နာဆာ
အမေရိကန်ဖယ်ဒရယ်အစိုးရ၏အာကာသအဖွဲ့ From Wikipedia, the free encyclopedia
Remove ads
အတိုကောက်အားဖြင့် နာဆာ ခေါ် အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (National Aeronautics and Space Administration, NASA) သည် အမေရိကန်၏ အာကာသ စီမံကိန်းများအတွက် တာဝန်ရှိသည့် အစိုးရအပိုင် ဌာနတစ်ခုဖြစ်သည်။ နာဆာအား ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် အတည်ပြုခဲ့သည့် အမျိုးသား အာကာသနှင့် လေကြောင်းဆိုင်ရာ အက်ဥပဒေ အရ တည်ထောင်ခဲ့ပြီး ယခင် လေကြောင်းရေးရာ အမျိုးသား အကြံပေး ကော်မတီအဖွဲ့နေရာတွင် အစားထိုးခဲ့သည်။ ၁၉၅၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် စတင်လည်ပတ်သည်။[၃]ထိုအချိန်မှစ၍ အာကာသ စူးစမ်းလေ့လာရေး စီမံကိန်းများကို အကောင်အထည်ဖော်ခဲ့သည်။ လကမ္ဘာသို့ သွားသည့် အပိုလိုမစ်ရှင်၊ နိုင်ငံတကာ အာကာသစခန်း စသည်တို့ ပါဝင်သည်။ အာကာသနှင့် ပက်သတ်သော ပရိုဂရမ်များ အပြင် နာဆာသည် စစ်ရေး နှင့် စစ်ရေးမဟုတ်သော လေကြောင်းနှင့် အာကာသဆိုင်ရာ သုတေသန ရေရှည် သုတေသန လုပ်ငန်းများ နှင့်လည်း သက်ဆိုင်သည်။ နာဆာမှ သိပ္ပံပညာသည် ကမ္ဘာမြေ၏ အကြောင်းကို ကမ္ဘာမြေ လေ့လာစောင့်ကြည့်ရေး စနစ်မှတဆင့် ပိုမို၍သိရှိနားလည်ရန် အဓိက ဦးတည်ချက်ထားသည်။[၄] ထို့အပြင် သိပ္ပံမစ်ရှင် ဒါရိုက်ထရိတ်၏ ဟီလီယိုရူပဗေဒ သုတေသန ပရိုဂရမ်ကို ပိုမိုတိုးတက်စေရန်လည်း ရည်ရွယ်သည်။ [၅] နေအဖွဲ့အစည်း အတွင်းရှိ ရုပ်ဝတ္ထုများကို နယူးဟော်ရီဇုန်ကဲ့သို့သော အဆင့်မြင့် ရိုဘော့မစ်ရှင်များဖြင့် လေ့လာစူးစမ်းခြင်းလည်း ပါဝင်သည်။
[၆]တွေ့ရှိချက်များအရ နာဆာဟာ တစ်ချိန်က အာကာသကို ေလ့လာေသာ အဖွဲ့အစည်းတစ်ခုမဟုတ်ခဲ့ဘဲ ပင်လယ်သမုဒ္ဒရာေတွကို လေ့လာခဲ့ဖူးသည်ဟု သိရသည်။ေနာက်မှသာလျှင် အာကာသကို လေ့လာစူးစမ်းခဲ့ခြင်းဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads