အဘူမီနာ
From Wikipedia, the free encyclopedia
Remove ads
အဘူမီနာသည် ရှေးဟောင်း အီဂျစ် နှောင်းပိုင်းခေတ်တွင် မြို့တစ်မြို့၊ ခရစ်ယာန်ဘုန်းကြီးကျောင်း အစုအဝေး နှင့် ခရစ်ယာန် ဘုရားဖူးတို့ လာရောက်ရာ နေရာ တစ်ခု ဖြစ်ပြီး အလက်ဇန္ဒရီးယားမြို့ ၏ အနောက်တောင်ဘက် ၂၈မိုင် (၄၅ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။ ၎င်း၏ အကြွင်းအကျန်များကို ၁၉၇၉ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သည်။ မြေပြင်ပေါ်သို့ ထိုးထွက်နေသော အကြွင်းအကျန် အနည်းငယ်သာ ရှိသော်လည်း ဂရိတ် ဘာဆေလီကာ ကဲ့သို့သော အဓိက အဆောက်အဦးများ၏ အုတ်မြစ်များကိုမူ အလွယ်တကူ မြင်တွေ့နိုင်သေးသည်။
ထိုဒေသရှိ လတ်တလော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကြောင့် ရေမျက်နှာပြင် သိသာစွာ မြင့်တက်လာခဲ့သဖြင့် ထိုဒေသ အတွင်းရှိ အဆောက်အဦးများမှာ ပြိုကျခြင်း ယိမ်းယိုင်ခြင်းများ ဖြစ်ပေါ်လာစေသည်။ ၂၀၀၁ ခုနှစ်တွင် ထိုနေရာအား စိုးရိမ်ရသော ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းသို့ ထည့်သွင်းခဲ့သည်။ အာဏာပိုင်များ အနေနှင့် ထိုနေရာရှိ အစိုးရိမ်ရဆုံး အဆောက်အဦးများ၏ အောက်ခြေသို့ သဲများ ထည့်သွင်းခဲ့ရလေသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads