အမှတ် (၁) ပြည်ထောင်စု အဝေးပြေးလမ်းမကြီး

မြန်မာနိုင်ငံမှလမ်း From Wikipedia, the free encyclopedia

အမှတ် (၁) ပြည်ထောင်စု အဝေးပြေးလမ်းမကြီး
Remove ads

အမှတ် (၁) ပြည်ထောင်စု အဝေးပြေးလမ်းမကြီ (အင်္ဂလိပ်: National Highway 1; NH1) သည် မြန်မာနိုင်ငံ၏ အဓိက တောင်-မြောက် လမ်းမကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းတလျောက် ဆက်သွယ်ထားသည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ကို ဆက်သွယ်သည့် ပထမဦးဆုံး ပြည်ထောင်စုလမ်းမကြီးဖြစ်သည်။ ၄၁၅ မိုင် (၆၆၈ ကီလိုမီတာ) ခန့် ရှည်လျားသည်။ ရန်ကုန်မှ မိတ္ထီလာအရောက်တွင် အရှေ့ဘက်သို့ အမှတ် (၄) ပြည်ထောင်စု အဝေးပြေးလမ်းမကြီးနှင့် ဆက်သွယ်လျက်ရှိပြီး မြောက်ဘက်တွင် မန္တလေးမြို့အထိ ဆက်သွယ်ထားသည်။

အချက်တိုများ National Highway 1, လမ်းကြောင်း အချက်အလက်များ ...

အမှတ်(၁) နိုင်ငံတကာ အဝေးပြေးလမ်းမကြီး AH 1 ၏ အစိတ်အပိုင်းဖြစ်သည့် မိတ္ထီလာ-နေပြည်တော်-ညောင်လေးပင်-ဘုရားကြီး လမ်းပိုင်း ၏ အစိတ်အပိုင်းလည်းဖြစ်သည့်အတွက် နိုင်ငံတကာအရည်အသွေးမှီအောင် လေးလမ်းသွားနိုင်လွန်ကတ္တရာ လမ်းမကြီး အဖြစ်အကောင်အတည်ဖော်နေပြီဖြစ်သည်။

ရန်ကုန်မြို့၊ ပဲခူးမြို့၊ ညောင်လေးပင်မြို့၊ ဖြူးမြို့၊ တောင်ငူမြို့၊ ပျဉ်းမနားမြို့၊ တပ်ကုန်းမြို့၊ ရမည်းသင်းမြို့၊ ပျော်ဘွယ်မြို့၊ မိတ္ထီလာမြို့၊ ကျောက်ဆည်မြို့ စသည့် မြို့ကြီးများအပါအဝင် မြို့ငယ်ပေါင်း ၅၀ ကျော်ကို ဖြတ်သန်းဖောက်လုပ်ထားသည်။

လမ်းမကြီး၏ အစမှာ ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်၊ အမှတ်(၃) လမ်းဆုံမှစ၍ ၀ မိုင် စတင်၍ မန္တလေးမြို့ ၆၂ လမ်းဆုံတွင် မိုင် ၄၁၅ အဆုံးဖြစ်သည်။ မန္တလေးတွင် လမ်းမကြီး အဆုံးသတ်ပြီးနောက် အမှတ် (၃) ပြည်ထောင်စု အဝေးပြေးလမ်းမကြီးနှင့် 21°58′58″N 96°5′14″E တွင် ဆက်သွယ်ထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ပြီးနောက်ပိုင်းတွင် အမှတ်(၁) ပြည်ထောင်စု အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ် ကျပ်တည်းမှု အနည်းငယ် ကျဆင်းခဲ့သည်။

ယာဉ်ကြောကျပ်တည်းမှုအများဆုံးမြို့ကြီးများမှာ ပဲခူးမြို့ညောင်လေးပင်မြို့တောင်ငူမြို့မိတ္ထီလာမြို့ဖြစ်ကြသည်။

Remove ads

ကိုးကားချက်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads