အဝိဟာ
From Wikipedia, the free encyclopedia
Remove ads
အဝိဟာဘုံ ဆိုသည်မှာ အချိန်ကာလ အနည်းငယ်နှင့် မိမိရောက်နေသောနေရာဘုံကို မစွန့်လွှတ်သော ဗြဟ္မာများ၏ နေရာဘုံဖြစ်သည်။ အဝိဟာဘုံသည် ဝေဟပ္ဖိုလ်ဘုံနှင့် အသညသတ်ဘုံတို့မှ ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင်ကွာဝေးသည်။
အဝိဟာဘုံသို့ ကသိုဏ်း(၁၀)ပါး၊ အာနာပါနဿတိ၊ ဥပေက္ခာ ဗြဟ္မဝိဟာရ စသောကမ္မဌာန်းတရား (၁၂)ပါးထဲမှ တစ်ပါးပါးကို အားထုတ်၍ ပထမဈာန်ကိုရလာသော အနာဂါမိဖလဋ္ဌာန်၊ အရိယာပုဂ္ဂိုလ်များမှ ရောက်နိုင်သည်။ ထိုပုဂ္ဂိုလ်များသည် မိမိတို့ရရှိထားသော ပထမဈာန်ကို ပွားများသောအခါ သဒ္ဓိန္ဒြေလွန်ကဲသူများ ဖြစ်ကြသည်။ ထို့ကြောင့် အဝိဟာဘုံကို ရောက်လာခြင်း ဖြစ်သည်။ အဝိဟာဘုံ၏ ပဋိသန္ဓေစိတ်သည် ရူပပဉ္ဖမဈာဉ်ဝိပါက်စိတ်ဖြစ်သည်။ ထိုဘုံတွင် အနာဂါမိဖလဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန်၊ အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်(၃)ယောက်ရသည်။ သက်တမ်းအားဖြင့် ကမ္ဘာပေါင်း တစ်ထောင် အသက်ရှည်သည်။ အဝိဟာဘုံသည် ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်ပေ။ [၁]
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads