အတ္တလန္တာမြို့
From Wikipedia, the free encyclopedia
Remove ads
အတ္တလန္တာမြို့သည် အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်၏ မြို့တော်နှင့် လူဦးရေ အများဆုံး မြို့ဖြစ်သည်။ ၂၀၁၀ ခုနှစ် လူဦးရေ စာရင်းအရ လူဦးရေ ၄၂၀,၀၀၃ ဦး ရှိသည်။ အတ္တလန္တာ မက်ထရိုပိုလစ်တန်ဒေသတွင် လူဦးရေ ၅,၂၆၈,၈၆၀ ဦး ရှိသဖြင့် အမေရိကန် တောင်ပိုင်းတွင် တတိယမြောက်လူဦးရေ အများဆုံးဒေသဖြစ်ပြီး အမေရိကန် တစ်နိုင်ငံလုံးတွင် နဝမမြောက် လူဦးရေ အများဆုံး ဖြစ်သည်။ နေခါးပတ် (Sun Belt) ဒေသတွင် ရှိသော အခြား မြို့ပြများကဲ့သို့ပင် အတ္တလန္တာ၏ လူဦးရေမှာ ၁၉၇၀ နှစ်များမှ စတင်၍ တိုးပွားလျက် ရှိပြီး ၂၀၀၀ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်ကြားတွင် လူဦးရေ ၁.၆ သန်းမျှ တိုးပွားလာသည်။
အတ္တလန္တာသည် ထိပ်တန်း စီးပွားရေး မြို့တစ်မြို့အဖြစ် သတ်မှတ်နိုင်ပြီး အဝေးပြေးလမ်း၊ ရထားလမ်းနှင့် လေကြောင်းလမ်းတို့ကြောင့် အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း၏ အဓိက ဆက်သွယ်ရေး ဗဟိုဌာန အဖြစ် တည်ရှိသည်။ ကိုကာကိုလာ ကုမ္ပဏီ၊ ဟုမ်းဒီပို့၊ အေတီအင်န်တီ၊ ယူပီအက်စ်၊ ဒယ်လ်တာ လေကြောင်းလိုင်း နှင့် တန်နာ ကဲ့သို့သော ကော်ပိုရေးရှင်းများ၏ ရုံးချုပ်သည် အတ္တလန္တာမြို့တွင် တည်ရှိသည်။ အတ္တလန္တာသည် တစ်နိုင်ငံလုံးတွင် ဖော်ကျွန်း ၅၀၀ ကုမ္ပဏီများ စုဝေးရာတွင် စတုတ္ထမြောက် အများဆုံးဖြစ်သည်။ ဖော်ကျွန်း ၁၀၀၀ ကုမ္ပဏီများထဲမှ ၇၅ ရာခိုင်နှုန်း၏ စီးပွားရေး လုပ်ငန်းများသည် အတ္တလန္တာ မက်ထရိုပိုလစ်တန် ဒေသတွင် ရှိသည်။ ထို့အတွက်ကြောင့် အတ္တလန္တာမှ စုစုပေါင်း ထုတ်ကုန်ပမာဏ အမေရိကန် ဒေါ်လာ ၂၇၀ ဘီလီယံခန့်မျှ ရှိသည်။ ဂျော်ဂျီယာပြည်နယ် စီးပွားရေး ထွက်ကုန်၏ ၃ ပုံ ၂ပုံမျှ ရှိသည်။ ဟတ်ဒ်ဖီးလ် ဂျက်ဆန် အတ္တလန္တာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ၁၉၉၈ ခုနှစ်မှ စ၍ ကမ္ဘာပေါ်တွင် အလုပ်အများဆုံး လေဆိပ်အဖြစ် ရှိ နေခဲ့သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads