အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း

From Wikipedia, the free encyclopedia

Remove ads

သမိုင်းကြောင်း

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင် ထုတ်လုပ်မှုလုပ်ငန်းနှင့် မြန်မာ့လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း တို့ကို ပေါင်းစည်း၍ အမှတ်(၁) အထွေထွေအကြီးစားစက်မှုလုပ်ငန်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်၊ဧပြီလ(၄)ရက်နေ့တွင် အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

စက်ရုံများ

အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း အောက်ပါ စက်ရုံ(၇)ရုံဖြင့် ဖွဲ့စည်းထားသည်။ []

  • အမှတ် (၁၁) အကြီးစားစက်ရုံ (ရန်ကုန်)
  • အမှတ် (၁၂) အကြီးစားစက်ရုံ (ထုံးဘို)
  • အမှတ် (၁၃) အကြီးစားစက်ရုံ (မကွေး)
  • အမှတ် (၁၄) အကြီးစားစက်ရုံ (သာဂရ)
  • အမှတ် (၁၅) အကြီးစားစက်ရုံ (သာဂရ)
  • အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)
  • အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)

အမှတ် (၁၁) အကြီးစားစက်ရုံ (ရန်ကုန်)

ကမ္ဘာအေးစေတီလမ်း၊ မရမ်းကုန်းမြို့နယ်ရန်ကုန်မြို့ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိပြီး ၁၉၆၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ စက်ရုံအကျယ်အဝန်းမှာ ၂၅.၂၈ ဧက ဖြစ်သည်။ လက်ရှိဝန်ထမ်း ၇၅၀ဦး (အရာထမ်း ၅၂ ဦး၊ အမှုထမ်း ၆၉၈ ဦး) ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။ မြန်မာမီနီဆလွန်းကား၊ စီးတီးဘတ်စ်၊ TE – 31 ထရပ်ယာဉ်၊ TE – 31 ဆီသယ်ယာဉ် နှင့် မြန်မာလျှပ်စစ်ကားများ ကိုထုတ်လုပ်ပေးနေသည်။ []

အမှတ် (၁၂) အကြီးစားစက်ရုံ (ထုံးဘို)

ထုံးဘိုမြို့အနီး၊ ပန်းတောင်းမြို့နယ်ပဲခူးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၁၉၇၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ စက်ရုံအကျယ်အဝန်းမှာ ၂၄၈ ဧကဖြစ်သည်။ လက်ရှိဝန်ထမ်း ၉၈၈ ဦး(အရာထမ်း-၃၁ ဦး၊ အမှုထမ်း-၉၅၇ ဦး) ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။ Myanmar Double Cab, Myanmar Single Cab, Sport Utility Vehicleနှင့် မြင်းကောင်ရေအား ၁၄၀ရှိ DS – 70 ဒီဇယ်အင်ဂျင်များကို ထုတ်လုပ်ပေးနေသည်။[]

အမှတ် (၁၃) အကြီးစားစက်ရုံ (မကွေး)

မယ်လှတောင်ကျေးရွာအနီး မကွေးမြို့မကွေးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အကျယ်အဝန်းမှာ ၃၅.၅ ဧကဖြစ်သည်။ လက်ရှိဝန်ထမ်း ၄၈၇ ဦး (အရာထမ်း-၃၈ဦး၊ အမှုထမ်း-၄၄၉ ဦး)ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။[]

အမှတ် (၁၄) အကြီးစားစက်ရုံ (သာဂရ)

သာဂရမြို့၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၂၀ဝ၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အကျယ်အဝန်းမှာ ၄၉.၈ ဧကဖြစ်ပြီး လက်ရှိဝန်ထမ်းအင်အား ၅၂၂ ဦး(အရာထမ်း-၃၂ ဦး၊ အမှုထမ်း-၄၉၀ ဦး)ဖြင့် ဒီဇယ်အင်ဂျင် အမျိုးမျိုးကို ထုတ်လုပ်ပေးနေသည်။[]

အမှတ် (၁၅) အကြီးစားစက်ရုံ (သာဂရ)

သာဂရမြို့၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၂၀ဝ၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အကျယ်အဝန်းမှာ ၃၅.၁၅ ဧကဖြစ်ပြီး လက်ရှိဝန်ထမ်းအင်အား ၂၂၈ ဦး(အရာထမ်း -၁၇ ဦး၊ အမှုထမ်း-၂၁၁ ဦး)ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ယန္တရားအမျိုးမျိုးကို ထုတ်လုပ်ပေးနေသည်။[]

အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)

ဆားခါးကျေးရွာအနီး၊ မြင်းခြံမြို့နယ်မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိပြီး ၂၀ဝ၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ လက်ရှိဝန်ထမ်းအင်အား ၆၆၄ ဦး (အရာထမ်း-၃၀ဦး ၊ အမှုထမ်း-၆၃၄ဦး)ဖြင့် သံမဏိပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ပေးနေသည်။[]

အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)

ပင်ငိုကျေးရွာအနီး၊ ပင်းပက်ဒေသ၊ တောင်ကြီးမြို့နယ်ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိပြီး ၂၀ဝ၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ လက်ရှိဝန်ထမ်းအင်အား ၂၇၂ ဦး (အရာထမ်း ၁၀ ဦး၊ အမှုထမ်း - ၂၆၂ ဦး)ဖြင့် တနှစ်လျှင် သံစိမ်း ၂၀၀၀၀၀ တန်နှင့် သံသတ္တုရိုင်း ၇၂၀၀၀၀ တန်တို့ကို ထုတ်လုပ်ပေးနေသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads