အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး

From Wikipedia, the free encyclopedia

အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး
Remove ads

အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးသည် တပ်မတော် အမြောက်တပ်ဖွဲ့၏ အကြီးအကဲဖြစ်သည်။ လက်ရှိတာဝန်နေသူမှာ ဗိုလ်ချုပ် ထင်ကျော်စိုး ဖြစ်သည်။[]

အချက်တိုများ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ၏ ညွှန်ကြားရေးမှူး, အမျိုးအစား ...
Remove ads

သမိုင်းကြောင်း

ဗမာ့ကာကွယ်ရေး တပ်မတော်ကာလတွင် အမြောက်တပ်ဖွဲ့ ဖွဲ့စည်းရန် အတွက် ကနဦးခြေလှမ်းတစ်ရပ်အနေဖြင့်  ၁၉၄၆ ခုနှစ် မေလ တွင် အမှတ် (၁) မြေပြင်ပစ်အမြောက်တပ် No(1) Field Artillery ကို စတင်ဖွဲ့စည်းသည်။ ယင်းကာလသည် လွတ်လပ်ရေးမရမီကာလဖြစ်ပြီး လွတ်လပ်စွာ စီမံပိုင်ခွင့်မရှိသေးခြင်းကြောင့် အဆိုပါ အမှတ် (၁) မြေပြင်ပစ် အမြောက်တပ် အား အမှတ် (၆) ဗမာ့သေနတ် ကိုင်တပ်ရင်းအဖြစ်   ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် ပြောင်းလဲဖွဲ့စည်းခဲ့ရသည်။[]ထို့နောက် မြန်မာ့လွတ်လပ်ရေးရပြီး ၁နှစ်ကျော်အကြာ  ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၃ ရက် တွင် အမြောက်တပ်ဖွဲ့ အား တရားဝင် စတင်ဖွဲ့စည်းသည်။[] တပ်မတော်အမြောက်တပ်ဖွဲ့ သည် မြန်မာ့တပ်မတော် ၏ အဓိကလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်သည်။ []

Remove ads

စတင်ဖွဲ့စည်းပုံ

အမြောက်တပ်ဖွဲ့အား  ဗိုလ်ကြီး ရဲထွန်း ဦးစီးသော စစ်သည် ၆၃ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

ညွန်ကြားရေးမှူးများ

  • ဗိုလ်ချုပ် သက်အောင် (ဖေဖော်ဝါရီ ၂၀၂၁-မေ ၂၀၂၄)[]
  • ဗိုလ်ချုပ် ထင်ကျော်စိုး (မေ ၂၀၂၄-လက်ရှိ)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads