အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်

မြန်မာ့တပ်မတော်၏ ခြေမြန်တပ်မဌာနချုပ် တစ်ခု From Wikipedia, the free encyclopedia

အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်
Remove ads

အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ(၁၁)) သည် ရန်ကုန်မြို့မှ ပဲခူးမြို့သို့ အထွက် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ရန်ကုန်တိုင်းဒေသကြီးအင်းတိုင် တွင်တည်ရှိသည့် ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်သည်။ တမခ များ နှင့် စကခ များသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏ အင်အားအပေါ် မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိ အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးကြီးကျော်စွာထွန်း ဖြစ်သည်။

အချက်တိုများ အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်, တည်ထောင် ...
Remove ads

သမိုင်း

အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်ကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ ပထမဆုံးတပ်မမှူးမှာ ဗိုလ်မှူးကြီးဝင်းမြင့် (ကြည်း - ၈၈၀၉)ဖြစ်သည်။

ဖွဲ့စည်းပုံ

အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ် ၏ ကွပ်ကဲမှုအောက်တွင် အောက်ပါအတိုင်းဖွဲ့စည်းထားသည်။

အမှတ်(၁၁၁)နည်းဗျူဟာအဖွဲ့

အမှတ်(၁၁၂)နည်းဗျူဟာအဖွဲ့

အမှတ်(၁၁၃)နည်းဗျူဟာအဖွဲ့

ခြေမြန်တပ်ရင်းများ

အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. အမှတ်(၂၁၁)ခြေမြန်တပ်ရင်း အင်းတိုင်တပ်နယ်
  2. အမှတ်(၂၁၂)ခြေမြန်တပ်ရင်း အင်းတိုင်တပ်နယ်
  3. အမှတ်(၂၁၃)ခြေမြန်တပ်ရင်း အင်းတိုင်တပ်နယ်
  4. အမှတ်(၂၁၄)ခြေမြန်တပ်ရင်း ရဲမွန်တပ်မြို့
  5. အမှတ်(၂၁၅)ခြေမြန်တပ်ရင်း ရဲမွန်တပ်မြို့
  6. အမှတ်(၂၁၆)ခြေမြန်တပ်ရင်း ရဲမွန်တပ်မြို့
  7. အမှတ်(၂၁၇)ခြေမြန်တပ်ရင်း ရဲမွန်တပ်မြို့
  8. အမှတ်(၂၁၈)ခြေမြန်တပ်ရင်း ရဲမွန်တပ်မြို့
  9. အမှတ်(၂၁၉)ခြေမြန်တပ်ရင်း ရဲမွန်တပ်မြို့
  10. အမှတ်(၂၂၀)ခြေမြန်တပ်ရင်း ရဲမွန်တပ်မြို့
Remove ads

တပ်မမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  1. ဗိုလ်မှူးကြီး ဝင်းမြင့် (ကြည်း - ၈၈၀၉)
  2. ဗိုလ်မှူးကြီး ခင်မောင်သန်း (ကြည်း - ၁၂၆၈၂) (ဗသက - ၃၁)
  3. ဗိုလ်မှူးချုပ် သူရရွှေမန်း (ကြည်း - ၁၁၅၃၄) (စတသ - ၁၁)
  4. ဗိုလ်မှူးကြီး ကိုကို (ကြည်း - ၁၄၂၃၅) (စတသ - ၁၉)
  5. ဗိုလ်မှူးချုပ် လှဌေးဝင်း (ကြည်း - ၁၄၇၉၉) (စတသ - ၂၀)
  6. ဗိုလ်မှူးချုပ် လှမင်း (ကြည်း - ၁၆၅၂၂) (စတသ - ၂၂)
  7. ဗိုလ်မှူးချုပ် သန်းထွဋ် (ကြည်း - ၁၆၆၂၂) (အလသ - ၈)
  8. ဗိုလ်မှူးချုပ် သစ်လင်းအုန်း
  9. ဗိုလ်မှူးချုပ် လှမြင့်စိုး
  10. ဗိုလ်မှူးချုပ် အောင်ရဲဝင်း
  11. ဗိုလ်မှူးချုပ် မျိုးဆွေ
  12. ဗိုလ်မှူးချုပ် မျိုးမင်းထွန်း

ကိုးကား

နောက်ထပ်ကြည့်ရန်


Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads