အမေရိကန်ပြည်ထောင်စု ကာပီတယ်လ်
From Wikipedia, the free encyclopedia
Remove ads
အမေရိကန်ပြည်ထောင်စု ကာပီတယ်လ် သို့မဟုတ် အမေရိကန်လွှတ်တော်အဆောက်အအုံ (အင်္ဂလိပ်: United States Capitol) သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြို့တော်၏ အထင်ကရရှိဆုံးသောအဆောက်အအုံများထဲက တစ်ခုဖြစ်၍ နိုင်ငံ၏ လွှတ်တော် တွေ့ဆုံစည်းဝေးရာ အဆောက်အအုံလည်း ဖြစ်သည်။ ကာပီတယ်လ်အဆောက်အအုံ (Capitol Building) ဟုလည်း ခေါ်ဆိုကြသည်။ သမိုင်း၊ ယဉ်ကျေးမှုအရ အရေးအပါဆုံးနေရာတစ်ခုဖြစ်နိုင်ကာ ၁၈၀၀ ပြည့်နှစ်မှစ၍ ကွန်ဂရက်(လွှတ်တော်) တည်ရှိခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ ၁၈၀၁ တွင် တောမတ်စ် ဂျက်ဖာဆန် ယင်းအဆောက်အအုံ၌ ပထမဆုံး ကျမ်းသစ္စာကျိမ်ဆိုသော ပထမဆုံး သမ္မတဖြစ်လာခဲ့သည်။
ကာပီတယ်အဆောက်အအုံသည် ကာပီတယ်လ်ကုန်း (Capitol Hill)၊ အမျိုးသားမောလ် (National Mall) ရင်ပြင်ပန်းခြံ၏ အရှေ့ဘက်ဆုံးတွင် တည်ရှိသည်။ အနီးနားတွင် လင်ကွန်းအမှတ်တရအဆောက်အဦ၊ တရားရုံးချုပ်၊ လွှတ်တော်စာကြည့်တိုက်များတည်ရှိသည်။[၂]
၁၉၇၀ တွင် သမ္မတ ဝါရှင်တန်က နိုင်ငံ၏ မြို့တော်အဖြစ် တည်ဆောက်ရန် ယခု ကိုလံဘီယာခရိုင် (District of Columbia) ရှိ နေရာကိုရွေးချယ်ခဲ့သည်။ ပြင်သစ်အင်ဂျင်နီယာ ပရဲယား ချားလ်စ် အယ်လ် အန်ဖန့်က မြို့တော်အသစ်အတွက် အစီစဉ်ရေးဆွဲပေးခဲ့ကာ ကာပီတယ်လ်အဆောက်အအုံနေရာကို ကုန်းမြင့်တစ်ခု၌ ရာထားပေးခဲ့ကာ ထိုကုန်းမြင့်ကို ထိုခေတ်က ဂျက်ကင်စ်ကုန်း (Jenkins' Hill) ဟု ခေါ်တွင်ခဲ့သည်။ ယခု၌ ကာပီတယ်လ်ကုန်းဟူ၍ ရည်ညွှန်းခေါ်ဝေါ်ကြသည်။[၃]
မူလအဆောက်အအုံကို ၁၇၉၃ တွင် စတင်တည်ဆောက်ခဲ့ကြကာ အဆောက်အအုံကို ၁၈၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။ ၁၈၁၄ ဝါရှင်တန်မြို့တိုက်ခိုက်ခံရမှုတွင် တစ်စိတ်တစ်ပိုင်းပျင်စီးသွားခဲ့၍ ငါးနှစ်အတွင်း ပြည်လည် ကောင်းမွန်စေရန် ပြုပြင်ခဲ့ကြရသည်။ ယင်းနောက်ပိုင်း၌ အဆောက်အအုံကို ထမ်မံတိုးချဲ့ခဲ့ကြရာ အလွန်ကြီးမားသော ခေါင်မိုးအခုံး၊ တိုးချဲ့ဘေးထုတ်ဆောင်များဖြင့် ကြီးမားကျယ်ပြန့်လာခဲ့သည်။ တိုးချဲ့ဘေးထုတ်ဆောင်များတွင် ကျယ်ဝန်းသော အဆောင်ကြီးနှစ်ခုလည်းပါရှိရာ ၎င်းတို့မှာ တောင်ဘက်အဆောင်သည် အောက်လွှတ်တော် (House of Representatives) နှင့် မြောက်ဘက်ဆောင်သည် အထက်လွှတ်တော် (Senate) တို့အတွက် ဖြစ်ကြသည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များ၏ အဆောက်အဦများကဲ့သို့ ကာပီတယ်လ်ကို ဂန္ထဝင်ခေတ်သစ်ပုံစံအသွင်ဖြင့် တည်ဆောက်ခဲ့၍ အပြင်ဘက်ပိုင်း၌ အဖြူရောင်သုတ်လိမ်းထားသည်။ အရှေ့ဘက်နှင့် အနောက်ဘက်နှစ်ခုစလုံးသည် အဆောက်အအုံ၏ မျက်နှာစာများဖြစ်ကြပြီး အရှေ့ဘက်မျက်နှာစာတစ်ခုကိုသာလျှင် ဧည့်သည်များနှင့် ဂုဏ်သိက္ခာရှိသောသူများအတွက် ဝင်ရောက်ရန်ထားရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads