အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်
ကုလသမဂ္ဂ၏ အထူးအဖွဲ့အစည်း From Wikipedia, the free encyclopedia
Remove ads
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (အင်္ဂလိပ်: International Labour Organization - ILO) အား ကမ္ဘာ့နိုင်ငံပေါင်းစုံအသင်းနှင့် ဆက်စပ်၍ ၁၉၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အဖွဲ့၏ ရည်ရွယ်ချက်များမှာ လူမှုရေး တရားမျှတမှုကို ရှေ့ဆောင်ရှေ့ရွက်ပြုရန်နှင့် ထာဝစဉ်တည်တံ့သော ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုရန်ပင် ဖြစ်သည်။ ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့သည် ကုလသမဂ္ဂ၏အထူး သီးခြားအဖွဲ့တစ်ခုအဖြစ်သို့ ရောက်ရှိလာ၏။ အုပ်ချုပ်ရေးအဖွဲ့ဝင် ၄၀ ပါဝင်သည်။ အပြည်ပြည်မှ အစိုးရများ၊ သမဂ္ဂများနှင့် အလုပ်သမားများ၏ ကိုယ်စားလှယ်များ တက်ရောက်သော ညီလာခံများကို ကျင်းပ၍ အလုပ်သမားများနှင့် ပတ်သက်သော လုပ်ငန်းခွင် အခြေအနေတိုးတက်ရေး၊ လူမှုစနစ် နေသားတကျ တည်ငြိမ်ရေးနှင့် စီးပွားရေးပြဿနာများ ညှိနှိုင်းဆွေးနွေးကြသည်။[၁]
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့သည် အလုပ်လုပ်ကိုင်မှု အဆင့်အတန်းများ တိုးတက် ကောင်းမွန်လာစေရန်အတွက် အလုပ်သမား၊ အစိုးရနှင့် အလုပ်ရှင်တို့ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်နိုင် ကြရန် စုရုံးပေးသည်။ အစိုးရများအားလည်း ကျွမ်းကျင်သူ အကူအညီနှင့် ပညာသင်ဆုများပေးကာ ကူညီ လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့၏ ညီလာခံကို နှစ်စဉ် တစ်နှစ်တစ်ကြိမ် ကျင်းပပြီး အစိုးရကိုယ်စားလှယ် ၂၄ ဦး၊ အလုပ်သမားကိုယ်စားလှယ် ၁၂ ဦးနှင့် အလုပ်ရှင်ကိုယ်စားလှယ် ၁၂ ဦးပါ ဝင်သော အုပ်ချုပ်ရေးအဖွဲ့ကို ညီလာခံက ရွေးချယ်တင်မြှောက်ပေးရသည်။ ညီလာခံက ချမှတ်သော သဘော တူညီချက်များနှင့် အကြံပေးချက်များအပေါ် မူတည်၍ အလုပ်သမားစံနှုန်းများနှင့် အလုပ်သမားဥပဒေများကို သတ်မှတ်သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့တွင် အဖွဲ့ဝင် ၁၈၅ နိုင်ငံပါဝင်ပြီး အဖွဲ့၏ ဌာနချုပ် ကို ဂျီနီဗာမြို့တွင် ထားရှိသည်။ အဖွဲ့၏ အနှစ် ၅၀ မြောက်ရွှေရတုသဘင်ကို ၁၉၆၉ ခုနှစ် ဇွန်လအတွင်း က ဂျီနီဗာမြို့တွင် ကျင်းပခဲ့ရာ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ် ၁၃၀ဝ ခန့် တက်ရောက်ခဲ့ပေသည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads