အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
From Wikipedia, the free encyclopedia
Remove ads
အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (အတိုကောက် စကခ(၉)) သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင်တည်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုဖြစ်သည်။ "စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်" ဆိုသည်မှာ 'ခြေမြန်တပ်မဌာနချုပ်' အသွင်ယူထားသော တိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်သည်။ တပ်မများ နှင့် စကခများသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏အင်အားအပေါ်မူတည်၍ လိုအပ်သလိုစစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။ လက်ရှိ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် အောင်အောင် (အလသ-၁၉) ဖြစ်သည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
Remove ads
သမိုင်း
အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ၌ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
စစ်ဆင်ရေးများ
၂၀၁၆ ခုနှစ်မှစ၍ ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်နယ် အတွင်း အခြေချရန် ကြိုးပမ်းလာရမှစတင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့အခြေစိုက် အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံတပ်ရင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်မှုများရှိလာခဲ့သည်။
ထိခိုက်ကျဆုံးမှုများ
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာတံတားအနီး၌ စကခ(၉) လက်အောက်ခံ၊ ကျောက်တော်အခြေစိုက်၊ ခမရ(၃၇၄) နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲတွင် ခမရ(၃၇၄) တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး ရန်နောင်ဝင်း အပါအဝင် စစ်သည် (၅)ဦးကျဆုံးခဲ့သည်။[၁]
Remove ads
ဖွဲ့စည်းပုံ
အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် နည်းဗျူဟာအဖွဲ့ (၃)ဖွဲ့ နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။
အမှတ်(၁)နည်းဗျူဟာအဖွဲ့
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၂)နည်းဗျူဟာအဖွဲ့
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၃)နည်းဗျူဟာအဖွဲ့
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
ခြေလျင်/ခြေမြန်တပ်ရင်းများ
အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံတပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
- ခမရ (၃၇၄) ကျောက်တော်
- ခမရ (၃၇၅) ကျောက်တော်
- ခမရ (၃၇၆) ကျောက်တော်
- ခမရ (၃၇၇) မြောက်ဦး
- ခမရ (၃၇၈) မြောက်ဦး
- ခမရ (၃၇၉) မင်းပြား
- ခမရ (၃၈၀) မင်းပြား
- ခမရ (၅၃၉) ကျောက်တော်
- ခမရ (၅၄၀) မြောက်ဦး
- ခမရ (၅၄၁) မင်းပြား
ချေမှုန်းခံရခြင်း
စကခ (၉)၏ လက်အောက်ခံတပ်ရင်း (၁၀)ရင်းလုံးသည် ၂၀၂၄ ဇန်နဝါရီလဆန်းမှ ဖေဖော်ဝါရီ (၁၀) ရက်အထိကြာမြင့်သည့် ရက္ခိုင့်တပ်တော်၏ ထိုးစစ်အတွင်းသိမ်းပိုက်ခံလိုက်ရသည်။ [၂]
ထိုအထဲတွင် ကျောက်တော်အခြေစိုက် ခမရ(၅၃၉) တပ်ရင်းသည် ဇန်နဝါရီလ (၁၆) ရက်နေ့၌ တပ်ရင်းတစ်ရင်းလုံးလက်နက်ချအညံ့ခံခဲ့ကြခြင်းဖြစ်သည်။[၃]
ဖေဖော်ဝါရီ (၉)ရက်နေ့တွင် ကျောက်တော် စကခ(၉)မှ လက်ကျန်တပ်များကို တင်ဆောင်ဆုတ်ခွာလာသည့် ကမ်းထိုးစစ်ရေယာဉ် (၃) စီးအား ရက္ခိုင့်တပ်တော်မှ အပေါက်ဝကျေးရွာအနီး ကုလားတန်မြစ်အတွင်း ကြားဖြတ်တိုက်ခိုက်နှစ်မြုပ်ပစ်ခဲ့သည်။ [၄]
Remove ads
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး တာဝန်ထမ်းဆောင်ခဲ့သူများ
![]() | ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ကိုးကား
နောက်ထပ်ကြည့်ရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads