အယူတော်မင်္ဂလာဦးနိုး

From Wikipedia, the free encyclopedia

Remove ads

အယူတော်မင်္ဂလာ ဟူသောဘွဲ့အမည်ဖြင့် ကျော်ကြားလာမည့် မောင်နိုးအား ၁၆ရက်နေ့၊ ဇွန်လ၊ ၁၇၆၂ခုနှစ်က ဒီပဲယင်းမြို့နယ်၊ ကိုးသန်းတိုက်နယ်၊ အရှမ်း ကြခတ်ကျေးရွာတွင် ဖွားမြင်သည်။ အဖ ဦးရွှေညို၊ အမိ ဒေါ်မင်းလှ ဖြစ်ပြီး မိခင်ဘက်မှ ဦးကြီးမှာ မင်းကြီးမဟာကျော်ထင်ဘွဲ့ဖြင့် အမတ်အဖြစ်ထင်ရှားခဲ့သူဖြစ်သည်။ ငယ်စဉ်က မောင်နိုးသည် ဘုံသာတုလွတ်ကျောင်း ဆရာတော်ထံတွင် စာပေသင်ကြားခဲ့ပြီး အရွယ်ရောက်သည့်နောက်တွင် တရားသူကြီး သတိုးမဟာသီဟသူရ ထံတွင် စာရေးအဖြစ် အမှုထမ်းသည်။ ၁၇၈၂တွင် ဗဒုံမင်း နန်းတက်လာသောအခါတွင် မောင်နိုးအား နေမျိုးလေခပျံချီဘွဲ့ချီးမြှင့်ကာ အနားခေါ်၍ အမှာတော်ရေးခန့်သည်။ မောင်နိုးသည် အတိတ်နိမိတ်တဘောင်စနည်းဘဝေါ စသည်တို့ကို အဓိပ္ပာယ်ကောက်ယူရာတွင် ထက်မြက်သည့်သတင်းထွက်ပေါ်လာပြီးနောက်တွင် ဗဒုံမင်း၏ သဘောကျခြင်းခံရသဖြင့် အယူတော်မင်္ဂလာ ဟူသောဘွဲ့ကို ပေးလေသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads