အနနုညာတသိက္ခာပုဒ်

From Wikipedia, the free encyclopedia

အနနုညာတသိက္ခာပုဒ်
Remove ads

အမှု—မိဘနှင့် လင်ယောက်ျားတို့က ခွင့်မပြုအပ်သော သိက္ခာမာန် ရဟန်းပြုပေးမှု။

အမှုသည်—ထုလ္လနန္ဒာ။[]

ထိုသို့ပြုပေးသည့်အတွက် မိဘနှင့်လင်ယောက်ျားတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနီ မာတာပိတူဟိ ဝါ သာမိကေန ဝါ အနနုညာတံ သိက္ခမာနံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်

မိဘတို့သည်လည်းကောင်း, လင်သည်လည်းကောင်း, (ရဟန်းပြုဖို့ရန်) ခွင့်မပြုအပ်သော သိက္ခမာန်ကို ရဟန်းပြုပေးသော ဥပဇ္ဈာယ် ဆရာမမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်

မာတုဂါမတို့သည် ရှင်သာမဏေမ ပြုလိုသောအခါ၌တစ်ကြိမ်, ဘိက္ခုနီ ပြုလိုသောအခါ၌ တစ်ကြိမ်အားဖြင့် ၂-ကြိမ်မျှ မိဘနှင့် (လင်ရှိလျှင်) လင်တို့ကို ခွင့်တောင်းရ၏။ ယောက်ျားတို့ကား ရှင်ပြုတုန်းက မိဘတို့ ခွင့်ပြုထားလျှင် ရဟန်းပြုခါနီး၌ ခွင့်တောင်းဖွယ်မလို၊ သို့သော် ရှင်ပြုခွင့်သာ ပေးခြင်းဖြစ်၍ ရဟန်းပြုခွင့် မပေးလိုသော မိဘတို့ကိုကား ကျေနပ်အောင် ခွင့်တောင်းရလိမ့်ဦးမည်၊ ခွင့်မရဘဲ ဘိက္ခုပြုပေးလျှင်မူ ဒုက္ကဋ်အာပတ်သင့်၏၊ ရဟန်းလောင်းကား ရဟန်းဖြစ်သည်သာ။

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads