အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန

From Wikipedia, the free encyclopedia

အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန
Remove ads

အ​သေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန (အင်္ဂလိပ်: Small-Scale Industries Department) သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

အိမ်တွင်းစက်မှုလက်မှုဌာန အဖြစ် ဒုတိယကမ္ဘာစစ် မတိုင်မီကပင် တည်ထောင်ခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် စက်မှုလက်မှုညွှန်ကြားရေးဌာန အဖြစ်သို့ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုညွှန်ကြားရေးဌာနသည် ပုဂ္ဂလိက စက်မှုလက်မှု လုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးအတွက် လွှဲပြောင်းတာဝန် ယူခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် စက်မှုဝန်ကြီးဌာန လက်အောက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည် ၁၉၇၆ ခုနှစ်တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။၂၁.၂.၁၉၇၄ ခုနှစ်တွင် သမဝါယမဝန်ကြီးဌာန လက်အောက်သို့ ထပ်မံ ပြောင်းခဲ့ပြီး ၃၀.၃.၁၉၇၆ ခုနှစ်တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ရက်ကန်းကျောင်း (၁၄) ကျောင်းကို ပညာရေးဝန်ကြီးဌာန၊ စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာ ဦးစီးဌာန လက်အောက်မှ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသို့ လွှဲပြောင်းခဲ့သည်။ ၁၉၉၇ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအဝေး(၂၄/၉၇)၏ သဘောတူညီချက်အရ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကို ဦးစီးဌာန အဆင့် (၁)သို့ တိုးမြှင့် ဖွဲ့စည်းခွင့် ပြုခဲ့သည်။၂၀၁၁ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကို အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအဖြစ် အမည်ပြောင်းလဲခဲ့သည်။[][]

၂၀၂၁ခုနှစ် ဇွန်လတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဖွဲ့စည်းချိန်တွင် ထိုဝန်ကြီးဌာနအောက်သို့ ပြောင်း၍ ဖွဲ့စည်းခဲ့သည်။

Remove ads

ဖွဲ့စည်းပုံ

အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနလက်အောက်ရှိ ဌာနခွဲများမှာ

  • စီမံကိန်းဌာနခွဲ
  • စီမံခန့်ခွဲရေးဌာနခွဲ
  • လေ့ကျင့်ရေးဌာနခွဲ
  • စက်မှုလက်မှုဌာနခွဲ
  • ဘဏ္ဍာရေးဌာနခွဲ
  • သုတေသနဌာနခွဲ တို့ ဖြစ်သည်။

လေ့ကျင့်ရေးဌာနခွဲလက်အောက်တွင် ယွန်းပညာကောလိပ် (ပုဂံ)နှင့် ဆောင်းဒါးရက်ကန်းကျောင်း(အမရပူရမြို့)၊ အထက်တန်းရက်ကန်းကျောင်းများ (ဖလမ်း၊ မုံရွာ၊ မိတ္ထီလာ၊ ရွှေတောင်၊ ပခုက္ကူ၊ မုဒုံ၊ စစ်တွေ၊ တောင်ကြီး)နှင့် အခြေခံရက်ကန်းကျောင်းများ (မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ မင်းတပ်၊ ကျောက်မဲ) တို့ပါဝင်သည်။

Remove ads

လုပ်ငန်းတာဝန်များ

အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏လုပ်ငန်းတာဝန်များမှာ

  • အသေးစားစက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေးဥပဒေအရ အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မှတ်ပုံတင်ခြင်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊
  • စက်မှုထုတ်ကုန် သမဝါယမအသင်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများအား နည်းပညာ အကူအညီပေးခြင်း နှင့်
  • ဆောင်းဒါး ရက်ကန်းကျောင်း၊ ပြည်နယ်/တိုင်းများတွင် ဖွင့်လှစ်ထားသည့် ရက်ကန်းကျောင်းများ၊ ပုဂံမြို့ရှိ ယွန်းပညာကောလိပ်တို့ကို ကြီးကြပ်ကွပ်ကဲခြင်း တို့ ဖြစ်သည်။

စီမံကိန်းဌာနခွဲ

စီမံကိန်းဌာနခွဲ၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • စီမံကိန်းရေးဆွဲခြင်း
  • လုပ်ငန်းတိုးတက်မှုအစီရင်ခံခြင်း
  • ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်း
  • နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း
  • အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်း
  • ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း
  • အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းစီမံကိန်းအား တာဝန်ယူဆောင်ရွက်ခြင်း
  • SME ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

စီမံခန့်ခွဲရေးဌာနခွဲ

စီမံခန့်ခွဲရေးဌာနခွဲသည် အောက်ပါ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များနှင့် ဝန်ထမ်းရေးရာများကို ဆောင်ရွက်သည်။

  • မြေယာနှင့် အဆောက်အအုံပြုပြင်ထိန်းသိမ်းခြင်း၊
  • အထွေထွေစီမံခန့်ခွဲခြင်း၊
  • ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းကိုယ်ရေးမှတ်တမ်းများ အစီရင်ခံခြင်း၊
  • ပြည်ပသင်တန်းများနှင့် အစည်းအဝေးများအတွက် အမည်စာရင်းများ ရွေးချယ်ပေးပို့ခြင်း၊

စက်မှုလက်မှုဌာနခွဲ

  • စက်မှုလက်မှုနည်းပညာ စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အကြံပေး ခြင်း
  • စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်း နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း
  • စက်မှုလက်မှုလုပ်ငန်းများသို့ ဒီဇိုင်းများ၊ နည်းပညာနှင့် ပံ့ပိုးမှုများ ရောက်ရှိရေး အကူအညီပေးရေး
  • စက်မှုနည်းပညာများကို လွှဲပြောင်းပေးခြင်း
  • စက်မှုလက်မှုလုပ်ငန်းသစ်များ ထူထောင်နိုင်ရေးအတွက် အကူအညီပေးခြင်း
  • သမဝါယမစက်မှုလက်မှုလုပ်ငန်းများနှင့်ပုဂ္ဂလိက အသေးစားစက်မှုလက်မှုလုပ်ငန်းများ အတွက် စက်မှုလက်မှုအထောက်အကူပြု စက်မှုနှင့်ကျွမ်းကျင်မှုလုပ်ငန်းများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်း။

စက်မှုလက်မှုဌာနခွဲမှ အောက်ပါသင်တန်းများကိုလည်း သင်ကြားပို့ချပေးနေသည်။

  • အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်း
  • အခြေခံလျှပ်စစ်ကျွမ်းကျင်မှုသင်တန်း
  • တွင်ခုံ၊ ဖောက်ခုံ သင်တန်း
  • သစ်သားထည်အခြေခံ ပရိဘောဂသင်တန်း
  • ဝါးလက်မှုထည်သင်တန်း

ဘဏ္ဍာရေးဌာနခွဲ

ဘဏ္ဍာရေးဌာနခွဲသည် အောက်ပါ လုပ်ငန်းစဉ်များနှင့် ဝင်ငွေနှင့် အသုံးစရိတ်များကို သမဝါယမဝန်ကြီးဌာနသို့ ပုံမှန်တင်ပြခြင်း များ ဆောင်ရွက်သည်။

  • Budget estimate များ
  • Revised estimate များ
  • Estimation on supplementary grant များ
  • လစာနှင့် စာရင်းများ
  • ဌာနတွင်း စာရင်းစစ်ဆေးခြင်းများ
  • Non budgetary matter များ
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads