ဩစတြေးလျ အမျိုးသား ဘောလုံးအသင်း

From Wikipedia, the free encyclopedia

Remove ads

ဩစတြေးလျ အမျိုးသား ဘောလုံးအသင်းသည် ဩစတေးလျနိုင်ငံကိုယ်စားပြု အမျိုးသား ဘောလုံးအသင်းဖြစ်သည်။ Socceroos နာမည်ပြောင်ခေါ်ကြသော ဩစတေးလျဘောလုံးအသင်းသည် ယခုလက်ရှိတွင် အာရှဘာလုံးအဖွဲ့ချုပ် (Asian Football Confederation (AFC))နှင့် ဒေသတွင်း အာဆီယံဘောလုံးအဖွဲ့ချုပ် (ASEAN Football Federation (AFF))တို့တွင် အဖွဲ့ဝင်ဖြစ်သော အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဩစတေးလျနိုင်ငံဘောလုံးအဖွဲ့ချုပ် (Football Federation Australia (FFA))၏ အုပ်ချုပ်ကွပ်ကဲမှုအောက်တွင်ရှိသည်။

အချက်တိုများ အမည်ပြောင်, အဖွဲ့ ...

ဩစတေးလျဘောလုံးအသင်းသည် ဘောလုံးအဖွဲ့ချုပ်ဖလား ၂ မျိုးကို ရရှိခဲ့သော တစ်ခုတည်းသော အသင်းဖြစ်သည်။ သမုဒ္ဒရာပိုင်းဇုံ နိုင်ငံများဖလားကို ၁၉၈၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း လေးကြိမ်ရရှိခဲ့ပြီး အာရှဖလားကို ၂၀၁၅ ခုနှစ် အိမ်ရှင်အဖြစ် ကျင်းပခဲ့သော နှစ်တွင် ရရှိခဲ့သည်။ ဩစတေးလျဘောလုံးအသင်းသည် ဖီဖာကမ္ဘာ့ဖလားဝင်ခွင့်ကို ၁၉၇၄ ခုနှစ်နှင့် ၂၀၀၆ မှ ၂၀၁၈ အထိ စုစုပေါင်း ၅ ကြိမ်အထိ ဝင်ခွင့်ရရှိခဲ့ပြီး ဖြစ်သည်။ ထို့ကဲ့သို့ပင် ဖီဖာတိုက်ကြီးများဖလားကိုလည်း လေးကြိမ်တိုင်တိုင် ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads