အလက်ဇန္ဒား လူကာရှင်ကို

From Wikipedia, the free encyclopedia

အလက်ဇန္ဒား လူကာရှင်ကို
Remove ads

အလက်ဇန္ဒါး ဂြီဂိုရိုင်ဗစ် လူကာသျှန်ကို (၁၉၅၄ ခု၊ ဩဂုတ်လ ၃၁ ရက်ဖွား) သည် ဘယ်လာရုလူမျိုး နိုင်ငံရေးသမားဖြစ်ပြီး ရွေးကောက်ခံအစိုးရစတက်သည့် ၁၉၉၄ ခု၊ ဇူလိုင်လ ၂၀ ရက်ကတည်းကပင် သမ္မတရာထူးကို တသမတ်တည်း ထိန်းချုပ်ထားသူဖြစ်သည်။ ယခင်နိုင်ငံရေးသမားလမ်းကြောင်း၌ နိုင်ငံ့လယ်ယာဌာန ညွှန်ကြားရေးမှူးအဖြစ်၎င်း၊ ဆိုဗီယက်တပ်မတော်၏ ဆိုဗီယက်နယ်ခြားစောင့်တပ်၌၎င်း တာဝန်ထမ်းဖူးသည်။

Thumb

ဆိုဗီယက်ပြည်ထောင်စုမှ ဘယ်လာရု ခွဲထွက်လာပြီးနောက် ဆိုဗီယက်ခေတ်၏သင်္ကေတအဖြစ် နိုင်ငံ၏အရေးပါသောလုပ်ငန်းများကို အစိုးရပိုင်အဖြစ် ဆက်ထားသည်။ ၎င်းအခြေအနေကို ဘယ်လာရု၏အလံရှိ အနီရောင်တွင်၎င်း၊ နိုင်ငံ့တံဆိပ်ရှိ ကြယ်နီတွင်၎င်း မြင်နိုင်သည်။ အငြင်းပွားစရာဖြစ်ခဲ့သည့် ၁၉၉၅ ပြည်သူ့ဆန္ဒခံယူပွဲမှာ လူကာသျှန်ကိုက လွှတ်တော်အဖွဲ့ဝင်ကို ရာထူးမှဖြုတ်နိုင်အောင် အာဏာပေးထားသည်။ နောက်နှစ်လုပ်သည့် ဆန္ဒခံယူပွဲမှာလည်း သူ့ကို အာဏာထိန်းအောင်ရန် ပြင်ဆင်ပေးသည်သာ ဖြစ်သည်။

ရုရှားဘာသာစကားကို ဘယ်လာရသျှန်စကားနည်းတူ ရုံးသုံးအဖြစ် သတ်မှတ်ပေးပြီး ရုရှားနှင့် စီးပွားရေးချည်နှောင်မှုများ တိုးခဲ့သည်။ ၎င်းအခြေအနေမှသည် ပြည်ထောင်စုဝင်ပြည်နယ်အဖြစ် ဖန်တီးကာ ဘယ်လာရုသားတို့ ရုရှား၌ စီးပွားရှာ ပညာယူလုပ်နိုင်ရန် လွတ်လပ်စွာ သွားလာနိုင်ရန် ခွင့်ပြုခဲ့သည်။ ရုရှားမှလည်း အလားတူ အခွင့်ပေးသည်။ သို့သော် အမြဲအဆင်ချောသည်တော့ မဟုတ်။ နို့စစ်ပွဲ (ဘယ်လာရုမှနို့ကို ရုရှားမှ အသွင်းမခံသဖြင့် ဖြစ်ရသော စီးပွားရေးပဋိပက္ခ) ကဲ့သို့ အဖုအထစ်လည်း ရှိခဲ့သည်။

အာဏာရှင်အစိုးရအဖြစ်ဦးဆောင်နေသော လူကာသျှန်ကိုအား ဥရောပ၏နောက်ဆုံးအာဏာရှင်ဟု မကြာခဏပင် တင်စားကြသည်။ ရွေးကောက်ပွဲမှာ နိုင်ငံတကာစောင့်ကြည့်သူများအမြင်အရ လွတ်လပ်ခြင်းမရှိ။ အတိုက်အခံများကိုလည်း ဦးချိုးထားပြီး မီဒီယာသည်လည်း ကန့်သတ်ခံရသည်။ လူကာသျှန်ကိုနှင့် အခြား ဘယ်လာရုမှအရာရှိကြီးများကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည်။ မဲခိုး၍နိုင်သည်ဟု အလွန်နာမည်ကြီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ အလွန်အားကောင်းခဲ့ပြီး သူအုပ်ချုပ်သည့်သက်တမ်းတလျှောက် အကြီးဆုံးဟု ဆိုနိုင်သည်။ အဆိုပါဆန္ဒပြသူတို့သည်လည်း အာဏာပိုင်တို့၏ အကြမ်းဖက်ဖြိုခွင်းမှုနှင့် ကြုံရသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးမှ စက်တင်ဘာလ ၁ ရက်တွင်ထုတ်သောစာ၌ ဖမ်းဆီးထားသူ အယောက် ၄၅၀ ခန့်ကို နှိပ်စက်ညှင်းပန်းမှုများ ရှိခဲ့ပြီး လိင်အကြမ်းဖက်မှုနှင့် အဓမ္မမှုများလည်း ပါကြောင်း ဆိုသည်။ ၎င်းရွေးကောက်ပွဲရလဒ်ကို ယူနိုက်တက်ကင်းဒံးဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က အသိအမှတ်မပြုချေ။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads