အာဆီယံဘောလုံးအဖွဲ့ချုပ်

From Wikipedia, the free encyclopedia

အာဆီယံဘောလုံးအဖွဲ့ချုပ်
Remove ads

အာဆီယံဘောလုံးအဖွဲ့ချုပ် (အင်္ဂလိပ်: ASEAN Football Federation; အတိုကောက် AFF) သည် အာရှ ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်ရှိ ဘောလုံးအဖွဲ့ချုပ်ခွဲတစ်ခု ဖြစ်သည်။ အာဆီယံဒေသကို ဗဟိုပြုကာ ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်းအင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်စင်ကာပူနှင့် ထိုင်းနိုင်ငံများဖြင့် စတင်တည်ထောင်ခဲ့သည်။ အာဆီယံမှာ အရှေ့တောင်အာရှနိုင်ငံများအသင်းဟု ဆိုသော်လည်း အရှေ့တီမောနှင့် ဩစတြေးလျတို့လည်း အဖွဲ့ချုပ်တွင် ပါဝင်သည်။[]

အချက်တိုများ ဖွဲ့စည်းခြင်း, အမျိုးအစား ...

၁၉၉၆ ခုနှစ်တွင် ကမ္ဘောဒီးယားလာအိုမြန်မာနှင့် ဗီယက်နမ်တို့ ပါဝင်လာသည်။ ၂၀၀၄ တွင် အရှေ့တီမော၊ ၂၀၁၃ တွင် ဩစတြေးလျတို့ အသီးသီး ပါဝင်လာသည်။

၁၉၉၆ တွင် ထိုစဉ်က တိုက်ဂါးဖလားဟု လူသိများသော အရှေ့တောင်အာရှချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ (AFF Championship) ကို စတင်ကျင်းပခဲ့သည်။

Remove ads

သမိုင်းကြောင်း

ဂျကာတာတွင်ပြုလုပ်သော မူလတည်ထောင်အဖွဲ့ဝင်၆နိုင်ငံ (ဘရူနိုင်းအင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်စင်ကာပူနှင့် ထိုင်းနိုင်ငံ) အစည်းအဝေးမှအစပြု၍ အာဆီယံဘောလုံးအဖွဲ့ချုပ်ကို ၁၉၈၄ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ဘောလုံးအဖွဲ့ချုပ်ကိုတည်ထောင်ဖြစ်ခဲ့သည့်အစီအစဉ်ဖြစ်လာရခြင်းမှာ ၁၉၈၂ခုနှစ်က ဘန်ကောက်မြို့တွင်ကျင်းပသော တိုက်ခွဲငယ်ဘောလုံးအဖွဲ့ချုပ်ထူထောင်ရေး ကနဦးအစည်းအဝေးမှ စတင်ဖြစ်ပေါ်လာခဲ့သည်။ ထိုအစည်းအဝေးသို့ ဟမ်ဇာ အဘူစာမား၊ ပီတာ ဗယ်လက်ပန်၊ ဟမ်း ပန်ဒလာကီ၊ ဖာနန်ဒို ဂျီ.အယ်ဗာရက်၊ ပီစစ် ငန်ပန်နစ်၊ တျိုချောင်တီးနှင့် ရပ်ဘွန်ချွမ်းတို့တက်ရောက်ခဲ့ကြသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ် ရုံးချုပ်မှာ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ပီတလင်း ဂျာယားမြို့တွင်တည်ရှိသည်။

Remove ads

ဥက္ကဋ္ဌများ

နောက်ထပ် အချက်အလက်များ ဥက္ကဋ္ဌ, တာဝန်ထမ်းနှစ် ...

အဖွဲ့ဝင်များ

AFFတွင် အဖွဲ့ဝင်၁၂နိုင်ငံပါဝင်ပြီး အားလုံးမှာ အာရှ ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်ရှိ ဘောလုံးအဖွဲ့ချုပ်များပင်ဖြစ်သည်။

နောက်ထပ် အချက်အလက်များ ကုဒ်, အဖွဲ့ချုပ် ...

ယှဉ်ပြိုင်မှုများ

နိုင်ငံတကာ

အာဆီယံ​ဆူဇူကီးဖလား(AFF Championship) နှင့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ (AFF Women's Championship ) တို့ကို ၂ နှစ်တစ်ကြိမ် ကျင်းပပြီး အာဆီယံ၏ ချန်ပီယံအဖြစ် သတ်မှတ်သည်။

ဖူဆယ်ဘောလုံး၊ ကမ်းခြေဘောလုံး၊ အသက်အရွယ်အလိုက် ယူ-၁၆၊ ယူ-၁၉၊ယူ-၂၃ စသည့် အမျိုးသား၊ အမျိုးသမီးဘောလုံးပွဲများကိုလည်း ကျင်းပလေ့ရှိသည်။

ကလပ်

ဘောလုံးကလပ်အသင်းများအတွက် ပြိုင်ပွဲအဖြစ် မဲခေါင်ကလပ်ချန်ပီယံရှစ်ကို ၂၀၁၄ မှစ၍ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ နိုင်ငံ ၆ နိုင်ငံအနက် ၅ နိုင်ငံ (ကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ထိုင်း နှင့် ဗီယက်နမ်) ယှဉ်ပြိုင်ကြသည်။

ထို့အပြင် အာဆီယံဖူဆယ်ကလပ်အသင်းများပြိုင်ပွဲ (AFF Futsal Club Championship)ကိုလည်း နှစ်စဉ် ကျင်းပလေ့ရှိသည်။

လက်ရှိချန်ပီယံများ

Remove ads

အဆင့်သတ်မှတ်ချက်များ

နောက်ထပ် အချက်အလက်များ AFC, FIFA ...

Elo အဆင့်သတ်မှတ်ချက်

အဆင့်သတ်မှတ်ချက်များ ကို အီလို ဝက်ဘ်ဆိုဒ်မှ တွက်ချက်သည်။

နောက်ထပ် အချက်အလက်များ AFF, AFC ...

Last updated 24 June 2019
*အဆင့်ပြောင်းလဲမှုများမှာ www.eloratings.net မှ ၃လတာ အဆင့်ပြောင်းလဲမှုများကို အခြေခံ၍သတ်မှတ်သည်။

အမျိုးသမီးလက်ရွေးစင်အသင်းများ

နောက်ထပ် အချက်အလက်များ AFC, FIFA ...
Remove ads

ပေးအပ်သောဆုများ

အာဆီယံဘောလုံးအဖွဲ့ချုပ်၏ဆုပေးပွဲများကို ၂ နှစ်တစ်ကြိမ် ကျင်းပသည်။

အာဆီယံချစ်ကြည်ရေးဆု

နောက်ထပ် အချက်အလက်များ နှစ်, လက်ခံရရှိသူ ...

AFF အကောင်းဆုံးအဖွဲ့ချုပ်ဆု

နောက်ထပ် အချက်အလက်များ နှစ်, အဖွဲ့ချုပ် ...

AFF အကောင်းဆုံးလက်ရွေးစင်အသင်းဆု

နောက်ထပ် အချက်အလက်များ နှစ်, လက်ရွေးစင်အသင်း (အမျိုးသား) ...

AFF အကောင်းဆုံးကစားသမားဆု (အမျိုးသား)

နောက်ထပ် အချက်အလက်များ နှစ်, အမည် ...

AFF အကောင်းဆုံးကစားသမားဆု (အမျိုးသမီး)

နောက်ထပ် အချက်အလက်များ နှစ်, အမည် ...

AFF အကောင်းဆုံးလူငယ်ကစားသမားဆု

နောက်ထပ် အချက်အလက်များ နှစ်, အမည် ...

AFF အကောင်းဆုံးဖူဆယ်အသင်းဆု

နောက်ထပ် အချက်အလက်များ နှစ်, ဖူဆယ်လက်ရွေးစင်အသင်း ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads