အင်းကျား

နို့တိုက်သတ္တဝါ မျိုးစိတ် (ကြောင်မျိုးရင်းဝင်) From Wikipedia, the free encyclopedia

အင်းကျား
Remove ads

အင်းကျားသည် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များအနက် အလယ်အလတ် အရွယ်အစားရှိသော တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး ဟိမဝန္တာတောင်ခြေဒေသများမှနေ၍ ဗဟိုအရှေ့တောင်အာရှဒေသများအပြင် တရုတ်ပြည်တောင်ပိုင်းအထိပါ ဖြန့်ကျက်တွေ့ရှိရသည်။ ၂၀၀၈ ခုနှစ်မှစ၍ IUCN အနီရောင်စာရင်းတွင် ၎င်းတို့အား မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ်ခဲ့သည်။ အင်းကျား အကောင်ရေစုစုပေါင်းအနေဖြင့် အရွယ်ရောက်ပြီးအကောင်ရေ ၁၀၀၀၀ အောက်သာရှိပြီး ဒေသတစ်ခုစီ၌ အရွယ်ရောက်စအကောင်ရေ ၁၀၀၀ ကျော်ရှိသော ဒေသဟူ၍မရှိဟုခန့်မှန်းထားသည်။

အချက်တိုများ အင်းကျား (Clouded Leopard), ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
အင်းကျား

အင်းကျား၏ ပါဏဗေဒအမည်မှာ ‘နီရိုဖဲလစ် နီဘူလိုစာ (Neofelis nebulosa)’ ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် အင်းကျားကို Mainland Clouded Leopard ဟုခေါ်ဆိုပြီး တရားဝင်သတ်မှတ်မထားသည့် ၎င်း၏မျိုးစိတ်ကွဲ "စူမတြားအင်းကျား (N. diardi)" ၏ အမည် (Sunda Clouded Leopard) နှင့် ကွဲပြားစေရန်လည်းဖြစ်သည်။[] ၎င်းသည် အိန္ဒိယနိုင်ငံ၊ Meghalaya ပြည်နယ်၏ အထိမ်းအမှတ်တိရစ္ဆာန်လည်း ဖြစ်သည်။[]

Remove ads

ဇီဝမျိုးရိုးခွဲခြားခြင်း

၁၈၂၁ ခုနှစ်တွင် Edward Griffith ဆိုသူမှ တရုတ်နိုင်ငံမှရရှိသည့် အင်းကျား သားရေဖြင့် ဖော်ထုတ်ပြသ၍ Felis nebulosa ဟူသော အမည်ကို အဆိုပြုခဲ့သည်။[] ၁၈၄၁ ခုနှစ်တွင် Brian Houghton Hodgson ဆိုသူမှလည်း နီပေါနိုင်ငံမှရရှိသည့် အင်းကျားနမူနာဖြင့် Felis macrosceloides ဟူသော အမည်အား အဆိုပြုခဲ့ဖြစ်သည်။[] [] ၁၈၆၂ ခုနှစ်တွင် Robert Swinhoe ဆိုသူကလည်း ထိုင်ဝမ်မှရရှိသော အင်းကျား သားရေဖြင့် Felis brachyura ဟူသော အမည်အား အဆိုပြုခဲ့သည်။[] ၁၈၆၇ ခုနှစ် တွင် John Edward Greyဆိုသူမှ Neofelis ဟူသော မျိုးစုအမည်အား အဆိုပြုတင်သွင်းခဲ့ပြီး မျိုးစိတ် သုံးမျိုးစလုံးအား ထိုမျိုးစု၏အောက်သို့ ထည့်သွင်းခဲ့သည်။[] လက်ရှိတွင် မျိုးစိတ်ကွဲအဖြစ် သတ်မှတ်ရန် လုံလောက်သည့် သက်သေအထောက်အထားမရှိခြင်းကြောင့် တစ်ခုတည်းသော မျိုးစိတ် (Neofelis nebulosa) အဖြစ် သတ်မှတ်ထားသည်။[]

မျိုးရိုးဆင်းသက်ပုံ ဇယားကားချပ်
 ကြောင်မျိုးရင်း 
 ကြောင်မျိုးရင်းခွဲ 

 (အခြားမျိုးရင်းဝင် မျိုးစုများ)

 (Felinae) 
 ကြောင်ကြီးမျိုးရင်းခွဲ 
 အင်းကျားမျိုးစု 

 "အင်းကျား" (N. nebulosa)

 စူမတြားအင်းကျား (N. diardi)

 (Neofelis) 
 ကြောင်ကြီးမျိုးစု 

 (မျိုးစိတ် ၅ ခု)

 (Panthera) 
 (Pantherinae) 
 (Felidae) 
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads