အမြောက်တပ်ဖွဲ့

From Wikipedia, the free encyclopedia

အမြောက်တပ်ဖွဲ့
Remove ads

အမြောက်တပ်ဖွဲ့သည် မြန်မာ့တပ်မတော်ကြည်းတပ်၏ အဓိကကျသော စစ်လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည်။ အမြောက်တပ်ဖွဲ့တွင် ရှည်လျားသော သမိုင်းကြောင်းရှိပြီး တပ်မတော်၏ တိုက်ပွဲပေါင်းများစွာတွင် အောင်မြင်မှု / ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ယနေ့ထိတိုင်လည်း ပါဝင်လျှက်ရှိဆဲဖြစ်သည်။ အမြောက်တပ်ဖွဲ့ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးမှ ကွပ်ကဲအုပ်ချုပ်၏။ ခန့်အပ်သည့် အမြင့်ဆုံးရာထူးသည် အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးဖြစ်ပြီး အဆင့်မှာ ဗိုလ်ချုပ်ဖြစ်ကာ လက်ရှိတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် ထင်ကျော်စိုးဖြစ်သည်။[]

အချက်တိုများ တပ်မတော်(ကြည်း) အမြောက်တပ်ဖွဲ့, လှုပ်ရှားချိန် ...
Remove ads

သမိုင်းအကျဉ်း

ဗမာ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းစဉ်က အမြောက်တပ်ဖွဲ့ကို ဖွဲ့စည်းရန်ရည်ရွယ်ပြီး ၁၉၄၆ ခုနှစ် မေလတွင် ‘အမှတ်(၁)မြေပြင်အမြောက်တပ်’ (အင်္ဂလိပ်: ‘No.(1)Field Artillery’) အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ အဆိုပါအချိန်သည် လွတ်လပ်ရေးမရမီကာလဖြစ်ပြီး လွတ်လပ်စွာ စီမံပိုင်ခွင့်မရှိသေးခြင်းကြောင့် အမှတ်(၁)မြေပြင်ပစ်အမြောက်တပ်ကို ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် ‘အမှတ်(၆)ဗမာ့သေနတ်ကိုင်တပ်ရင်း’ အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ရသည်ကိုတွေ့ရသည်။[]

၁၉၄၈ ခုနှစ် မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားခြင်းနှင့်အတူ ပြည်တွင်းလက်နက်ကိုင် ဆူပူသောင်းကျန်းမှုများပေါ်ပေါက်လာခဲ့ပြီး “ရန်ကုန်အစိုးရ”ဟုခေါ်ရလောက်အောင် ခြိမ်းခြောက်လာခဲ့သည်။ အင်းစိန်ကို ကရင်သူပုန်တို့ဝင်ရောက်တိုက်ခိုက်နေချိန်အတွင်း အမြောက်တပ်ဖွဲ့ကို ဗိုလ်ကြီး ရဲထွန်း နှင့် စစ်သည် (၆၃)ဦးဖြင့် စတင်ဖွဲ့စည်းပြီး အမြန်ဆုံးတိုက်ပွဲဝင်ရန် ဗိုလ်ချုပ် နေဝင်းကိုယ်တိုင် အမိန့်ထုတ်ဖွဲ့စည်းစေခဲ့သည်။ အဆိုပါနေ့ရက်မှာ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ဖြစ်သည်။[]

အမြောက်တပ်ဖွဲ့သည် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်‌နေ့တွင် ဗိုလ်ကြီး ရဲထွန်း ဦးစီးသည့် စစ်သည် (၆၃) ဦးက အင်းစိန်တိုက်ပွဲ၌ အမြောက်ပစ်ကူပေးရင်း ပေါ်ပေါက်ခဲ့သော တပ်ဖွဲ့ဖြစ်သည်။[][] စတင်ပေါ်ပေါက်လာချိန်မှ ၁၉၉၀ ခုနှစ်ထိ အမြောက်တပ်ဖွဲ့တွင် အမြောက်တပ်ရင်း (၄) ရင်း၊ ဗဟို အမြောက်တပ် (၁) တပ်၊ လေယာဉ်ပစ်အမြောက် တပ်ခွဲ (၁) ခွဲ၊ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းတွင် အမြောက်သင်တန်းဌာနခွဲ (၁) ခုနှင့် သရုပ်ပြဌာနခွဲ (၁) ခွဲသာရှိခဲ့ပြီး အမြောက်လက်နက်များအနေဖြင့် (၇၆ မမ) အမြောက်၊ (၂၅) ပေါင်ဒါ အမြောက်၊ (၁၀၅ မမ) အမြောက်၊ (၁၂၀ မမ) စိန်ပြောင်းတို့သာ တပ်ဆင်ထားမှု ရှိခဲ့သည်။ တပ်ရင်းတစ်ရင်းတွင် စစ်သည် အင်အား (၆၀၀-၇၀၀) ကျော်ဖြင့် ဖွင့်လှစ်ခဲ့သည်။[]

Remove ads

အမြောက်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်နှင့် အခန်းကဏ္ဍ

အမြောက်တပ်ဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်သည် စစ်ဆင်ရေးတွင် တာဝန်ထမ်းဆောင်နေကြသော ခြေလျင်တပ်ရင်း/တပ်ဖွဲ့ များ၊ အကူလက်ရုံးတပ်ဖွဲ့ဝင်များအား ပစ်ကူပေးခြင်းဖြင့် ရန်သူမှ မိမိ စစ်ဆင်ရေးကို မထိပါးစေရန်၊ ရန်သူ၏ အင်အားကို ထိထိရောက်ရောက် မတည်ဆောက်နိုင်စေရန်အတွက် ပစ်အားဖြင့် စိုးမိုးထားရန် ဖြစ်သည်။[]

စစ်အင်္ဂါစဉ်နှင့် ဖွဲ့စည်းပုံ

အမြောက်တပ်ဖွဲ့၏ အဆင့်အမြင့်ဆုံး ဦးစီးရုံးမှာ "ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး" ဖြစ်သည်။ အမြောက်တပ်ဖွဲ့အား အောက်ပါတပ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည် -

  • ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး
  • အမြောက်တပ်ဖွဲ့သင်တန်းကျောင်း
  • အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်များ
  1. အမှတ်(၅၀၅) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်
  2. အမှတ်(၆၀၆) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်
  3. အမှတ်(၇၀၇) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်
  4. အမှတ်(၈၀၈) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်
  5. အမှတ်(၉၀၉) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်
  6. အမှတ်(၉၀၁) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်
  7. အမှတ်(၉၀၂) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်
  8. အမှတ်(၉၀၃) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်
  9. အမှတ်(၉၀၄) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်
  10. အမှတ်(၉၀၅) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်
  • အမြောက်တပ်ရင်းများ
  1. အမှတ်(၃၁၁)အမြောက်တပ်ရင်း
  2. အမှတ်(၃၆၁)အမြောက်တပ်ရင်း
  3. အမှတ်(၃၆၃)အမြောက်တပ်ရင်း
  4. အမှတ်(၃၇၂)အမြောက်တပ်ရင်း
  5. အမှတ်(၃၈၅)အမြောက်တပ်ရင်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads