အပြည်ပြည်ဆိုင်ရာ ယူနစ်စနစ်
မက်ထရစ်စနစ်၏ ခေတ်သစ်ပုံစံ From Wikipedia, the free encyclopedia
Remove ads
အပြည်ပြည်ဆိုင်ရာ ယူနစ် စနစ် (International System of Units) သည် မက်ထရစ် စနစ် ၏ အပြည်ပြည်ဆိုင်ရာ ပုံစံ ဖြစ်သည်။ SI သည် ပြင်သစ်ဘာသာစကား Système International d'unitésမှ လာသော အတိုကောက် စကားလုံး ဖြစ်သည်။
မက်ထရစ် စနစ် သည် မီတာ၊ ကီလိုဂရမ် နှင့် စက္ကန့် တို့ အပေါ်တွင် အများ အားဖြင့် အခြေခံသည်။
မီတာ၊ ကီလိုဂရမ် နှင့် စက္ကန့် တို့ကို ပေါင်းစပ်၍ ယူနစ် အသစ်များ အဖြစ်သုံးသည်။ ဥပမာ ထုထည်၊ စွမ်းအင်၊ ဖိအား တို့ ကဲ့သို့ ဖြစ်သည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့ သည် ပိုများသော သို့ ပိုနည်းသော ပမာဏ ရှိ အတိုင်းအတာ များကို သုံးကြလေသည်။ ထိုအခါ စကားလုံးတစ်လုံး ၏ ရှေ့တွင် တစ်ခုခု ကို ဆက်၍ သုံးခြင်းဖြစ်သော ရှေ့ဆက်စကားလုံး များကို သုံးကြရသည်။ ရှေ့ဆက်စကားလုံး ကီလို− ဟူသည် အဆ ၁၀၀၀ ဖြစ်ပြီး မီလီ− သည် အဆ ၁၀၀၀ ပုံ ၁ ပုံ ဖြစ်သည်။ ထို့ကြောင့် ကီလိုမီတာ ဟု ဆိုသော အခါ မီတာ ၁၀၀၀ ကို ဆိုလိုခြင်း ဖြစ်ပြီး မီလီဂရမ် ဟု ဆိုသော အခါ ၁ ဂရမ် ၏ ၁၀၀၀ ပုံ ၁ ပုံ ဖြစ်သည်။ ထိုရှေ့ဆက်စကားလုံးများကို အောက်ပါ ဇယားကွက်တွင် ကြည့်ရှုနိုင်သည်။
Remove ads
သမိုင်းကြောင်းနှင့် အသုံးချမှု
ပြင်သစ်ပြည်တွင် ပြင်သစ်တော်လှန်ရေး အပြီးတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အမေရိကန်နိုင်ငံ ၊ လိုက်ဘေးရီးယားနိုင်ငံ နှင့် မြန်မာနိုင်ငံ မှ အပ ကျန်တကမ္ဘာလုံး က သုံးစွဲနေကြပြီဖြစ်သည်။ ထိုနိုင်ငံများတွင်ကား မူလအသုံးဖြစ်သော ဗြိတိသျှစနစ် ကိုသာ သုံးကျသည်။ ဗြိတိန်နိုင်ငံ အပါအဝင် အခြား ဗြိတိသျှ တို့နှင့် နွယ်သော နိုင်ငံအများစု မှာ ဖြေးဖြေးချင်း မက်ထရစ် စနစ်သို့ ပြောင်းလဲ သုံးစွဲနေပြီ ဖြစ်သည်။
ဗြိတိသျှတွင်မူ မက်ထရစ် စနစ်နှင့် ဗြိတိသျှ စနစ်တို့ကို တပြိုင်နက် အသုံးပြုသည်။ သို့သော် မက်ထရစ် အသုံးများသော ဥရောပသမ္မဂ သို့ ဝင်ရန်မတိုင်ခင် မက်ထရစ် စနစ်ကို ပိုမိုသုံးစွဲရန် အားပေးခဲ့သည်။
Remove ads
Base units of measurement
အပြည်ပြည်ဆိုင်ရာ ယူနစ် စနစ် ၏ အခြေခံ ယူနစ်များ ကို သိပ္ပံပညာရှင်များ နှင့် ကမ္ဘာတစ်ဝန်းလုံးရှိ လူများ က သုံးစွဲနေကြသည်။ အခြား ယူနစ် များသည် အောက်ပါ အခြေခံ ယူနစ် ၇ ခု ပေါ်တွင် မူတည်၍ ပေါင်းစပ်အသုံးပြုကြခြင်း ဖြစ်သည်။ ထို့ကြောင့် အခြား ယူနစ်များကို ဆင့်ပွားယူနစ်များ ဟုလည်း ခေါ်သည်။
တို့သည် အခြေခံယူနစ် များ ဖြစ်သည်။
Remove ads
ဆင့်ပွားယူနစ်များ
အထူးနံမည် နှင့် ဆင့်ပွားယူနစ်များ
အထူးနံမည်နှင့် အခြား ဆင့်ပွားယူနစ်များလည်း ရှိသေးသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads