အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန

မြန်မာနိုင်ငံ၏အစိုးရဝန်ကြီးဌာန From Wikipedia, the free encyclopedia

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန
Remove ads

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Sports and Youth Affairs; MOSYA) သည် အားကစားရေးရာနှင့် လူငယ်ရေးရာနှင့် သက်ဆိုင်သော မြန်မာနိုင်ငံ၏ ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ ယခင်က အားကစား ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းထားခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပေါင်းကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအဖြစ်လည်းကောင်း၊ ၂၀၂၁ခုနှစ်တွင် ပြန်လည်ခွဲထုတ်ပြီး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအဖြစ်လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ လက်ရှိဝန်ကြီးမှာ နစက မှ ခန့်အပ်ထားသော Jeng Phang နော်တောင် ဖြစ်သည်။

အချက်တိုများ မြန်မာနိုင်ငံ အစိုးရအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...

အားကစားနှင့် လူငယ်​ရေးရာ ဝန်ကြီးဌာန လက်အောက်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနလူငယ်ရေးရာဦးစီးဌာနနှင့် ၎င်းတို့၏ ဌာနခွဲများ တည်ရှိသည်။ အခြားသော နှီးနွယ်အဖွဲ့အစည်းများနှင့် လက်အောက်ရှိ အဖွဲ့ချုပ်များမှာ အမျိုးသားအိုလံပစ်ကောင်စီ၊ အမျိုးသားအိုလံပစ်ကော်မတီ၊ အားကစားအဖွဲ့ချုပ်များ ဖြစ်ကြသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အားကစား ကွင်း/ရုံများနှင့် ပက်သက်၍လည်း တာဝန်ရှိသော ဝန်ကြီးဌာနဖြစ်သည်။

Remove ads

သမိုင်း​ကြောင်း

၂၀ရာစုအဝင်မှ ၁၉၄၁ခုနှစ်အထိ အားကစားအတွက် ရန်ကုန်တွင် ဗမာအားကစားသမားများအသင်းနှင့် မန္တ​လေးတွင် အထက်ဗမာပြည်အားကစားသမားများအသင်းဟူ၍ထားရှိသည်။ ၁၉၃၆ ဘာလင်အိုလံပစ်တွင် အ​လေးမအားကစားသမား ဦး​ဇော်ဝိတ်နှင့် နည်းပြဦးရှိန်းတို့ ဗြိတိသျှဘားမား အ​နေဖြင့်ပထမဆုံး ဝင်​ရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၆.၁၁.၁၉၄၆တွင် ဗိုလ်ချုပ်​အောင်ဆန်းနှင့် ဘုရင်ခံဆာဟူးဘတ်ရန့်က နာယက၊ ဆာ​ဂျေ​အေ​မောင်ကြီးနှင့် ဦးရာဇာတ်မှ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌအဖြစ်​ဆောင်ရွက်​သော ဗမာပြည်အိုလံပစ်​အသင်းပေါ်​ပေါက်လာသည်။ ၉.၇.၁၉၄၇တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်​ကော်မတီနှင့် ဆက်သွယ်မိကာ ၁၉၄၈လန်ဒန်အိုလံပစ်တွင် မြန်မာနိုင်ငံအမည်ဖြင့်ပထမဆုံး တရားဝင်ယှဉ်ပြိုင်ခဲ့သည်။

၉.၁၀.၁၉၅၀တွင် ကျန်းမာ​ရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အဖွဲ့ဝင်၁၅ဦးပါ​သော အမျိုးသားကိုယ်လက်ကြံ့ခိုင်​ရေး​ကောင်စီ​ပေါ်လာသည်။ ၁၉၅၂မှစ၍ပြည်နယ်နှင့်တိုင်း​ဘောလုံးပွဲများ၊ ၁၉၅၇ အ​ရှေ့တောင်အာရှလက်​ဝှေ့ပွဲများ၊ ကျွန်းဆွယ်အားကစားပွဲများကျင်းပခဲ့သည်။

၂၇.၅.၁၉၆၄တွင် အားကစားနှင့်ကာယပညာ​ကော်မတီ​ပေါ်​ပေါက်လာသည်။ ၁၉၇၂တွင် အားကစားနှင့်ကာယပညာဦးစီးဌာနကို ကျန်းမာ​ရေးဝန်ကြီးဌာနလက်​အောက်တွင် ဖွဲ့စည်းခဲ့ကာ ၁.၇.၁၉၉၃တွင် နိုင်ငံ​တော်ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာန လက်​အောက်သို့​​ ပြောင်းခဲ့သည်။

၁၈.၁၂.၁၉၉၆တွင် အားကစားဝန်ကြီးဌာန ဖွဲ့စည်းကာ အားကစားနှင့်ကာယပညာဦးစီးဌာနကို ၎င်းတို့​အောက်သို့​ပြောင်းကာဖွဲ့စည်းခဲ့သည်။[]

၂၀၁၆ခုနှစ် မတ်လတွင် အစိုးရအသစ် တက်လာခဲ့ပြီးနောက် အားကစားဝန်ကြီးဌာနကို ဖျက်သိမ်းကာ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်သို့ ရွှေ့ပြောင်းခဲ့သည်။ သို့သော် ဝေဖန်မှုများကြောင့် ​မေလတွင် ဝန်ကြီးဌာနအမည်အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။[][] အားကစားနှင့်ပက်သက်၍ ညွှန်ကြားရေးမှူးချုပ်ကသာ ဦးဆောင်ခဲ့ရာမှ[] ၂၀၁၈ခုနှစ်တွင် ကြက်တောင်အားကစားသမားဟောင်း ဒေါက်တာမြလေးစိန်အား ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကိုယ်စား ပိုမိုထိရောက်စွာ ကိုင်တွယ်ခဲ့သည်။

၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် အိမ်စောင့်အစိုးရဖွဲ့စည်းခြင်းနှင့်အတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအား ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အားကစားအပိုင်းသာမက လူငယ်ရေးရာများကိုပါ ကိုင်တွယ်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ [][]

၂၀၂၂ခုနှစ် မတ်လ (၇) ရက်နေ့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများကို လွှဲပြောင်းလက်ခံပြီး လူငယ်ရေးရာဦးစီးဌာနကို အသစ်ထပ်မံဖွဲ့စည်းခဲ့ရာ ဦးစီးဌာန (၂) ခုအထိ ရှိလာခဲ့သည်။

Remove ads

အကြီးအကဲများ

ဝန်ကြီးများစာရင်း (၁၉၉၆ - ၂၀၁၁)

နောက်ထပ် အချက်အလက်များ စဉ်, အမည် ...

ပြည်ထောင်စုဝန်ကြီးများစာရင်း (၂၀၁၁ - လက်ရှိ)

နောက်ထပ် အချက်အလက်များ စဉ်, အမည် ...

ဒုတိယဝန်ကြီးများစာရင်း

နောက်ထပ် အချက်အလက်များ စဉ်, အမည် ...
Remove ads

ဖွဲ့စည်းပုံ

  • ပြည်​ထောင်စုဝန်ကြီးရုံး
  • အားကစားနှင့်ကာယပညာဦးစီးဌာန
  • လူငယ်​ရေးရာ ဦးစီးဌာန

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads