အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

From Wikipedia, the free encyclopedia

အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
Remove ads

အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (အတိုကောက် စကခ(၁၅)) သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့တွင်တည်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုဖြစ်သည်။ "စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်" ဆိုသည်မှာ 'ခြေမြန်တပ်မဌာနချုပ်' အသွင်ယူထားသော တိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်သည်။ တပ်မများ နှင့် စကခများသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏အင်အားအပေါ်မူတည်၍ လိုအပ်သလိုစစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။ လက်ရှိ အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် သူရိန်ထွန်း ဖြစ်သည်။

အချက်တိုများ အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်, နိုင်ငံ ...
Remove ads

ဖွဲ့စည်းပုံ

အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် နည်းဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁ဝ)ရင်း ရှိသည်။


အမှတ်(၁)နည်းဗျူဟာအဖွဲ့

အမှတ်(၂)နည်းဗျူဟာအဖွဲ့

အမှတ်(၃)နည်းဗျူဟာအဖွဲ့

ခြေလျင်/ခြေမြန်တပ်ရင်းများ [][]

  1. အမှတ်(၃၄၅)ခြေမြန်တပ်ရင်း - ဘူးသီးတောင်တပ်မင်းချောင်း
  2. အမှတ်(၃၅၂)ခြေမြန်တပ်ရင်း - ဘူးသီးတောင်တပ်မင်းချောင်း
  3. အမှတ်(၃၅၃)ခြေမြန်တပ်ရင်း - ဘူးသီးတောင်ငကျဉ်တောက်
  4. အမှတ်(၅၃၅)ခြေမြန်တပ်ရင်း - ဘူးသီးတောင်ငကျဉ်တောက်
  5. အမှတ်(၅၃၆)ခြေမြန်တပ်ရင်း - ရသေ့တောင်
  6. အမှတ်(၅၃၇)ခြေမြန်တပ်ရင်း - ရသေ့တောင်
  7. အမှတ်(၅၃၈)ခြေမြန်တပ်ရင်း - ရသေ့တောင်
  8. အမှတ်(၅၅၁)ခြေမြန်တပ်ရင်း - ဘူးသီးတောင်ကင်းတောင်
  9. အမှတ်(၅၅၂)ခြေမြန်တပ်ရင်း - ဘူးသီးတောင်သင်္ဂနက်ရွာ
  10. အမှတ်(၅၆၄)ခြေမြန်တပ်ရင်း - ဘူးသီးတောင်စံညှင်းဝေ
  11. အမှတ်(၅၆၅)ခြေမြန်တပ်ရင်း - ဘူးသီးတောင် ၊ သရက္ကင်းမနူး
Remove ads

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး တာဝန်ထမ်းဆောင်ခဲ့သူများ

ချေမှုန်းခံရခြင်း

စကခ (၁၅)၏ လက်အောက်ခံတပ်ရင်းများဖြစ်ကြသည့် ရသေ့တောင်အခြေစိုက် ခမရ(၅၃၇)နှင့် ခမရ(၅၃၈)တို့ကို ရသေ့တောင်မြို့သိမ်းတိုက်ပွဲအတွင်း ၂၀၂၄၊ မတ်လ(၁၇)ရက်နေ့တွင် အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။[]

ထို့နောက် ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၁) အား ၂၀၂၄ မေလ(၃) ရက်နေ့တွင်လည်းကောင်း၊ ခမရ (၅၅၂)အား ၂၀၂၄ မတ်လ(၂၅) ရက်နေ့တွင်လည်းကောင်း ၊ ခမရ (၅၆၄) နှင့် ခမရ(၅၆၅) တို့အား အား ၂၀၂၄ ဧပြီလ(၅)ရက်နေ့နှင့် (၂၄)ရက်နေ့တို့တွင် အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ခဲ့သည်။

ထို့အပြင် စကခ(၁၅)ဌာနချုပ်ကို အာရက္ခတပ်တော်က (၁)လကျော်ကြာထိုးစစ်ဆင်ပြီးနောက် စကခ(၁၅) ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ တပ်မိသားစုဝင်များနှင့် စစ်သားစုဆောင်းခြင်းခံထားရသည့် ဘင်္ဂလီများသည် မေလ(၂)ရက်နေ့တွင် စကခ(၁၅)ဌာနချုပ်တွင် လက်နက်ချအညံ့ခံခဲ့သည်။ []

မေလ (၁၄)ရက်နေ့တွင် ခမရ(၃၅၃)၊ နှင့် ခမရ(၅၃၅)၊ မေလ (၁၈)ရက်နေ့တွင် ခမရ(၃၄၅)နှင့် ခမရ(၃၅၂)တို့ကို အာရက္ခတပ်တော်က အပြီးသတ်ချေမှုန်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ []

ကိုးကား

ရေးချင်ရာရေးသော စာများမှ

နောက်ထပ်ကြည့်ရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads