သရဝိုင်းခြင်း
From Wikipedia, the free encyclopedia
Remove ads
သဒ္ဒဗေဒ၌ သရဝိုင်းခြင်း (အင်္ဂလိပ်: vowel roundedness) ဆိုသည်မှာ သရသံတစ်ခု ထုတ်လုပ်နေစဉ် နှုတ်ခမ်းကို ဝိုင်းအောင်ပြုလုပ်သည့် ပမာဏကို ရည်ညွှန်းသည်။ သရနှင့်ပတ်သက်၍ နှုတ်ခမ်းပါဝင် ပတ်သက်ခြင်းလည်းဖြစ်သည်။ အဝိုင်းသရတစ်ခုကို အသံထွက်သောအခါ နှုတ်ခမ်းသည် စက်ဝိုင်းပုံစံအနေအထားသို့ ဖြစ်ပေါ်သွား၍ အပြန့်သရတစ်ခုကို အသံထွက်ရှိသည့်အခါ နှုတ်လမ်းသည် အနားယူသည့်အနေအထားဖြင့် (ဖြန့်၍) ရွတ်ဆိုသည်။ ဘာသာစကားအများစုတွင် အရှေ့သရများသည် အများအားဖြင့် အပြန့်သရများဖြစ်နိုင်ကာ အနောက်သရများသည် အဝိုင်းသရများအဖြစ် အနေအထားပိုများသည်။ သို့ရာတွင် ပြင်သစ်၊ ဂျာမန်နှင့် အိုက်စလန်တို့ကဲ့သို့သော ဘာသာစကားအချို့၌ နိမ့်မြင့်ပမာဏ (အဖွင့်/အပိတ်) တူညီသော အရှေ့သရများကို အဝိုင်းနှင့် အပြန့်ဟူ၍ ခွဲခြားထားလေသည်။ ဗီယက်နမ်စကားတွင်လည်း နိမ့်မြင့်တူညီသော အနောက်သရများကို အဝိုင်း၊ အပြန့်ဟူ၍ပင် ကွဲစေသည်။ အလက်ကာနို (Alekano) ဘာသာစကားတွင်မူ အပြန့်သရများသာရှိသည်။[၁] နိုင်ငံတကာသဒ္ဒဗေဒအက္ခရာ သရဇယား၌ အဝိုင်းသရများကို သရစုံလိုက်နေရာများတွင် ညာဘက်မှရေးသားသည်။ အသေးစိတ်အသံထုတ်လုပ်မှုကို ဖော်ပြပေးသော ဖြည့်စွက်အသံသင်္ကေတ (diacritics) များလည်းရှိသေးသည်။ U+0339 ̹ combining right half ring below and U+031C ̜ combining left half ring below တို့သည် နှုတ်ခမ်းဝိုင်းခြင်းကိစ္စ၌ ပို၍ ဝိုင်းရန် (သို့) ပြေရန်အတွက် ညွှန်ကြားပြသကြသည်။ ထို့ကြောင့် [o̜] သည် [o] ထက်ပို၍ ဝိုင်းခြင်းနည်းပြီး၊ [o̹] သည် ပို၍ ဝိုင်းပေးရသည် (အခြေခံသရ [u]) ဘက်ဆီသို့ ပိုနီးကပ်သည်) ။ ဤ ဖြည့်စွက်အသံသင်္ကေတများကို အပြန့်သရများတွင်လည်း အသုံးပြုကြရာ ဥပမာ : [ɛ̜] သည် အခြေခံသရ [ɛ] ထက် နှုတ်ခမ်းကို ပို၍ဖြန့်ရပြီး၊ [ɯ̹] သည် အခြေခံသရ [ɯ] ထက်ပို၍ နှုတ်ခမ်းဖြန့်ခြင်း နည်းရပေသည်။[၂]
Remove ads
နှုတ်ခမ်းဝိုင်းသည့်ပုံစံများ
Example 1
Protruded rounding
Compressed rounding
Example 2
Protruded rounding
Compressed rounding
နှုတ်ခမ်းကို ဝိုင်းအောင်ပြုခြင်း၌ ပုံစံနှစ်မျိုးရှိ၏။ နှုတ်ခမ်းဆူ၍ဝိုင်းခြင်း (protrusion) နှင့် နှုတ်လမ်းဖိကပ်၍ဝိုင်းခြင်း (compression) တို့ဖြစ်ကြသည်။[၃][၄][၅]
နှုတ်ခမ်းဆူ၍ဝိုင်းရာ၌ ပါးစပ်ထောင့်များကို ဆွဲ့စေ့၍ဝိုင်းကာ နှုတ်ခမ်းသည် ပြွန်သဖွယ် ဖြစ်ပေါ်သည်။ နှုတ်ခမ်းအတွင်းသားမျက်နှာပြင်ကို မြင်နိုင်၏။ ချပ်၍ဝိုင်းရာ၌ နှုတ်ခမ်းထောင့်များကို ဆွဲ့စေ့၍ပင်ဝိုင်းသည်။ သို့သော် နှုတ်ခမ်းများကို ရေပြင်ညီအနေအထားဖြင့် ဆွဲ့ကျုံ့ (ဖိသိပ်) လိုက်ခြင်းဖြစ်သည်။ ထိုအနေအထားတွင် အပြင်မျက်နှာပြင်ကိုသာ မြင်နိုင်၏။ ဆိုလိုသည်မှာ (နှုတ်ခမ်း)ဆူသရများ၌ နှုတ်ခမ်းသား၏အတွင်းမျက်နှာပြင်သည် အဝဖြစ်ရာ နောက်ထပ်ဝေါဟာရတစ်မျိုးဖြင့် "endolabial" ဟု ခေါ်ဆိုကြသည်။ (နှုတ်ခမ်း)ချပ်သရများ၌ အဝဖြစ်သည်မှာ နှုတ်ခမ်းအပြင်မျက်နှာပြင် ဖြစ်၍ "exolabial" ဟု အခြားဝေါဟာရဖြင့်လည်း သုံးစွဲကြသည်။တမ်းပလိတ်:Harvtxt က ဂျာမန်စကားရှိ အနောက်နှင့် အလယ်သရများကို လေ့လာခဲ့သည်။ နမူနာအနေဖြင့် /o/ နှင့် /u/ တို့သည် ဆူ၍ဝိုင်းခြင်းဖြစ်ကာ အရှေ့အဝိုင်းသရများဖြစ်သည့် /ø/ နှင့် /y/ တို့သည်ကား ချပ်၍ဝိုင်းခြင်းဖြစ်ပေသည်။ ဤသို့ အနောက် (သို့) အလယ် ချပ်သရများနှင့် အရှေ့ဆူသရများမှာ ပုံမှန်အားဖြင့် မရှိချေ (ဘာသာစကားတစ်ခု၌ တွဲ၍မရှိတတ်ချေ)။[၆] ထိုပုံစံနှစ်မျိုးကြား သိသာသော ကွာခြားမှုကို (ယခုထိ) ဤသံရင်းဆိုင်ရာ နမူနာတစ်ခု၌သာ တွေ့ရသေးသည်။[၇]
နိုင်ငံတကာသဒ္ဒဗေဒအက္ခရာ၌ ဤကွဲပြားမှုကို ညွှန်းဆိုသော ဖြည့်စွက်အသံသင်္ကေတများမရှိပေ။ အက္ခရာအပေါ်သင်္ကေတ တမ်းပလိတ်:IPAalink သို့ တမ်းပလိတ်:IPAalink ကို သုံး၍ ချပ်ဝိုင်းခြင်း (compression) အားပြဆိုနိုင်ကာ[၈] ⟨◌ʷ⟩ ကို သုံး၍ ဆူဝိုင်းခြင်း (protrusion) ကို ညွှန်ပြနိုင်ပေသည်။ နှုတ်ခမ်း ချပ်သရများကို အချို့အဓိပ္ပာယ်ဖွင်ဆိုချက်များအရ ပါးစပ်ထောင့်ကို အတွင်းသိုဆွဲ၍ အဝိုင်းပုံစံ အသံထွက်နိုင်သလို ထိုတူညီသောအဓိပ္ပာယ်ဖွင်ဆိုချက်အချို့အရ နှုတ်ခမ်းများကိုဖြန့်၍ အပြန့်ပုံစံလည်း အသံထွက်ရှိနိုင်သည်။ ဤကွဲပြားမှုကို အောက်ပါအတိုင်း အသံဖလှယ်၍ ရေးသားနိုင်သည်။ ⟨တမ်းပလိတ်:IPAplinkᵝ uᵝ⟩ vs ⟨တမ်းပလိတ်:IPAplinkᵝ ɯᵝ⟩ (or ⟨ʉᶹ uᶹ⟩ vs ⟨ɨᶹ ɯᶹ⟩) ဟူ၍ဖြစ်သည်။[၉]
နှုတ်ခမ်းဝိုင်းပုံစံ နိုင်ငံတကာအသံထွက်အက္ခရာများဖြင့် ရေးသားထားသော အချို့သောသရများကို လုံးဝအဝိုင်းပုံစံဖြင့် ထွက်ချင်မှထွက်ပေမည်။ ဥပမာအားဖြင့် အင်္ဂလိပ်သရ "lot" တွင်ပါသော /ɒ/ အသံသည် ဗြိတိသျှအများလက်ခံအသံထွက် (RP) ၌ နှုတ်ခမ်းဝိုင်းမှုရှိလျှင်တောင်မှ မသိသာသလောက်သော ဝိုင်းခြင်းဖြစ်သည်။ ထိုသရသံကို ထိုသို့ဝိုင်းမှထွက်ရမည့်အစား အာခေါင်သံ/လည်ချောင်းသံ ဖြင့်လုပ်ဆောင်နိုင်ကာ "nurse" စကားလုံးပါ /ɜː/ ၌တွေ့ရသော သရသံသည် လျှာကိုနောက်သို့လိပ်၍ အာခေါင်သံ/လည်ချောင်းသံဖြင့် လုပ်ဆောင်ကြသည်။[၁၀]
Remove ads
နှုတ်ခမ်းဖြန့်ခြင်းနှင့် ပုံမှန်သဘာဝ
အပြန့်သရများကို အုပ်စုနှစ်ခုခွဲခြားနိုင်ရာ "အပြန့်" နှင့် "ပုံမှန်" ဟူ၍ဖြစ်သည်။ အရှေ့သရ များကို များသောအားဖြင့် နှုတ်ခမ်းကိုဖြန့်၍ အသံထွက်ရှိကြပြီး ထိုသို့ဖြန့်ခြင်းသည် သရ၏အမြင့် (လျှာအမြင့်) (ဥပမာ "အီ" သရ) များလေလေလေ ပိုမိုသိသာလေလေဖြစ်သည်။[၁၁] အဖွင့်သရများသည် အများအားဖြင့် ပုံမှန်သဘောဖြစ်တတ်၏။ ဆိုလိုသည်မှာ ဝိုင်းခြင်းလည်းမဟုတ် ဖြန့်ခြင်းလည်းမဟုတ်ပေ။ ဖွင့်ထားသောမေးရိုးသည် နှုတ်ခမ်း ဝိုင်းခြင်း၊ ဖြန့်ခြင်းကို အတိုင်းအတာတစ်ခုအထိသာ ခွင့်ပြုသောကြောင့်ပင်ဖြစ်သည်။[၁၂] ဤအချက်ကို နိုင်ငံတကာသဒ္ဒဗေဒ အနက်ဖွင့်ခြင်း၌ အခြေခံအကျဆုံးသရတစ်ခုဖြစ်သော [a] တွင် ညွှန်းဆိုဖော်ပြထား၍ မဝိုင်း မပြန့်ဟူ၍ ဖြစ်သည်။[၁၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads