အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ
မြန်မာ စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံ From Wikipedia, the free encyclopedia
Remove ads
အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (အတိုကောက်: ကပစ(၁၂)) သည် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ စခန်းကြီးကျေးရွာ၊ ပိတောက်ပင်ကျေးရွာတို့၏ တောင်ဘက် ၃ မိုင်ကျော်တွင်တည် ရှိသည်။ စက်ရုံကို ၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံအမှတ် ကဖ-၂၆-က-၉၇ ဖြင့် ဖွဲ့စည်းပုံ အင်အား (၁၄၄၅) ဦးရှိသည်။ ထုတ်လုပ်မှု လုပ်ငန်းများမှာ 120mm, 60mm, 105mm, 81mm ကျည်များ ထုတ်လုပ်သည်။ မြေဧက (၁၆၀၀၀) ကျော်ရှိပြီး အပိုင်း ၂ ပိုင်းခွဲ၍ နိုင်ငံ ၂ နိုင်ငံ၏အကူအညီဖြင့် တည်ဆောက် တပ်ဆင် ထုတ်လုပ်လျက်ရှိသည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ပထမပိုင်းကို တောင်ကိုရီးယားနိုင်ငံ ဒေဝူးကုမ္ပဏီမှ ကျည်ဆန်ကိုယ်ထည်၊ နောက်မြီး ဒလက်များကို တပ်ဆင် ထုတ်လုပ်ပြီး၊ ဒုတိယအပိုင်းကို ၎င်းကျည်ဆန်များ၏ အတွင်းပိုင်း အစပျိုးယမ်းနှင့် ခွင်းယမ်းများကို ချက်ကိုစလို ဗေးကီးယားနိုင်ငံမှ စက်များဝယ်ယူပြီး ၎င်းနိုင်ငံမှ ပညာရှင်များဖြင့် တည်ဆောက်ခဲ့သည်။[မှတ်စု ၁]
၎င်းကျည်ထုတ်လုပ်သည့်စက်များမှာ ခေတ်မှီ အီလက်ထရွန်နစ်ထိန်း ကိရိယာများ တပ်ဆင် အသုံးပြုထားသဖြင့် ကပစ(၃) ထက်အဆပေါင်းများစွာ ထုတ်လုပ်နိုင်သည်။
Remove ads
မှတ်စု
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads