အရှေ့တီမောနိုင်ငံ၏ အလံတော်

From Wikipedia, the free encyclopedia

အရှေ့တီမောနိုင်ငံ၏ အလံတော်
Remove ads

အရှေ့တီမောနိုင်ငံ၏ အလံတော် သည် တီမောလက်စ်တီ ဒီမိုကရက်တစ်သမ္မတနိုင်ငံကို ကိုယ်စားပြုသော နိုင်ငံတော်အလံဖြစ်သည်။ အနီရောင်အောက်ခံပေါ်တွင် အနက်ရောင်၊ အဝါရောင် တြိဂံများပါရှိကာ အနက်ရောင်တြိဂံပေါ်တွင် ထောင့်ငါးထောင့်ရှိသည့် ကြယ်ဖြူပါဝင်သည်။[]

အချက်တိုများ အသုံးပြုခြင်း, အချိုးအစား ...
Remove ads

သမိုင်းကြောင်း

အရှေ့တီမောနိုင်ငံ၏ လက်ရှိအလံတော်ကို ၂၀၀၂ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ဤအလံသည် ၁၉၇၅ခုနှစ်တွင် ပေါ်တူဂီတို့လက်ထက်မှ လွတ်လပ်ရေးရယူချိန်တွင် အသုံးပြုခဲ့သည့် အလံနှင့် တူညီသည်။ သို့ရာတွင် ကိုးရက်အကြာ၌ အင်ဒိုနီးရှား၏ ကျူးကျော်မှုကို ခံခဲ့ရသည်။ အင်ဒိုနီးရှားတို့ အရှေ့တီမောကို လက်လွှတ်ပြီးနောက် ကုလသမဂ္ဂက အုပ်ချုပ်ခဲ့ပြီး ၂၀၀၂ခုနှစ် မေလ (၂၀) ရက်နေ့တွင် လွတ်လပ်သောနိုင်ငံတစ်ခုအဖြစ် စတင်အသွင်ကူးပြောင်းခဲ့သည်။ မေလ (၁၉)ရက်နေ့ညသန်းခေါင်ယံတွင် ကုလသမဂ္ဂအလံကို တိုင်ထိပ်မှလျှော့ချခဲ့ကာ အရှေ့တီမောအလံကို လွှင့်တင်ခဲ့သည်။

အရှေ့တီမောအခြေခံဥပဒေအရ အဝါရောင်တြိဂံသည် အရှေ့တီမောသမိုင်းကြောင်းမှ ကိုလိုနီခေတ်၏ခြေရာများကို ကိုယ်စားပြုသည်။ အနက်ရောင်သည် ကျော်လွှားရန်လိုအပ်သော စိန်ခေါ်မှုကို ကိုယ်စားပြုသည်။ အနီရောင်သည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၊ အဖြူရောင်ကြယ်သည် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသည်။

Remove ads

သမိုင်းတ​လျှောက်အလံများ

Remove ads

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads