အပြည်ပြည်ဆိုင်ရာ တရားရုံး
ကုလသမဂ္ဂမှတရားစီရင်ရာရုံး From Wikipedia, the free encyclopedia
Remove ads
အပြည်ပြည်ဆိုင်ရာတရားရုံး (အင်္ဂလိပ်: International Court of Justice (ICJ)) သည် ကုလသမဂ္ဂ၏ ပင်မတရားစီရင်ရေးအဖွဲ့အစည်း တစ်ခုဖြစ်၍ "ကမ္ဘာ့တရားရုံး" (World Court) ဟုလည်းခေါ်ဆိုသည်။

နယ်သာလန်နိုင်ငံ ဟိတ်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် တွင် တည်ရှိသည်။ နယူးယောက်၌ မရှိသော တခုတည်းသော ကုလသမဂ္ဂ အဆောက်အဦဖြစ်သည်။ [၁] အဓိကသုံးသော ဘာသာစကားမှာ အင်္ဂလိပ်နှင့် ပြင်သစ်စကားတို့ ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာတရားရုံးကို ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့မှ ရွေးချယ်ပေးသော နိုင်ငံပေါင်း ၁၅ နိုင်ငံမှ တရားသူကြီး ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည်။ တရားသူကြီးများ၏ သက်တမ်းမှာ ၉ နှစ်ဖြစ်သည်။ ထပ်မံ ရွေးချယ်ခံနိုင်ခွင့်ရှိသည်။ သုံးနှစ်လျင်တကြီမ် ၅ ဦးစီ ရွေးချယ်သည်။
တရား အမှုအခင်းတစ်ခု၌ ပါဝင်လိုခြင်း မရှိသော နိုင်ငံတစ်နိုင်ငံသည် အထူးချုပ်ဆိုထားသော စာချုပ်တစ်ရပ်ပါ ပြဋ္ဌာန်းချက်များ အရ ပါဝင်ရန်လိုအပ်မှုမရှိပါက မပါဝင်ဘဲ နေနိုင်သည်။
တရားရုံး၏ စီရင်ရင်မှုကို လက်ခံလျှင်မူ တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်။ [၂]
Remove ads
တာဝန်
- အပြည်ပြည်ဆိုင်ရာ တရားဥပဒေနှင့်အညီ နိုင်ငံများကတင်သွင်းလာသော ဥပဒေရေးရာ အငြင်းပွားမှုများကို ဖြေရှင်းရန်
- ဥပဒေရေးရာ မေးခွန်းများနှင့် စပ်လျဉ်း၍ အကြံပြုထားသော ထင်မြင်ယူဆချက်များကို ပေးရန်
- တင်ပြလာသော တရားအမှုအခင်းများ၌ နိုင်ငံများက အမှုသည်များအဖြစ် ဆုံးဖြတ်ပေးခြင်း
နောက်ခံသမိုင်း
နိုင်ငံပေါင်းစုံအသင်း (League of Nations) က အပြည်ပြည်ဆိုင်ရာ အမြဲခန့် တရားရုံး (Permanent Court of International Justice) ဟူ၍ ၁၉၂၀ တွင် စပြီး ၁၉၂၂ တွင် ပထမဆုံးအမှု စကိုင်သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံပေါင်းစုံအသင်းကို ကုလသမဂ္ဂနှင့် အစားထိုးသည့်အခါ အပြည်ပြည်ဆိုင်ရာ အမြဲခန့်တရားရုံးသည်လည်း အပြည်ပြည်ဆိုင်ရာတရားရုံးဟူ၍ ဖြစ်လာသည်။ တရားရုံး၏ အမိန့်အာဏာမှာ ယခင်အတိုင်း အဖွဲ့ဝင်နိုင်ငံများအပေါ် ဆက်တည်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads