မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး

From Wikipedia, the free encyclopedia

Remove ads

မြန်မာနိုင်ငံတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ဖွဲ့စည်းထားသော ဝန်ကြီးဌာနမှာ - ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှာ ယခင်က ပို့ဆောင်ရေးဝန်ကြီးဌာနဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ၃ခုကိုပူး​​ပေါင်းကာဖွဲ့စည်းထား​သော ဝန်ကြီးဌာန ဖြစ်သည်။

Remove ads

ရထားပို့ဆောင်ရေး

၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံရှိ မီးရထားလမ်းမိုင်စုစုပေါင်းမှာ ၃၁၈၆.၈၆ မိုင် နှင့် မီးရထားဘူတာရုံပေါင်း ၈၁၂ ခုရှိသည်။[]

ကုန်းလမ်းပို့ဆောင်ရေး

၂၀၀၆ ခုနှစ်အထိ စာရင်းများအရ -

  • စုစုပေါင်းခရီးလမ်း - ၁၆,၇၇၇ မိုင် (၂၇,၀၀၀ ကီလိုမီတာ)
  • လမ်းခင်းပြီး - ၁,၉၈၈ မိုင် (၃,၂၀၀ ကီလိုမီတာ)
  • မခင်းရသေးသောလမ်း - ၁၄,၇၈၉ မိုင် (၂၃,၈၀၀ ကီလိုမီတာ)

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်တွင် အမျိုးသား အဝေးပြေးလမ်း ၅၀ စာရင်းကို ထုတ်ပြန်ခဲ့သည်။ ဤနံပါတ်များကို လိုင်းစနစ်အဖြစ် ပုံဖော်ထားပြီး တောင်မှမြောက်သို့ နံပါတ်များ တိုးလာပါသည်။ ဤဇယားကွက်အတွင်း ရှင်းလင်းပြတ်သားသော စနစ်မရှိသော်လည်း နံပါတ်များသည် အတန်ငယ် ဇုန်သတ်မှတ်ထားသည်။ သို့သော် အချို့သောနံပါတ်များသည် အရှေ့ အနောက် သို့မဟုတ် မြောက်-တောင်သို့ မပြေးပါ။ အချို့သောလမ်းကြောင်းများသည် မောင်းနှင်နိုင်သောလမ်းဆက်သွယ်မှုအဖြစ် အမှန်တကယ်တည်ရှိခြင်းမရှိပါ။[]

နောက်ထပ် အချက်အလက်များ လမးနပါတ, လမ်းအမည် ...

နံပါတ်စနစ်ဟောင်း

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အမြန်လမ်းမကြီးမှာ ရန်ကုန်-မန္တလေး အမြန်လမ်း ဖြစ်ပြီး ၃၆၄.၆ မိုင် (၅၈၆.၇ ကီလိုမီတာ) အရှည်ရှိကာ ဖြူးမြို့ တောင်ငူမြို့နေပြည်တော်နှင့် မိတ္ထီလာမြို့များကို ဖြတ်သန်းသွားသည်။ ယာဉ်မောင်းလိုင်း လေးလိုင်းရှိ အမြန်လမ်းမကြီးအမျိုးအစား ဖြစ်သည်။

Remove ads

ရေကြောင်းပို့ဆောင်ရေး

၂၀၀၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင်း သွားလာနိုင်သည့် ရေလမ်းခရီးအရှည် စုစုပေါင်းမှာ ၇,၉၅၄ မိုင် (၁၂,၈၀၀ ကီလိုမီတာ) ဖြစ်ပြီး သင်္ဘောကြီးများ သွားလာနိုင်သည့် ခရီးလမ်းအရှည်မှာ ၁,၉၈၈ မိုင် (၃,၂၀၀ ကီလိုမီတာ) ဖြစ်သည်။

ဆိပ်ကမ်းများ

ပင်လယ်ဆိပ်ကမ်းများ

မြစ်ဆိပ်ကမ်းများ

လေကြောင်းပို့ဆောင်ရေး

လေဆိပ်များ

၂၀၁၀ ခုနှစ် ဇူလိုင်လ စာရင်းများအရ မြန်မာနိုင်ငံတွင် လေဆိပ်စုစုပေါင်း ၆၉ ခုရှိကာ လေယာဉ်ပြေးလမ်း ပေ တစ်သောင်းအထက်ရှိ လေဆိပ်မှာ ၁၁ ခုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှာ -

လေကြောင်းလိုင်းများ

မြန်မာနိုင်ငံအခြေစိုက် လက်ရှိပြေးဆွဲနေသော လေကြောင်းလိုင်းများ ၅ ခုရှိသည်။ နိုင်ငံတော်အလံတင် လေကြောင်းလိုင်းမှာ မြန်မာအမျိုးသား လေကြောင်းလိုင်း ဖြစ်ပြီး ပြည်ပသို့ ပျံသန်းလျက်ရှိသော လေကြောင်းလိုင်းများမှာ မြန်မာအမျိုးသား လေကြောင်းလိုင်းအပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း နှင့် မင်္ဂလာ လေကြောင်းပို့ဆောင်ရေးလုပ်ငန်း တို့ ဖြစ်ကြသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads