အာကိဉ္စညာယတန

From Wikipedia, the free encyclopedia

Remove ads

အာကိဉ္စ ညာယတနဘုံ ဆိုသည် အာကိဉ္စ ညာယတန ဝိပါက် နာမက္ခန္ဓာတရားလေးပါး၊ ထို ဝိပါက် နာမက္ခန္ဓာတရားလေးပါးနှင့် ပိုင်းခြားထားသည့် ကောင်းကင်အရပ်ကို ခေါ်သည်။ ဝိညာဏဉ္စာယတနဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။ အာကိဉ္စ ညာယတနဘုံဟု ဆိုသော်လည်း ပုံသဏ္ဌာန်အထင်အရှားမရှိပေ။ အာကိဉ္စ ညာယတနဘုံကို သိလွယ်အောင် ပုံသဏ္ဌာန်ဖြင့် ဖော်ပြရလျှင် ဝိုင်းဝိုင်းဝန်းဝန်း ဝ-အက္ခရာ ကွင်းပြီးရေးသားဖော်ပြသင့်သည်။

သဒ္ဒါကျမ်းပြုဆရာ အရှင်အနုရုဒ္ဓါထေရ်က `အရူပဘူမိ'ဟု ဘူမိသဒ္ဒါနှင့် အသုံးပြုထားသည်ကို တွေ့ရသည်။ အာကိဉ္စ ညာယတနဘုံတွင် ရူပက္ခန္ဓာ မရှိ၊ နာမ်ခန္ဓာ သက်သက်ဘဲရှိ၍ ဘုံမခေါ်ဆိုနိုင်၊ ဘုံမမည်နိုင်ဘူးဟု အယူမှားများ မဝင်ရအောင် ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း ဖြစ်သည်။ ဘုံဗိမာန်တွေမရှိ၍ ဘူမိသဒ္ဒါကို ထည့်သုံးထားခြင်း မဟုတ်ပေ။

အာကိဉ္စ ညာယတနဘုံတွင် တိဟိတ်ပုထုဇဉ်တစ်ယောက်နှင့် သောတာပတ္ထိမဂ္ဂဌာန် ပုဂ္ဂိုလ်ကြဉ်တဲ့ အရိယာပုဂ္ဂိုလ် (၇)ယောက်ရသည်။ အာကိဉ္စ ညာယတနဘုံကို ရောက်လာသော ပုဂ္ဂိုလ်များသည် အာကိဉ္စာညာယတနဈာန်ကို ရကြသည်။ ထိုဈာဉ်ကို ရရန်အတွက် အာကိဉ္စ ညာယတန ပထမာရုပ္ပဝိညာဏ်၏ စိုးစဉ်းမျှ အကြွင်းမရှိသော နတ္ထိဘောပညတ်ကို အာရုံပြု၍ နတ္ထိကိဉ္စိ၊ နတ္ထိကိဉ္စိ ဟု အဖန်ဖန် ကမ္မဋ္ဌာန်း စီးဖြန်းကြရသည်။

အာကိဉ္စ ညာယတနဘုံ၏ ပဋိသန္ဓေစိတ်သည် အာကိဉ္စ ညာယတန ဝိပါက်စိတ်ဖြစ်သည်။ အာကိဉ္စ ညာယတနဘုံရှိ ဗြဟ္မာများသည် သက်တမ်းအားဖြင့် ကမ္ဘာခြောက်သောင်း အသက်ရှည်သည်။ အာကိဉ္စ ညာယတနဘုံသည် ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်ပေ။ []


Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads