ဘီလီယံ
From Wikipedia, the free encyclopedia
Remove ads
ဘီလီယံ (billion) (ဘီလျံ ဟုလည်း စာလုံးပေါင်းကြ) တွင် အဓိပ္ပာယ်နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ သန်းပေါင်းတစ်ထောင်ဟုအဓိပ္ပာယ်ရသည်။ မြန်မာလိုအဓိပ္ပာယ်မှာ သန်းတစ်ထောင်(၁,၀၀၀,၀၀၀,၀၀၀) ဖြစ်သည်။ ၁နောက်မှ သုည (၉)လုံးပါရှိသည်။ သိပ္ပံပညာရပ်တွင် တန်ဖိုးများပြားကြီးမားလွန်းသော ကိန်းဂဏန်းများကို ဖော်ပြရာ၌ ဘီလီယံနှင့် အဓိပ္ပာယ်တူသော ရှေ့ဆက်စာလုံး (prefix) ဖြစ်သည့် ဂစ်ဂါ (giga) ကို အသုံးပြုသည်။ ဥပမာအားဖြင့် ၁,၀၀၀,၀၀၀,၀၀၀ ဝပ် ကို ၁ဂစ်ဂါဝပ်ဟုဖော်ပြသည်။ ပမာဏ ဝပ်သန်းတစ်ထောင်ရှိသည်။ ဒုတိယအဓိပ္ပာယ်မှာ ဗြိတိသျှ ဓနသဟာယ နိုင်ငံများတွင် အသုံးများပြီး ပထမတစ်မျိုးနှင့် ပမာဏသတ်မှတ်ချက်မတူပေ။ သန်းပေါင်းတစ်သန်း (၁,၀၀၀,၀၀၀,၀၀၀,၀၀၀) ဖြစ်သည်။ ၁ နောက်မှ သုည (၁၂)လုံးရှိသည်။
Remove ads
အခြားကြည့်ရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads