အာ့ဗီလာမြို့ ၊ စပိန်

From Wikipedia, the free encyclopedia

အာ့ဗီလာမြို့ ၊ စပိန်map
Remove ads

အာ့ဗီလာမြို့ သည် စပိန်နိုင်ငံ ရှိမြို့တော်တစ်ခု ဖြစ်ပြီး ကတ်စတိုင်းနှင့် လီယွန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိသည်။ အာ့ဗီလာခရိုင်၏ မြို့တော်နှင့် လူဦးရေ အများဆုံးမြို့လည်း ဖြစ်သည်။

အချက်တိုများ အာ့ဗီလာ Ávila, နိုင်ငံ ...

အာဒါဂျာမြစ်၏ ညာဘက်မြစ်ကမ်းတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁,၁၃၀ မီတာအမြင့်တွင် တည်ရှိသဖြင့် စပိန်နိုင်ငံရှိ ခရိုင်မြို့တော်များတွင် အမြင့်ဆုံး ဖြစ်သည်။[]

၎င်း၏ အလယ်ခေတ် တံတိုင်းများကြောင့် လူသိများပြီး အာ့ဗီလာအား တခါတရံတွင် ကျောက်တုံးနှင့် သူတော်စင်များ၏ မြို့ ဟု ခေါ်ကြသည်။ စပိန်နိုင်ငံတွင် လူဦးရေအလိုက် ရိုမက်နက်စ် နှင့် ဂေါသစ် ဘုရားကျောင်း အများဆုံးမြို့ဟုလည်း ဆိုကြသည်။ [] ၎င်းတွင် အပြည့်အစုံရှိပြီး ထင်ရှားသော အလယ်ခေတ် မြို့တော်ခန်းမရှိပြီး ရိုမက်နက်စ် စတိုင်ဖြင့် တည်ဆောက်ထားသည်။ စာရေးဆရာ ဂျိုဆေး မာတီနက်ဇ် ရူးရစ်ဇ် က သူ၏ "ကက်စတီလန် ဝိဉာဉ်" အမည်ရသည့် စာအုပ်တွင် "စပိန်နိုင်ငံတွင် ၁၆ ရာစု အဆန်ဆုံးမြို့"​ဟု ဖော်ပြထားသည်။ ထို့ပြင် အာ့ဗီလာ လော့စ် ကာဘာလဲယို (နိုက်သူရဲကောင်းတို့၏ အာ့ဗီလာ)​၊​ အာ့ဗီလာ ဒယ် ရေး (ဘုရင်၏ အာ့ဗီလာ) နှင့် အာ့ဗီလာ ဒီ လော့စ် လီလက်စ် (သစ္စာခံတို့၏ အာ့ဗီလာ) ဟုလည်း ခေါ်ကြပြီး ထိုအမည်များသည် မြို့၏ အလံတွင် ဖော်ကျူးထားသည်။

အမေရိကန် သရုပ်ဆောင် ဒါရိုက်တာအော်ဆန်ဝဲလ် က အာ့ဗီလာအား သူအနေချင်ဆုံးမြို့ဟု ဆိုခဲ့ဖူးပြီး "ထူးဆန်းသော ကြေကွဲဖွယ်နေရာ" ဟု ဆိုသည်။[] ၁၉၆၅ ခုနှစ်တွင် ထွက်ရှိသော "သန်းခေါင်ယံ အသံများ"​ရုပ်ရှင်၏ အခန်းများကို အာ့ဗီလာတွင် ရိုက်ကူးခဲ့သည်။

၁၉၈၅တွင် အာ့ဗီလာအား ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။ မူလအစက တံတိုင်းခေတ်ထားသော မြို့တော်နှင့် ဘုရားကျောင်း ၄ ခု ပါဝင်သော်လည်း ကမ္ဘာ့အမွေအနှစ်နေရာစာရင်းတွင် ပါဝင်သော ဘုရားရှိခိုးကျောင်းများကို နောက်တွင် ထပ်မံတိုးချဲ့ခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads