အာဒစ် အာဘာဘာမြို့

အီသီယိုးပီးယားနိုင်ငံ၏ မြို့တော် From Wikipedia, the free encyclopedia

Remove ads

အာဒစ် အာဘာဘာမြို့သည် အီသီယိုးပီးယားနိုင်ငံ ၏ မြို့တော် ဖြစ်သည်။ အီသီယိုးပီးယားနိုင်ငံတွင် အကြီးဆုံးမြို့ဖြစ်ပြီး ၂၀၀၇ ခုနှစ် လူဦးရေ စာရင်း အရ လူဦးရေ ၃,၃၈၄,၅၆၉ ဦး ရှိသည်။

အာဖရိက သမဂ္ဂ နှင့် ၎င်းမတိုင်ခင်က ဖွဲ့စည်းခဲ့သော အာဖရိက ညီညွတ်ရေး အစည်းအရုံးတို့သည် အာဒစ် အာဘာဘာတွင် ရုံးထိုင်ကြသည်။ ကုလသမဂ္ဂ အာဖရိက စီးပွားရေး ကော်မရှင်သည် အာဒစ် အာဘာဘာမြို့တွင် ရုံးထိုင်ကြပြီး အာဖရိက တိုက်နှင့် သက်ဆိုင်သော အဖွဲ့အစည်း အများအပြားနှင့် နိုင်ငံတကာ အဖွဲ့အစည်း အများအပြားတို့ ရုံးထိုင်ကြသည်။ အာဒစ် အာဘာဘာမြို့သည် သမိုင်းကြောင်း အားဖြင့်သော် လည်းကောင်း၊ သံတမန်ရေးရာ အားဖြင့်သော်လည်းကောင်း၊ နိုင်ငံရေး အားဖြင့်သော်လည်းကောင်း အရေးပါသော မြို့ဖြစ်သဖြင့် အာဖရိက၏ နိုင်ငံရေး မြို့တော် အဖြစ် ရံဖန်ရံခါ ရည်ညွှန်းခေါ်ဆိုလေ့ ရှိကြသည်။ မြို့တော်အတွင်း အီသီယိုပီးယား၏ ဒေသအသီးသီးမှ လူပေါင်းစုံတို့ နေထိုင်ကြသည်။ နိုင်ငံ အတွင်း လူမျိုးစုပေါင်း ၈၀ ကျော် ရှိပြီး ဘာသာစကား ၈၀ ကျော်ကို ပြောဆိုသုံးနှုန်းကြကာ ဘာသာရေး ခံယူချက် အမျိုးမျိုး ကွဲပြားခြားနားကြသည်။ အာဒစ် အာဘာဘာ တက္ကသိုလ် လည်း ရှိပြီး အာဖရိက ဓာတုဗေဒ အသင်းအဖွဲ့များ၏ အသင်းချုပ် နှင့် အာဖရိက ဦးချိုဒေသ သတင်းစာ အဖွဲ့ တို့သည်လည်း အာဒစ် အာဘာဘာတွင် အခြေစိုက်ကြသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads