အာကာသာနဉ္စာယတန

From Wikipedia, the free encyclopedia

Remove ads

အာကာသာနဉ္စာယတနဘုံ ဆိုသည် အာကာသာနဥစ္စာယတန ဝိပါက် နာမက္ခန္ဓာတရားလေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရားလေးပါးနှင့် ပိုင်းခြားထားသည့် ကောင်းကင်အရပ်ကို ခေါ်သည်။ အကနိဋ္ဌဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။ အာကာသာနဉ္စာ ယတနဘုံဟု ဆိုသော်လည်း ပုံသဏ္ဌာန်အထင်အရှားမရှိပေ။ အာကာသာနဉ္စာ ယတနဘုံကို သိလွယ်အောင် ပုံသဏ္ဌာန်ဖြင့် ဖော်ပြရလျှင် ဝိုင်းဝိုင်းဝန်းဝန်း ဝ-အက္ခရာ ကွင်းပြီးရေးသားဖော်ပြသင့်သည်။

သဒ္ဒါကျမ်းပြုဆရာ အရှင်အနုရုဒ္ဓါထေရ်က `အရူပဘူမိ'ဟု ဘူမိသဒ္ဒါနှင့် အသုံးပြုထားသည်ကို တွေ့ရသည်။ အာကာသာနဉ္စာ ယတနဘုံတွင် ရူပက္ခန္ဓာ မရှိ၊ နာမ်ခန္ဓာ သက်သက်ဘဲရှိ၍ ဘုံမခေါ်ဆိုနိုင်၊ ဘုံမမည်နိုင်ဘူးဟု အယူမှားများ မဝင်ရအောင် ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း ဖြစ်သည်။ ဘုံဗိမာန်တွေမရှိ၍ ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း မဟုတ်ပေ။

အာကာသာနဉ္စာ ယတနဘုံတွင် တိဟိတ်ပုထုဇဉ်တစ်ယောက်နှင့် သောတာပတ္ထိမဂ္ဂဌာန် ပုဂ္ဂိုလ်ကြဉ်တဲ့ အရိယာပုဂ္ဂိုလ် (၇)ယောက်ရသည်။ အာကာသာနဉ္စာ ယတနဘုံကို ရောက်လာသော ပုဂ္ဂိုလ်များသည် အာကာသာနဉ္စာ ယတနဈာန်ကို ရကြသည်။ ထိုဈာဉ်ကို ရရန်အတွက် ကသိဏုဂ ္ဃာဒိမာကာသ ခေါ်သော ကောင်းကင်ပညတ်ကို အနန္တေအာကာသော၊ အနန္တောအာကာသော ဟု ကမ္မဋ္ဌာန်း စီးဖြန်းကြရသည်။

အာကာသာနဉ္စာ ယတနဘုံ၏ ပဋိသန္ဓေစိတ်သည် အာကာသာနဉ္စာ ယတန ဝိပါက်စိတ်ဖြစ်သည်။ အာကာသာနဉ္စာ ယတနဘုံရှိ ဗြဟ္မာများသည် သက်တမ်းအားဖြင့် ကမ္ဘာနှစ်သောင်း အသက်ရှည်သည်။ အာကာသာနဉ္စာ ယတနဘုံသည် ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်ပေ။ []

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads