အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်

အာဆီယံအသင်း၏ အ​ထွေ​ထွေအတွင်း​ရေးမှူးချုပ် From Wikipedia, the free encyclopedia

Remove ads

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် (အင်္ဂလိပ်: Secretary General of the ASEAN) သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ကာ အာဆီယံ၏ အုပ်ချုပ်မှုဆိုင်ရာ အရာရှိချုပ်ဖြစ်သည်။[]

အချက်တိုများ အရှေ့တောင်အာရှနိုင်ငံများအသင်း ၏ အထွေထွေအတွင်းရေးမှူးချုပ်, စတင်ထမ်းဆောင်သူ ...

အာဆီယံပဋိညာဉ်စာတမ်းပါ သတ်မှတ်ချက်များအရ အထွေထွေအတွင်းရေးမှူးချုပ်ကို အာဆီယံထိပ်သီးအစည်းအဝေးကြီးက ရွေးချယ်ခန့်အပ်ရသည်။ခန့်အပ်ရာတွင် သက်တမ်းတိုးခွင့်မရှိသော (၅)နှစ်သက်တမ်းတစ်ခုအတွက် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားများအတွင်းမှ နိုင်ငံအမည်အက္ခရာစဉ်အလိုက် အလှည့်ကျ ရွေးချယ်ရမည်ဖြစ်သည်။သိက္ခာသမာဓိရှိမှု၊ စွမ်းဆောင်ရည်ရှိမှုအပြင် အသိပညာဆိုင်ရာ အတွေ့အကြုံရှိမှုနှင့် ကျား၊မ တန်းတူရှိမှုကို အခြေခံ၍ ရွေးချယ်ရမည်ဖြစ်သည်။[]

Remove ads

တာဝန်နှင့် ဝတ္တရားများ

  • ပဋိညာဉ်စာတမ်းပါ သတ်မှတ်ချက်များ၊ အာဆီယံစာချုပ်စာတမ်းများ၊ ပရိုတိုကောစာချုပ်များနှင့် အခိုင်အမာလက်ခံကျင့်သုံးနေသော ကျင့်စဉ်များနှင့်အညီ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရမည်။
  • အာဆီယံစာချုပ်များနှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် အဆင်ပြေချောမွေ့စေရန်၊ ကြည့်ရှုစိစစ်စေရန်နှင့် အာဆီယံ၏ လုပ်ငန်းနှစ်ပတ်လည် အစီရင်ခံစာကို ထိပ်သီးအစည်းအဝေးသို့ တင်ပြရမည်။
  • အာဆီယံထိပ်သီးအစည်းအဝေး၊ အာဆီယံအသိုက်အဝန်းကောင်စီများ၊ အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၊ အာဆီယံဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြား သက်ဆိုင်ရာအစည်းအဝေးများ တက်ရောက်ရမည်။
  • အတည်ပြုထားသည့် မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် မိမိအားပေးအပ်ထားသော လုပ်ပိုင်ခွင့်အာဏာနှင့်အညီ ပြင်ပအဖွဲ့အစည်းများနှင့် ပြုလုပ်သည့် အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် အာဆီယံ၏ သဘောထားအမြင်ကို တင်ပြခြင်းပြုရမည်။
  • ဒုတိယအတွင်းရေးမှူးချုပ် ခန့်အပ်ရေး၊ ရပ်စဲရေးအတွက် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီသို့ အတည်ပြုချက်ရယူရန် ထောက်ခံတင်ပြရမည်။
Remove ads

အ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်များ

နောက်ထပ် အချက်အလက်များ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်, အမည် ...
Remove ads

ဒုတိယအတွင်းရေးမှူးချုပ်များ

အထွေထွေအတွင်းရေးမှူးချုပ်ကို ကူညီရန်အတွက် ဒုတိယဝန်ကြီးအဆင့်ရှိသော ဒုတိယအတွင်းရေးမှူးချုပ် (၄)ဦးရှိသည်။ထို (၄)ဦးမှာ အတွင်းရေးမှူးချုပ်နှင့် တစ်နိုင်ငံတည်းမဖြစ်စေရသည့်အပြင် မတူညီသည့် နိုင်ငံအသီးသီးမှ ခန့်အပ်ရမည်ဖြစ်သည်။(၄)ဦးအနက် (၂)ဦးမှာ သက်တမ်းတိုးနိုင်ခြင်းမရှိသည့် (၃)နှစ်ကို ထမ်းဆောင်နိုင်ပြီး ကျန်(၂)ဦးမှာ အရည်အချင်းပေါ်မူတည်၍ နောက်ထပ်(၃)နှစ် သက်တမ်းတိုးနိုင်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads