အိုဟိုင်းယိုးပြည်နယ်

From Wikipedia, the free encyclopedia

အိုဟိုင်းယိုးပြည်နယ်
Remove ads

အိုဟိုင်းယိုးပြည်နယ်သည် အမေရိကန်နိုင်ငံ အလယ်ပိုင်းပြည်နယ်တို့တွင် မြောက်ဘက်ကျသော ပြည်နယ်တစ်နယ်ဖြစ်၍ အိုဟိုင်းယိုးမြစ်သည် ပြည်နယ်၏ တောင်ဘက်နှင့် အရှေ့တောင်ဘက် နယ်နိမိတ်အဖြစ် စီးဆင်းသည်။ မြောက်ဘက်တွင် မီချီဂန်ပြည်နယ်နှင့် အီရီအိုင်ရှိ၍၊ အရှေ့နှင့်အရှေ့တောင်ဘက်တွင် ပင်ဆယ်ဗေးနီးယားပြည်နယ်နှင့် အနောက် ဗာဂျီးနီးယားပြည်နယ်တို့ တည်ရှိသည်။ တောင်ဘက်တွင် ကင်တပ်ကီပြည်နယ်နှင့် အနောက်ဘက်တွင် အင်ဒီယားနားပြည်နယ်တို့ အသီးသီးတည်ရှိကြသည်။ အိုဟိုင်းယိုးပြည်နယ်သည် စတုရန်းမိုင်ပေါင်း ၄၄,၈၂၅ ကျယ်ဝန်း၍ လူဦးရေ ၁၁,၅၇၀,၈၀၈ (၂၀၁၃ ခန့်မှန်း) ရှိသည်။

အချက်တိုများ အိုဟိုင်းယိုးပြည်နယ်, နိုင်ငံ ...

အိုဟိုင်းယိုးဟူသောအမည်သည် အင်ဒီးယန်းလူမျိုးဘာသာစကားဖြင့် ကြီးသည်ဟု ဆိုလိုသည်။ နယ်နိမိတ်အဖြစ် စီးဆင်းသော အိုဟိုင်းယိုးမြစ်ကိုအစွဲပြု၍ ပြည်နယ်ကို အိုဟိုင်းယိုး ပြည်နယ်ဟု မှည့်ခေါ်ကြသည်။ အိုဟိုင်းယိုးပြည်နယ် အရှေ့ပိုင်းသည် ကုန်းပြင်မြင့်ဒေသ ဖြစ်၍ ကျန်အပိုင်းများမှာ ကုန်းနိမ့်တန်းများဖြင့် မညီမညာရှိ သောလွင်ပြင်ဒေသဖြစ်သည်။ မြောက်ပိုင်းတွင် မောမီးမြစ်သည် ထင်ရှား၍ တောင်ပိုင်းရှိ မြစ်များမှာမူကား အိုဟိုင်းယိုးမြစ်၏ မြစ်လက်တက်များဖြစ်လေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads