ကျယ်ဝန်းကာ အရှည်အားဖြင့် ၄၂၀ ကီလိုမီတာ (၂၆၀ မိုင်) မျှ ရှည်လျား၍ ၃၀၀ ကီလိုမီတာ (၁၉၀ မိုင်) အရှည်မှာ သဘာဝရေထုနှင့် ထိစပ်လျက် ရှိပြီး အာဂျင်တီးနားဘက်ခြမ်း နှင့် ဘရာဇီးဘက်ခြင်း နှစ်ခုပေါင်းပါက အကျယ်အဝန်းအားဖြင့် ၂၆၀,၀၀၀ ဟက်တာ (၆၄၀,၀၀၀ ဧက) မျှ ရှိသည်။[၁] အစ်ဂွါဆူး အမျိုးသားဥယျာဉ်အား ဖက်ဒရယ် ဒီကရီအမိန့်အမှတ် ၁၀၃၅ ဖြင့် ၁၉၃၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းဝင် ဖြစ်လာခဲ့သည်။ဥယျာဉ်အား စီမံခန့်ခွဲသည့် အဖွဲ့အစည်းမှာ ချီကို မန်းဒပ်စ် ဇီဝမျိုးကွဲပေါင်းစုံထိန်းသိမ်းရေး အင်စတီကျု (အိုင်စီအမ် ဘိုင်အို)ဖြစ်သည်။
ထိုဥယျာဉ်သည် အာဂျင်တီးနားရှိ အစ်ဂွါဇူး အမျိုးဥယျာဉ်နှင့် အတူ ကမ္ဘာ့အကြီးဆုံးရေတံခွန်ကြီးတစ်ခုကို ဝေမျှ ပိုင်ဆိုင်ပြီး ၂,၇၀၀ မီတာ (၈,၉၀၀ ပေ) အထိ ဖြန့်ကျက် တည်ရှိသည်။ ၎င်းသည် ရှားပါးပြီး မျိုးသုဉ်းပျောက်ကွယ်ရန် စိုးရိမ်ရသည့် ဒေသရင်း အပင်နှင့် ဒေသရင်း တိရစ္ဆာန် အများအပြား နေထိုင်ရာ နေရာဖြစ်ပြီး ၎င်းတို့ထဲတွင် ဧရာမဖျံကြီး များနှင့် ဧရာမသင်းခွေချပ်များ ပါဝင်သည်။ ရေတံခွန်မှ ကြဲပျန့်ထွက်ပေါ်နေသော ရေမှုန် အစုအဝေးတို့သည် စိမ်းစိုလန်းဆန်းသော ပန်းမန်များကို ပေါက်ရောက်စေရန် အကူအညီပေးသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads