အာသံပြည်နယ် တိရစ္ဆာန်ဥယျာဉ် နှင့် ရုက္ခဗေဒဥယျာဉ်

From Wikipedia, the free encyclopedia

Remove ads

အာသံပြည်နယ် တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ် (Assam State Zoo cum Botanical Garden) ကို ဂူဝါဟာတီတိရစ္ဆာန်ဥယျာဉ် (Guwahati Zoo)ဟု လူသိများသည်။ ဤဥယျာဉ် သည် အိန္ဒိယပြည်အရှေ့မြောက်ပိုင်းဒေသတွင် အကြီးမားဆုံးသောတိရစ္ဆာန်ဥယျာဉ်လည်း ဖြစ်သည်။ ၄၃၂ဧက (၁၇၅ ဟက်တာ) ကျယ်ဝန်းသည်။ တိရစ္ဆာန်ဥယျာဉ်သည် အိန္ဒိယနိုင်ငံအာသံပြည်နယ်၊ ဂူဝါဟာတီမြို့ရှိ ဟန်ဂရာဘာရီ ကာကွယ်တောအတွင်းတွင် တည်ရှိသည်။ တိရစ္ဆာန်ဥယျာဉ်သည် ကမ္ဘာတစ်ဝှမ်းရှိ နို့တိုက်သတ္တဝါငှက်နှင့် တွားသွားသတ္တဝါ မျိုးစိတ်ပေါင်း ၁၁၃မျိုးမှ ကောင်ရေ ၈၉၅ကောင်ကို မွေးမြူပြသထားသည်။

Remove ads

သမိုင်း

အိန္ဒိယအမျိုးသားကွန်ဂရက်၏ ၆၄ကြိမ်မြောက်အစည်းအဝေးကို ၁၉၅၇ခုနှစ်တွင် ဂူဝါဟာတီမြို့၌ ကျင်းပလေ သည်။ ကျင်းပရေးကော်မတီက တိရစ္ဆာန်နှင့် ငှက်အချို့ပါဝင်သည့် ပြပွဲတစ်ခုကိုလည်း ပြသခဲ့သည်။ ယင်းတိရစ္ဆာန်များ ထဲတွင် စပေါ့တီဟုအမည်ပေးထားသော ကျားသစ်မကလေးတစ်ကောင်မှာ အလွန်ထင်ရှားသည်။ အစည်းအဝေးပြီးစီး သွားသောအခါ ယင်းတိရစ္ဆာန်များကိုပြသထားရှိရန် တိရစ္ဆာန်ဥယျာဉ်တစ်ခု လိုအပ်သည်ဟု ခံစားရလေသည်။

ယင်းတိရစ္ဆာန်များကို ဟန်ဂရာဘာရီကာကွယ်တောအတွင်းရှိ ဂျာပိုရီဂေါ့သို့ ပြောင်းရွှေ့လိုက်သည်။ ယင်းနေရာမှာ ဟက် တာ၁၃၀ ကျယ်ဝန်းပြီး တိရစ္ဆာန်များကိုထားရှိရန်အတွက် သင့်လျော်သည်။ သို့ဖြင့် အာသံပြည်နယ်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၅၇ခုနှစ်တွင် တည်ထောင်နိုင်ခဲ့သည်။ ၁၉၅၈ခုနှစ်တွင် အများပြည်သူများအား ဖွင့်လှစ်ပြသခဲ့သည်။

ယင်းအချိန် တိရစ္ဆာန်မျိုးစိတ်၂၂မျိုးမှ ကောင်ရေ၄၂ကောင်နှင့် ငှက် ၃၁မျိုးမှ ကောင်ရေ၂၃၆ကောင်ကို မွေးမြူပြသထား ခဲ့သည်။

နှစ်ပေါင်းများစွာလွန်ခဲ့ပြီးနောက် တိရစ္ဆာန်ဥယျာဉ်သည် တဖြည်းဖြည်းကြီးထွားလာပြီး အများပြည်သူစိတ်ဝင်စားသော တိုင်းတပါးမျိုးစိတ်များဖြစ်သည့် ချင်ပန်ဇီမျောက်ဝံကြံ့ဖြူကြံ့မည်းမြင်းကျားငှက်ကုလားအုတ်နှင့် သစ်ကုလားအုတ်များကဲ့သို့သော အာဖရိကတိရစ္ဆာန်များ၊ ပူးမားတောင်ခြင်္သေ့ဂျက်ဂွားကျားသစ်နှင့် လားမားလ်ကုလားအုတ်ပု ကဲ့ သို့သော တောင်အမေရိကတိရစ္ဆာန်များ၊ ဩစတြေးလျတိုက်မှ သားပိုက်ကောင်များလည်း မွေးမြူပြသထားနိုင်ခဲ့သည်။ ယင်းကဲ့သို့သော တိုင်းတပါးတိရစ္ဆာန်များကိုပြသနိုင်ရန်အတွက် အာသံပြည်နယ်တိရစ္ဆာန်ဥယျာဉ်သည် ဌာနေတိရစ္ဆာန်များ ဖြစ်သည့် ဦးချိုတစ်ချောင်းကြံ့ကဲ့သို့သောမျိုးစိတ်များကို အခြားတိုင်းပြည်များသို့ ပေးပို့ရသည်။ နောက်ပိုင်းတွင် ဌာနေ တိရစ္ဆာန်များကိုမျိုးပွားနိုင်ရေးကိုလည်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည်။ ၁၉၅၉ခုနှစ်တွင် သစ်တောဌာနကို အာသံ ပြည်နယ်တိရစ္ဆာန်ဥယျာဉ်ဌာနအဖြစ် ဖွဲ့စည်းခဲ့ပြီး ဥယျာဉ်သည်လည်း ယင်းဌာန၏လက်အောက်တွင် ရောက်ရှိသွားလေ သည်။

အာသံပြည်နယ်တိရစ္ဆာန်ဥယျာဉ်သည် ပြတိုက်တစ်ခုကိုလည်း ထားရှိခဲ့သည်။ ၁၉၈၂ခုနှစ်အရောက်တွင် ရုက္ခဗေဒဥယျာဉ် ကိုပါ ထူထောင်နိုင်ခဲ့သည်။ ထို့အတွက်ကြောင့် အာသံပြည်နယ်တိရစ္ဆာန်ဥယျာဉ်သည် အာသံပြည်နယ်တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ် ဖြစ်လာလေသည်။

၂၀ဝ၂ခုနှစ်တွင် ဟန်ဂရာဘာရီကာကွယ်တော၏ နောက်ထပ်၄၅ဟက်တာကို ဥယျာဉ်အတွင်းသို့ သွတ်သွင်းလိုက်သည်။ ယင်းအတွက်ကြောင့် တိရစ္ဆာန်ဥယျာဉ်သည် စုစုပေါင်းအကျယ်အဝန်း ၁၇၅ဟက်တာ ဖြစ်လာလေသည်။ ၂၀ဝ၅ခုနှစ်၊ ဩဂုတ်လတွင် တိရစ္ဆာန်မွေးစားခြင်းအစီအစဉ်ကို စတင်နိုင်ခဲ့သည်။

Remove ads

တိရစ္ဆာန်များ

ဥယျာဉ်အတွင်းတွင် အဓိကပြသထားသော တိရစ္ဆာန်များတွင် အိန္ဒိယဦးချိုတစ်ချောင်းကြံ့ကျားအင်းကျားရွှေရောင်လန်ဂါမျောက်မျောက်လွှဲကျော်မျက်ခုံးဖြူဆီးရိုးတောဆိတ်ဆင်ရွှေသမင်မျောက်မောင်းမဟိမဝန္တာဝက်ဝံနက်သစ်ကြောင်ဝံကြောင်နှင့် တောကြောင်တို့ ပါဝင်သည်။ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၁၃မျိုးမှ တိရစ္ဆာန်ကောင်ရေ ၈၉၅ကောင်ကို မွေးမြူ ပြသထားနိုင်ခဲ့သည်။ နှစ်စဉ် ဧည့်သည်ပေါင်း ၄၃၀၄၆၂ ဦး လာရောက် လည် ပတ်ခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads