အပယ်ရတနာဘုရား

From Wikipedia, the free encyclopedia

အပယ်ရတနာဘုရား
Remove ads

အပယ်ရတနာဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံမြင်းကပါရွာ တောင်ဘက် ပုဂံမြို့သစ်သို့ သွားသော လမ်းဘေးတွင် တည်ရှိသည်။ စေတီပုထိုးအမှတ်မှာ ၁၂၀၂/၅၄၀ ဖြစ်သည်။

Thumb
အပယ်ရတနာဘုရား

ဘုရားသမိုင်း

စောလူးမင်း (၁၀၇၇ - ၁၀၈၄)က ကျန်စစ်သားကို မျက်သဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့်အခါ ချစ်သူအပယ်ရတနာလာ၍ စောင့်နေကျနေရာတွင် ကျန်စစ်သားမင်း( ၁၀၈၄-၁၁၁၃)က ဘုရားတစ်ဆူ တည်ထားသည်။ ထိုကြောင့် အပယ်ရတနာ အမည်တွင် ရစ်သည်ဟု ဆိုကြလေသည်။ နောက်ပိုင်းတွင် ရေးသည် မင်စာတစ်ခုတွင်မှု ထိုဂူဘုရားကို အပယ်ရတနာကိုယ်တိုင် တည်သည်ဟု တွေ့ရလေသည်။

ဗိသုကာလက်ရာများ

အပယ်ရတနာဘုရားသည် နဂါးရုံဘုရားနှင့် မဝေးလှ။ နဂါးရုံဘုရားမှာကဲ့သို့ပင် ဂူအထက် အမိုးထောင့်စေတီများ၊ ပစ္စယာအဆင့်များ၊ ဆင်ခြေလျှော အမိုးများရှိသည်။ ခေါင်းလောင်းပုံနှင့် သပိတ်မှောက်အထက်၌ ဖရုံတုံးခံပြီး ဖောင်းရစ်တက်သည်။ ကလသာအိုးသဏ္ဌာန် ထောင့်စေတီငယ်များ ရှိသည်။ နဂါးရုံဘုရားမှာကဲ့သို့ ကွမ်းထောင်မရှိချေ ။ ဤဂူဘုရားမှာ ထူပါရုံပေါက်ဂူဘုရား ဖြစ်သည်။ မြောက်ဘက်မျက်နှာပြုနေသော အာရုံခံခန်းမှ၌ မုခ်ပေါက် သုံးခုရှိသည်။ ယင်းမှတစ်ဆင့် ဘုရားဆောင်တိုက်မှသို့ ဝင်ရသည်။ လိုဏ်ဂူပတ်လည်တွင် ကျောက်အုတ်ပြင်တင်းများ၌ မုခ်တံကဲများဖြင့် တင့်တယ်လှပစွာ တည်ထားလေသည်။

လိုဏ်ဂူအတွင်း ခန်းမ၌ ဘူမိဖဿမုဒြာ အနေအထားဖြင့် အုတ်ဆင်းတုတော်တစ်ဆူ ရှိသည်။ အပယ်ရတနာဘုရားအတွင်း၌ အာရုံခံနှင့် ပတ်လည်စင်္ကြံမုခ်ခုံးနံရံများ တည်ဖွဲ့ပုံမှာ ဆန်းကြယ်သည်။ နံရံတစ်ဖက်ရှိ ပြတင်းသုံးပေါက်မှ အလင်းရောင်မှိန်မှိန် ရသဖြင့် နံရံဆေးရေးပန်းချီများကို မြင်နိုင်သည်။ ဤဂူဘုရားမှ ဆေးရေးပန်းချီများတွင် ဗောဓိသတ္တဘုရားလောင်းဖြစ်သော လောကနာထ ဟူ၍လည်းခေါ်သော အဝလောကိတေသွာရ ၏ ပုံကို ရေးဆွဲထားသည်။ ဘုရားလောင်းသည် လက်ဝဲလက်တွင် ကြာပန်းတစ်ခုကိုကိုင်လျက် လက်ယာလက်သည် ဝရဒမုဒြာ အနေအထားဖြင့် လက်ဝါးကိုဖြန့်လျက် ကြာပွင့်ချပ်တစ်ခုပေါ်တွင် ထိုင်နေလေသည်။ ဗုဒ္ဓပုံများသာမက မဟာယာနဗုဒ္ဓဘာသာဆိုင်ရာ ရသေ့ပုံ၊ နတ်အမျိုးမျိုးပုံ၊ ဗြဟ္မာသီဝဗိဿနိုးနှင့် အခြားဗြဟ္မဏအယူဝါဒ ဆိုင်ရာ ပုံများကိုလည်း တွေ့ရသည်။ ရှေးဟောင်း မွန်မင်စာနှင့် ဗုဒ္ဓဝင်ဇာတ်ကွက်ပုံများကိုလည်း အရှေ့ဘက်ဆောင်၌ တွေ့နိုင်လေသည်။ အပယ်ရတနာဘုရား ၏ ထူးခြားချက်တစ်ခုမှာ မဟာယာန၊ ဗြာဟ္မဏအယူဝါဒ များဆိုင်ရာ နံရံဆေးရေး ပန်းချီများကို အခြားဂူဘုရား တို့ထက်ပို၍ တွေ့ရခြင်း ဖြစ်လေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads