အား
From Wikipedia, the free encyclopedia
Remove ads
ရူပဗေဒရှိ အား (အင်္ဂလိပ်: force) ဆိုသည်မှာ ဒြပ်ထုတခုခုကို အလျင်ပြောင်းနှုန်း ဖြစ်ပေါ်စေသည့် ဗှတ္တာ တိုင်းဖွယ် ဖြစ်သည်။ ထို့ကြောင့် အရာဝတ္တုတစ်ခုကို ဆွဲခြင်း၊ တွန်းခြင်း စသည့် တခြားအရာဝတ္တုတစ်ခုမှ (အပြန်အလှန် ဖြစ်သော) သက်ရောက်မှုများက အား ဖြစ်သည်။ ဥပမာအားဖြင့် ဘောလုံးကို ကန်လိုက်လျှင် ကနဦး အလျင်ရှိမနေသော ဘောလုံးကို အလျင်တစ်ခုဖြင့် စတင် ရွေ့လျားစေခြင်း ဖြစ်သဖြင့် အလျင်ပြောင်းနှုန်း (acceleration) ဖြစ်ပေါ်စေမှု မြောက်လေရာ ဘောလုံးအပေါ်ကို အားသက်ရောက်လိုက်ခြင်းပင်ဖြစ်သည်။ အလေးချိန်သည်လည်း အားတစ်ခု ဖြစ်ပြီး ကြမ်းပြင်၏ ထောက်ပံ့မှုသည်လည်း အားတစ်ခု ဖြစ်လေရာ ကြမ်းပြင်ပေါ် တင်ငြိမ်နေသည့် အရာဝတ္ထုမှာ အောက်သို့တိုးဝင်အား နှင့် အထက်သို့ပင့်ပံ့အား ပမာဏချင်းတူစွာ ချေဖျက်ခြင်းကြောင့် ငြိမ်နေခြင်း ဖြစ်သည်။ SI ယူနစ်မှာ Newton ဖြစ်ပြီး သင်္ကေတ (F) ဖြင့် ဖော်ပြလေ့ရှိသည်။ 1N သည် 1kgm/s2 နှင့်ညီသည်။
နယူတန်၏ ဒုတိယနိယာမအရ အရာဝတ္တုတစ်ခုပေါ် သက်ရောက်နေသော အား အားလုံး၏ စုစုပေါင်းရလဒ်သည် အဟုန်၏ အချိန်အလိုက်ပြောင်းလဲနှုန်းနှင့် ညီသည်ဟုဆိုသည်။ အကယ်၍ အရာဝတ္တုတစ်ခု၏ ဒြပ်ထုသည် မပြောင်းလဲဘူးဆိုပါက ထိုဥပဒေသအရ အရာဝတ္တု၏အရှိန်သည် ထိုအရာဝတ္တုအပေါ်သက်ရောက်နေသော စုစုပေါင်းအားနှင့် တိုက်ရိုက်အချိုးကျ၍ ဒြပ်ထုနှင့်တော့ ပြောင်းပြန်အချိုးကျသည်။
အားများကို အခြေခံအားဖြင့် (၂)မျိုးခွဲခြားနိုင်သည်။ ဥပမာအားဖြင့်ဆိုသော် စပရင်တခုကို ဆွဲလိုက်သည့်အခါဖြစ်စေ၊ တွန်းလှည်းတစ်ခုကို တွန်းလိုက်သည့်အခါဖြစ်စေ၊ ဘောလုံးကို ကန်လိုက်သောအခါတွင်ဖြစ်စေ မူလအနေအထားပျက်သွားကာ ရွေ့လျားမှုတစ်ခုဖြစ်ပေါ်လာသည်။ ထိုကဲ့သိုသော အားမျိုးကို ဆက်နွယ်အား(Contact Forces) ဟုခေါ်သည်။ ဤအခြေအနေတွင် အရာဝတ္တုတစ်ခုနှင့် တစ်ခုသည် ရုပ်ပိုင်းဆိုင်ရာအရ ဆက်နွယ်မှုရှိနေသည်။ နောက်ထပ်အားတစ်ခုမှာ ရုပ်ပိုင်းဆိုင်ရာအရ ဆက်နွယ်မှုမရှိပဲ လေဟာနယ်(empty space)ကို ဖြတ်၍ သက်ရောက်သောအားကိုဆိုလိုသည်။ ထိုအားအမျိုးအစားကို Field Forces(သို့) အခြေခံအား(Fundamental Forces) ဟု လူသိများကြပြီး အမျိုးအစားလေးမျိုး ရှိသည်။
Remove ads
နယူတန်မတိုင်မီ အားနှင့်ပတ်သတ်သောအယူအဆများ
နယူတန်၏ နိယာမများ
အခြေခံအားများ
လောက(universe)ထဲရှိ အခြေခံအားကြီးများ ဆိုသည်မှာ အခြေခံ သက်ရောက်မှုကြီးများကြောင့် ဖြစ်ပေါ်သည့် အားများကို ဆိုလိုသည်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads