Remove ads

အမှုန်ရူပဗေဒ သည် ရူပဗေဒ၏ ဘာသာရပ်အခွဲဖြစ်ပြီး ဒြပ်နှင့် ရောင်ခြည်ဖြာထွက်ခြင်းတို့ပါဝင်သော အမှုန်သဘာဝများကို လေ့လာသည်။ အမှုန်ဆိုသည်မှာ ဖုန်၊ အငွေ့စသည့် အင်မတန်သေးငယ်သော အရာများကို ညွန်းဆိုနိုင်သော်လည်း အမှုန်ရူပဗေဒသည် စစ်ဆေးစမ်းသပ်ရန် အင်မတန်သေးငယ်လွန်းသော အမှုန်များနှင့် ယင်းတို့၏ အပြုအမူများကို လေ့လာခြင်းဖြစ်သည်။ ယခုလက်ရှိ နားလည်ထားသည်မှာ အခြေခံအမှုန်များသည် ကွမ်တမ်စက်ကွင်းဖြင့် နိုးဆွနေကြသည်။ လက်ရှိ အခြေခံအမှုန်နှင့် စက်ကွင်းများကို ရှင်းပြသည့် သီအိုရီများကို စံနမူနာမော်ဒယ်ဟု ခေါ်ဆိုသည်။ ခေတ်သစ် အမှုန်ရူပဗေဒသည် ဟစ်ဒ် ဘိုဆွန်ကဲ့သို့သော အသစ်လွင်ဆုံး အမှုန်များမှသည် အဟောင်းဆုံး စက်ကွင်းအားဖြစ်သည့် ဒြပ်ဆွဲအားများအထိ လေ့လာကြသည်။[][]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads