ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး

မြန်မာ့တပ်မတော် စစ်အကူလက်ရုံးဝန်ထမ်းတပ်ဖွဲ့ဆိုင်ရာ အရာရှိချုပ်ရုံး တစ်ရုံး From Wikipedia, the free encyclopedia

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး
Remove ads

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး သည် မြန်မာ့တပ်မတော်၏ လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်များကို ကွပ်ကဲသည့်ရုံး ဖြစ်သည်။ "တပ်မတော်အတွက် အင်အားဖြစ်စေရမည်" ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြုကာ မြန်မာ့တပ်မတော်အတွက် လိုအပ်သော လက်နက်၊ ခဲယမ်းများကို ထုတ်လုပ်ပေးနေသည်။[]

အချက်တိုများ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး, လှုပ်ရှားချိန် ...

၂၀၀၁ ခုနှစ်တွင် ယခင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံးကို ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးအဖြစ် ဖွဲ့စည်းပုံ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ တာဝန်ထမ်းဆောင်ခဲ့ကြသော အရာရှိချုပ်များမှာ ဒုတိယဗိုလ်ချုပ်ကြီးတ​​င်အေး (နယကအဖွဲ့ဝင်၊ နောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ) (၂၀၁၁-၂၀၁၆​) နှင့် ဒုတိယဗိုလ်ချုပ်ကြီးသိန်ဌေး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (၂၀၁၁-၂၀၁၄) တို့ ဖြစ်သ​ည်။ လက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း ဖြစ်သည်။ ထို့နောက် ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်(အကြီးစား) နှင့် ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်(စစ်လက်နက်ပစ္စည်း) ခန့်အပ်ထားသည်။

Remove ads

နောက်ခံသမိုင်း

ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်ခြင်းမှာ ကနောင်မင်းသားက စသည်။ ဒုတိယအကြိမ် အင်္ဂလိပ်−မြန်မာစစ် အပြီ:တွင် လက်နက်အင်အားကွာခြားမှုကို ရိပ်စားမိသော ကနောင်မင်းသားက မင်းတုန်းမင်းနှင့်တိုင်ပင်ကာ နိုင်ငံရပ်ခြားသို့ ပညာတော်သင်များ စေလွှတ်သည်။

အီတလီနိုင်ငံရှိ တူရင်းအပြည်ပြည်ဆိုင်ရာကျောင်း (Turin International School) နှင့် တော်ဝင် ရေတပ်နှင့် ကြည်းတပ် အကယ်ဒမီ (Royal College of Marine & Military Academy) သို့လည်းကောင်း၊ အင်္ဂလန်နိုင်ငံရှိ ဝူးလဝစ် စစ်ဘက်လေ့ကျင့်ရေးကျောင်း (Woolwich Military Training School) သို့လည်းကောင်း၊ အိန္ဒိယရှိ ဒို့ဗတန် ကောလိပ် (Doveton College) သို့လည်းကောင်း၊ ပြင်သစ်နိုင်ငံရှိ ဘုရင့်မိုင်းသင်တန်းကျောင်း ( L'ecole Imperiale des Mines) နှင့် ဘုရင့်စစ်ဘက်သင်တန်းကျောင်း (L'ecole Imperiale Military Academy) သို့လည်းကောင်း သွားရောက်ပညာသင်စေသည်။

ပညာသင်သားများ ပြန်လည်ရောက်ရှိသောအခါ မန္တလေးမြို့တွင် ဘုရင့်လက်နက်လုပ်ရုံနှင့် သံရည်ကြိုရုံကို တည်ထောင်သည်။

၁၈၈၅ ခုနှစ်၌ မြန်မာနိုင်ငံအား အင်္ဂလိပ်တို့ သိမ်းပြီးသောအခါ မြန်မာ့လက်နက်စက်ရုံအား ဘီယာချက်စက်ရုံအဖြစ် ပြောင်းလဲလိုက်သည်။ ထိုအချိန်မှစ၍ လွတ်လပ်ရေးရပြီးသည်အထိ လက်နက်ထုတ်လုပ်နိုင်ခြင်း မရှိတော့ပေ။

Remove ads

ထင်ရှားဖြစ်ရပ်များ

  • ၁၉၄၉ ခုနှစ်တွင် ဗမာ့တပ်မတော်လက်နက်ဂိုဒေါင် ကို ထူထောင်ကာ လက်နက်ပြုပြင်သည့်လုပ်ငန်းကို ပြန်လုပ်သည်။
  • ၁၉၅၀ ခုနှစ်တွင် ပုံစံထုတ်အလုပ်ရုံကို ထူထောင်နိုင်လာသည်။
  • ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်တွင် ဖွဲ့စည်းပုံနှင့်စနစ်တကျဖွဲ့စည်းပြီး ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်သည်။[]
  • ၁၉၅၇ ခုနှစ်တွင် စစ်လက်နက်ပစ္စည်းစက်ရုံ အရာရှိချုပ် ခန့်အပ်ကာ စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ကို စတင်ဖွဲ့စည်းသည်။
  • ၁၉၅၈ ခုနှစ်တွင် အမှတ်(၁)ကာကွယ်ရေးပစ္စည်းစက်ရုံ နှင့် အမှတ်(၂)ကာကွယ်ရေးပစ္စည်းစက်ရုံကို တည်ထောင်သည်။
  • ၁၉၆၇ ခုနှစ်တွင် အမှတ်(၄)ကာကွယ်ရေးပစ္စည်းစက်ရုံကို တည်ထောင်သည်။
  • ၁၉၆၀ ခုနှစ်တွင် အမှတ်(၃)ကာကွယ်ရေးပစ္စည်းစက်ရုံကို တည်ထောင်သည်။
  • ၁၉၆၉ ခုနှစ်တွင် အမှတ်(၅)ကာကွယ်ရေးပစ္စည်းစက်ရုံ နှင့် အမှတ်(၆)ကာကွယ်ရေးပစ္စည်းစက်ရုံကို တည်ထောင်သည်။
  • ၁၉၇၇ ခုနှစ်တွင် အမှတ်(၇)ကာကွယ်ရေးပစ္စည်းစက်ရုံ နှင့် အမှတ်(၈)ကာကွယ်ရေးပစ္စည်းစက်ရုံကို တည်ထောင်သည်။
  • ၁၉၈၆ ခုနှစ်တွင် အမှတ်(၉)ကာကွယ်ရေးပစ္စည်းစက်ရုံ နှင့် အမှတ်(၁၀)ကာကွယ်ရေးပစ္စည်းစက်ရုံကို တည်ထောင်သည်။
  • ၁၉၉၁ ခုနှစ်တွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ ပစ္စည်းထိန်းတပ် နှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ သင်တန်းကျောင်းကို တည်ထောင်သည်။
  • ၁၉၉၅ ခုနှစ်တွင် အမှတ်(၁၁)ကာကွယ်ရေးပစ္စည်းစက်ရုံကို တည်ထောင်သည်။
  • ၁၉၉၇ ခုနှစ်တွင် အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ နှင့် အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံကို တည်ထောင်သည်။
  • ၁၉၉၉ ခုနှစ်တွင် အမှတ်(၁၄)ကာကွယ်ရေးပစ္စည်းစက်ရုံကို တည်ထောင်သည်။
  • ၂၀၀၁ ခုနှစ်တွင် အမှတ်(၁၇)ကာကွယ်ရေးပစ္စည်းစက်ရုံ၊ အမှတ်(၁၈)ကာကွယ်ရေးပစ္စည်းစက်ရုံ၊ အမှတ်(၁၉)ကာကွယ်ရေးပစ္စည်းစက်ရုံနှင့် အမှတ်(၁)တပ်မတော်အကြီးစားစက်ရုံကို တည်ထောင်သည်။
  • ၂၀၀၂ ခုနှစ်တွင် အမှတ်(၂၀)ကာကွယ်ရေးပစ္စည်းစက်ရုံကို တည်ထောင်သည်။
  • ၂၀၀၄ ခုနှစ်တွင် အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ နှင့် အမှတ်(၂)တပ်မတော်အကြီးစားစက်ရုံကို တည်ထောင်သည်။
  • ၂၀၀၆ ခုနှစ်တွင် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံကို တည်ထောင်သည်။
Remove ads

တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးမှူးများ

နောက်ထပ် အချက်အလက်များ စဉ်, အမည် ...

လက်အောက်ခံ တပ်များ

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး၏ လက်အောက်တွင် အောက်ပါတပ်များ ပါဝင်သည်။

Remove ads

ထုတ်လုပ်သော လက်နက်ခဲယမ်းများ

Thumb
အမ်အေ(၁) ၅.၅၆ မီလီမီတာ ချေမှုန်းရေးရိုင်ဖယ်

အမ်အေ စီးရီး

  • အမ်အေ(၁) ၅.၅၆ မီလီမီတာ ချေမှုန်းရေးရိုင်ဖယ်
  • အမ်အေ(၂) ၅.၅၆ မီလီမီတာ အပေါ့စားစက်သေနတ်
  • အမ်အေ(၃) ၅.၅၆ မီလီမီတာ ကာဘိုင်
  • အမ်အေ(၄) .၅.၅၆ မီလီမီတာ ချေမှုန်းရေးရိုင်ဖယ် (၄၀ မီလီမီတာ ဗုံးပစ်လောင်ချာ တွဲ)
  • အမ်အေ(၅) ၉ မီလီမီတာ ပစ္စတို
  • အမ်အေ(၆) ၁၂၀ မီလီမီတာ အဝေးပစ်မော်တာ
  • အမ်အေ(၇) ၆၀ မီလီမီတာ အဝေးပစ်မော်တာ
  • အမ်အေ(၈) ၈၁ မီလီမီတာ အဝေးပစ်မော်တာ
  • အမ်အေ(၉) ၆၀ မီလီမီတာ ကွန်မန်ဒိုမော်တာ
  • အမ်အေ(၁၀) ၄၀ မီလီမီတာ ဒုံးပစ်လောင်ချာ
  • အမ်အေ(၁၁) ၅.၅၆ မီလီမီတာ ချေမှုန်းရေးရိုင်ဖယ်
  • အမ်အေ(၁၂) ၅.၅၆ မီလီမီတာ စက်ကလေး
  • အမ်အေ(၁၃) ၉ မီလီမီတာ အူဇီစက်သေနတ်ကလေး
  • အမ်အေ(၁၄) ၈၁ မီလီမီတာ နောက်ပွင့်လောင်ချာ
  • အမ်အေ(၁၅) ၇.၆၂ မီလီမီတာ အလတ်စားစက်သေနတ် (စက်လတ်)
  • အမ်အေ(၁၆) ၀.၅ လက်မ စက်သေနတ်
  • အမ်အေ(၁၇) ၇.၆၂ မီလီမီတာ စနိုက်ပါရိုင်ဖယ်

အမ်ဂျီ စီးရီ:

  • အမ်ဂျီ(၁) ပလတ်စတစ် လက်ပစ်ဗုံး
  • အမ်ဂျီ(၂) ၄၁ မီလီမီတာ ရိုင်ဖယ်လက်ပစ်ဗုံး
  • အမ်ဂျီ(၃) ၄၀ မီလီမီတာ လောင်ချာပစ်ဗုံး (ခွင်းဗုံး)
  • အမ်ဂျီ(၄) ၄၀ မီလီမီတာ လောင်ချာပစ်ဗုံး (ခွင်းဗုံး / တင့်ဖျက်ဗုံး)
  • အမ်ဂျီ(၅) ၄၀ မီလီမီတာ လောင်ချာပစ်ဗုံး (လေ့ကျင့်ရေးဗုံး)

အမ်အမ် စီးရီ:

  • အမ်အမ်(၁) လူသတ်ဆွဲမိုင်း
  • အမ်အမ်(၂) လူသတ်နင်းမိုင်း
  • အမ်အမ်(၃) လူသတ်ခုန်ပျံမိုင်း
  • အမ်အမ်(၅) ရှေ့ထွက်မိုင်း

အခြား

  • ၁၄.၅ လေယာဉ်ပစ် စက်သေနတ်
  • ၄၀ မီလီမီတာ တစ်လုံးထိုးလောင်ချာ
  • ၇၆ မီလီမီတာ တောင်ဖြိုသေနတ်
  • ၁၀၅ မီလီမီတာ ဟောင်ဝစ်ဇာ
  • ၁၂၂ မီလီမီတာ ဟောင်ဝစ်ဇာ
  • မီးခိုးဗုံး
  • ပလတ်စတစ် တင့်ဖျက်မိုင်း
  • ပလတ်စတစ် လူသတ်မိုင်း
  • ၄၀ မီလီမီတာ လူအုပ်ခွဲကျည်
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads