အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ နိုင်ငံကုဒ်များ
စာရင်းနှင့်ဆိုင်သော ဝီကီပီးဒီးယားဆောင်းပါး From Wikipedia, the free encyclopedia
Remove ads
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC)သည် အိုလံပစ်အားကစားပြိုင်ပွဲဝင် နိုင်ငံများ၏အသင်းများအား ရည်ညွှန်းဖော်ပြရန်အတွက် အင်္ဂလိပ်အက္ခရာသုံးလုံးပါသော နိုင်ငံကုဒ်များကို အသုံးပြုကြသည်။[၁] ထိုကုဒ်များသည် သက်ဆိုင်ရာ အမျိုးသား အိုလံပစ်ကော်မတီ(National Olympic Committee (NOC))များကို ကိုယ်စားပြုသည်။ သို့ပေမယ့် ကျင်းပခဲ့ပြီးသော အားကစားပြိုင်ပွဲများမှာ များစွာသော ကုဒ်များအား အခြားသော အကြောင်းအချက်များကြောင့် အသုံးပြုခဲ့သည်များလည်းရှိသည်။ (နိုင်ငံများစွာမှ ပေါင်းစုပြိုင်သော အားကစားသမားများအတွက် (သို့မဟုတ်) မည်သည့်နိုင်ငံကိုမှ တရားဝင်အားဖြင့် ကိုယ်စားပြုခြင်းမရှိသော ကစားသမားများအတွက်)


များစွာသော IOC ကုဒ်များသည် ISO 3166-1 alpha-3 ကုဒ်များနှင့် ကွဲပြားခြားနားကြသည်။ အခြားသော အားကစားအဖွဲ့အစည်းများဖြစ်သည့် ဖီဖာကဲသို့သော အဖွဲ့အစည်းများတွင် ဤကဲ့သို့နိုင်ငံကုဒ်များ အသုံးပြုသော်လည်း အချို့သာ ကွဲလွဲမှုရှိသည်။
Remove ads
သမိုင်းကြောင်း
လက်ရှိ အမျိုးသားအိုလံပစ်ကော်မတီကုဒ်များ
အိုလံပစ် လှုပ်ရှားမှု(Olympic Movement)အတွင်း ပါဝင်သော အမျိုးသား အိုလံပစ်ကော်မတီ ၂၀၆ ခုရှိသည်။ အောက်ဖော်ပြပါဇယားတွင် အမျိုးသားအိုလံပစ်ကော်မတီအသီးသီးအတွက် လက်ရှိအသုံးပြုနေသော ကုဒ်များနှင့် ကျင်းပပြီးခဲ့သော အားကစားပြိုင်ပွဲများတွင် အသုံးပြုခဲ့သော ကွဲပြားသည့် ကုဒ်များကို သက်ဆိုင်ရာအားကစားပြိုင်ပွဲများ၏ တရားဝင်တင်ပြချက်များနှင့်အညီ ဖော်ပြထားသည်။ တစ်နှစ်တည်းတွင် ကျင်းပခဲ့သော အိုလံပစ်ပြိုင်ပွဲများအတွက် နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲနှင့် ဆောင်ရာသီ အိုလံပစ်အားကစားပြိုင်ပွဲတို့အားသီးခြားစီ သီးသန့်အသုံးပြုခဲ့သော ကုဒ်များကို နွေရာသီအတွက် "S" နှင့် ဆောင်းရောသီအတွက် "W" ဖြင့် ခွဲခြား ဖော်ပြထားသည်။
Remove ads
လက်ရှိ မသန်စွမ်းအားကစားပြိုင်ပွဲကော်မတီကုဒ်များ
များသောအားဖြင့် အမျိုးသား အိုလံပစ်ကော်မတီဝင်နိုင်ငံများမှ သက်ဆိုင်ရာ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ကော်မတီ(National Paralympic Committees (NPC))အား လွှမ်းခြုံလုပ်ဆောင်ကြသည်။ ထိုအခြေအနေမျိုးတွင် NPC ကုဒ်နှင့် IOC ကုဒ်များသည် အထက်တွင် ဖော်ပြထားသကဲ့သို့ ထပ်တူညီကြသည်။ လက်ရှိဖော်ပြထားသော NPC နှစ်ခုမှာ သက်ဆိုင်ရာ NOC နှင့်မသက်ဆိုင်ပဲ ဖော်ပြပါ NPC ကုဒ်များကို အသုံးပြုကြသည်။
သမိုင်းတွင် အသုံးပြုခဲ့သော NOC များနှင့် အသင်းများ
လက်ရှိအသုံးပြုဆဲ ကုဒ်များ
သမိုင်းတွင်ပါဝင်ခဲ့သော အမျိုးသား အိုလံပစ်ကော်မတီ (သို့) အသင်း ၁၄ ခု၏ ကုဒ်များကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ရလဒ်ဒေတာဘေ့စ်[၃]တွင် ထိုအသင်းများမှာ ဆုတံဆိပ်ရရှိခဲ့သော ကစားသမားများအား ဖော်ပြရန်အတွက် အသုံးပြုဆဲဖြစ်သည်။
တိမ်ကောသွားသော နိုင်ငံကုဒ်များ
Two other significant code changes have occurred, both because of a change in the nation's designation as used by the IOC:
- HOL ကို NED သို့ ၁၉၉၂ အားကစားပြိုင်ပွဲတွင် ဟော်လန်နိုင်ငံ(Holland)မှ နိုင်ငံအမည်ပြောင်းလဲခဲ့သော နယ်သာလန်နိုင်ငံ(Netherlands)အား ကိုယ်စားပြုရန်အတွက်။
- IRN ကို IRI သို့ ၁၉၉၂ အားကစားပြိုင်ပွဲတွင် Islamic Republic of Iran ဟုပြောင်းလဲခဲ့သော အီရန်နိုင်ငံကို ကိုယ်စားပြုရန်အတွက်။
Remove ads
အိုလံပစ်ပြိုင်ပွဲများအတွက် အထူးကုဒ်များ
Remove ads
မသန်စွမ်းအားကစားပြိုင်ပွဲများအတွက် အထူးကုဒ်များ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads