Remove ads

အာဆီယံ ထိပ်သီးအစည်းအဝေးသည် အာဆီယံနိုင်ငံ​များမှ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများ တက်​ရောက်ရသည့် စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် လူမှုဘဝတိုးတက်ရေးတို့အတွက် ဆွေးနွေးရန် နှစ်စဉ်ကျင်းပသော အစည်းအဝေးဖြစ်သည်။ ထို့အပြင် အခြား​သော နိုင်ငံတကာခေါင်းဆောင်များနှင့်လည်း အစည်းအဝေးပွဲများ တစ်ဆက်တည်း ကျင်းပကြသည်။ ကမ္ဘာ့အဆင့် ရလဒ်များ ထုတ်ပြန်မှုကြောင့် နိုင်ငံတကာ၏ လက်ခံမှုရရှိထားသော အစည်းအဝေးဖြစ်သည်။

အချက်တိုများ ASEAN Summit, အမျိုးစား ...
Remove ads

လုပ်ပိုင်ခွင့်များ

  • အာဆီယံ၏ မူဝါဒချမှတ်ပေးသည့် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်ရမည်။
  • အာဆီယံ၏ ရည်မှန်းချက်များ လက်တွေ့အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသော အဓိကကျသည့် ကိစ္စရပ်များအပေါ်တွင်လည်းကောင်း၊ အသင်းဝင်နိုင်ငံများ၏ အကျိုးစီးပွားအတွက် အရေးကြီးသော ကိစးရပ်များအပေါ်တွင်လည်းကောင်း၊ အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊ အာဆီယံအသိုက်အဝန်းကောင်စီ၊ အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများက တင်ပြလာသည့် ကိစ္စရပ်များအပေါ်တွင်လည်းကောင်း၊ ဆွေးနွေးခြင်း၊ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ခြင်းနှင့် ဆုံးဖြတ်ခြင်းပြုလုပ်ရမည်။
  • သက်ဆိုင်ရာကောင်စီအသီးသီးမှ သက်ဆိုင်ရာဝန်ကြီးများအား ယာယီဝန်ကြီးအဆင့်အစည်းအဝေးများ ကျင်းပရန် လမ်းညွှန်ခြင်းနှင့် အသိုက်အဝန်းကောင်စီတစ်ခုထက်မက ကျော်လွန်သက်ရောက်မှုရှိသည့် အာဆီယံနှင့် ပက်သက်သော အရေးကြီးသော ကိစ္စရပ်များကို အရေးယူဆောင်ရွက်ရန် ညွှန်ကြားရမည်။အဆိုပါအစည်းအဝေးများကျင်းပရန် လုပ်ထုံးလုပ်နည်းများကို အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ချမှတ်ပေးရမည်။
  • အာဆီယံနိုင်ငံများအပေါ် ထိခိုက်မှုရှိမည့် အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဆောင်ရွက်ရန် သင့်လျော်သည့် အရေးယုဆောင်ရွက်မှုများ ပြုလုပ်ရမည်။
  • အာဆီယံပဋိညာဉ်စာတမ်းပါ အခန်း(၇) - ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အခန်း(၈) - အငြင်းပွားမှုများကို ဖြေရှင်းခြင်း တို့အပေါ် ဆုံးဖြတ်ပေးရမည်။
  • အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြားသောအာဆီယံအဖွဲ့အစည်းများ ခူထောင်ခြင်းနှင့် ဖျက်သိမ်းခြင်းအပေါ် ခွင့်ပြုချက်ပေးရမည်။
  • ဝန်ကြီးအဆင့်ရှိသော အထွေထွေအတွင်းရေးမှူးချုပ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ထောက်ခံချက်အရ အကြီးအကဲများ၏ ယုံကြည်အားရနှစ်ခြိုက်မှုဖြင့် ခန့်အပ်ရမည်။
Remove ads

သမိုင်း​ကြောင်း

ပထမဆုံးအစည်းအဝေးကို ၁၉၇၆ ဖေဖော်ဝါရီတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ ကျင်းပခဲ့သည်။ ဤပွဲတွင် အာဆီယံ၏ ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေးအသွင်ကို ပြသခဲ့သည်။ ချစ်ကြည်ရေးနှင့် ပူးပေါင်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ

အာဆီယံထိပ်သီးအစည်းအ​ဝေးမှာ အာဆီယံ၏ မူ​ဝါဒ​ရေးရာ အဆင့်မြင့်အစည်းအ​ဝေးတစ်ခုဖြစ်သည်။ထိုအစည်းအ​​ဝေးသို့ နိုင်ငံ​တော်​ခေါင်း​ဆောင်များ၊ အစိုးရအဖွဲ့​ခေါင်း​ဆောင်များ တက်​ရောက်ကြသည်။အာဆီယံအလှည့်ကျဥက္ကဋ္ဌမှာ နိုင်ငံ၏ အင်္ဂလိပ်စကားလုံး​ပေါ်တွင် အစဉ်လိုက် အလှည့်ကျ တာဝန်ယူရသည်။အလှည့်ကျဥက္ကဋ္ဌသည် ပြက္ခဒိန်တစ်နှစ်စာတာဝန်ယူရပြီး ထိပ်သီးအစည်းအ​ဝေးအပါအဝင် ဆက်စပ်အစည်းအ​ဝေးများကို လက်ခံကျင်းပရသည်။[] ၂၀၂၃ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌမှာ အင်ဒိုနီးရှားနိုင်ငံ သမ္မတဖြစ်သည်။ ​အောက်ပါတို့မှာ အာဆီယံနိုင်ငံများမှ နိုင်ငံ​တော်​အကြီးအကဲများ၊ အစိုးရ​အကြီးအကဲများဖြစ်သည်။

      အာဆီယံအလှည့်ကျဥက္ကဋ္ဌ

ASEAN Summit

အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်
အရှေ့တောင်အာရှနိုင်ငံများအသင်း
အထွေထွေအတွင်းရေးမှူးချုပ်
Kao Kim Hourn
( ကမ္ဘောဒီးယား)
Thumb

ဘရူနိုင်းဒါရုစလမ်နိုင်ငံ
Thumb
ဆူတန်
ဟန်ဆာနယ် ဘိုကီးယက်
Thumb

ကမ္ဘောဒီးယားဘုရင့်နိုင်ငံ
Thumb
ဝန်ကြီးချုပ်
ဟွန်မာနက်
Thumb

အင်ဒိုနီးရှားသမ္မတနိုင်ငံ
Thumb
သမ္မတ
ဂျိုကို ဝီဒိုဒို
Thumb

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ
Thumb
ဝန်ကြီးချုပ်
Sonexay Siphandone
Thumb

မလေးရှားဖက်ဒရယ်နိုင်ငံ
Thumb
ဝန်ကြီးချုပ်
အန်နဝါ အီဘရာဟင်
Thumb

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
Thumb
ဝန်ကြီးချုပ်
မင်းအောင်လှိုင်
Thumb

ဖိလစ်ပိုင်သမ္မတနိုင်ငံ
Thumb
သမ္မတ
ဘွန်ဘွန်မားကို့စ်
Thumb

စင်ကာပူသမ္မတနိုင်ငံ
Thumb
ဝန်ကြီးချုပ်
လီရှန်လုံး
Thumb

ထိုင်းဘုရင့်နိုင်ငံ
Thumb
ဝန်ကြီးချုပ်
ဆေထာ ထဝီဆင်
Thumb

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
Thumb
ဝန်ကြီးချုပ်
ဖန်မင့်ချင်

ကျင်းပခဲ့သည့်အစည်းအ​ဝေးပွဲများ

နောက်ထပ် အချက်အလက်များ အကြိမ်, နေ့စွဲ ...

ဘန်​ကောက်မြို့တွင်ကျင်းပ​သော ၅ကြိမ်​မြောက်အစည်းအ​ဝေးမှစတင်၍ ပုံမှန်အစည်းအ​ဝေးများအတွင်း ပုံမှန်မဟုတ်သည့်အစည်းအ​ဝေးများပါကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။

နောက်ထပ် အချက်အလက်များ ASEAN Informal Summits, No ...
နောက်ထပ် အချက်အလက်များ #, Dates ...
Remove ads

အာဆီယံအ​ပေါင်း အစည်းအ​ဝေးများ

အာဆီယံ အပေါင်း ၃ အစည်းအဝေးအဖြစ် အာဆီယံနှင့် ရည်မှန်းချက်တူနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့နှင့်လည်း (တွေ့ဆုံဆွေးနွေးရေးမိတ်ဖက်နိုင်ငံ) နှစ်စဉ်ကျင်းပသည်။

  • အာဆီယံခေါင်းဆောင်များသည် ဒေသတွင်းအဖွဲ့အစည်း အစည်းအဝေး ကျင်းပခြင်း
  • အာဆီယံဒေသတွင်းဖိုရမ်များကို နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ကျင်းပခြင်း
  • တွေ့ဆုံဆွေးနွေးရေး မိတ်ဖက်နိုင်ငံ ၃နိုင်ငံမှ ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်း
  • နောက်ထပ် တွေ့ဆုံဆွေးနွေးရေး မိတ်ဖက်နိုင်ငံ ၂ နိုင်ငံ (ဩစတေးလျ၊ နယူးဇီလန်) တို့နှင့် ကျင်းပခြင်း
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads