အိုအီးနိုးကျွန်း
အိုအီးနိုး From Wikipedia, the free encyclopedia
Remove ads
အိုအီးနိုးကျွန်း (အင်္ဂလိပ်: Oeno Island; /oʊˈiːnoʊ/ oh-EE-noh)[၁] သို့မဟုတ် Holiday Island သည် တောင်ပစိဖိတ်သမုဒ္ဒရာတွင်းတွင် တည်ရှိသော အလယ်၌ ရေငန်အိုင်ရှိသော သန္တာကျောက်ကျွန်းတစ်ခု ဖြစ်ပြီး ပစ်ကိန်ကျွန်းစု ပင်လယ်ရပ်ခြား နယ်မြေတွင် ပါဝင်သည်။
Remove ads
ပထဝီဝင်


ပစ်ကိန်ကျွန်း၏ အနောက်မြောက်ဘက် ၁၄၃ ကီလိုမီတာ (၈၉ မိုင်) အကွာ၊ မြေပုံညွှန်း 23°55′26″S 130°44′03″W တွင် တည်ရှိသည်။ အိုအီးနိုးသန္တာကျောက်ကျွန်းသည် အလယ်ရှိ ရေအိုင် အပါအဝင် အချင်း ၅ ကီလိုမီတာ (၃.၁ မိုင်) ခန့်ရှိပြီး စုစုပေါင်းဧရိယာ ၂၀ စတုရန်း ကီလိုမီတာ (၇.၇ စတုရန်းမိုင်) ကျော် ဖြစ်သည်။ ကျွန်းငယ်ကြီး ၂ ခုနှင့် ကျွန်းငယ်လေး ၃ ခုသည် သန္တာကျောက်ကျွန်း၏ အနားဝန်းပေါ်နှင့် အတွင်းတွင် တည်ရှိသည်။ ယင်းတို့၏ ကုန်းမြေဧရိယာ စုစုပေါင်းမှာ ၀.၆၉ စတုရန်း ကီလိုမီတာ (၁၇၀ ဧက) သာ ဖြစ်သည်။ အိုအီးနိုးကျွန်းကို ပစ်ကိန်ကျွန်းရှိ နေထိုင်သူအချို့က အားလပ်ရက်အပန်းဖြေ ကိုယ်ပိုင်နေရာအဖြစ် ပြုမူကြပြီး ဇန်နဝါရီလတွင် ရက်သတ္တပတ် ၂ ပတ်ခန့် နေထိုင်တတ်ကြသည်။[၂]
ပင်မကျွန်းဖြစ်သော အိုအီးနိုးသည် ဧရိယာ ၀.၅ စတုရန်း ကီလိုမီတာ (၁၂၀ ဧက) ခန့်ရှိပြီး သစ်တောရှိကာ pandanus နှင့် အုန်းပင်များဖြင့် ပြည့်နေသည်။ အလယ်ရေအိုင်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ကျွန်းပေါ်တွင် ရေပိုက်ခေါင်းတစ်ခုကို တပ်ဆင်ထားသည်။[၃] အမြင့်ဆုံး ပင်လယ်ရေမျက်နှာပြင်အမြင့်မှာ ၅ မီတာ (၁၆ ပေ) အောက်ဖြစ်သည်။ စန္ဒီကျွန်း (သို့မဟုတ် ကျွန်းများ) သည် အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ပေါ်ပင်ကျွန်းတစ်ခု ဖြစ်သည်။ ကျွန်းငယ်သုံးခုသည် ပင်မကျွန်း၏ တောင်ဘက်နှင့် အနောက်ဘက်တွင် တည်ရှိသည်။
အရေးပါသော ငှက်နေထိုင်ရာ ဧရိယာ
အိုအီးနိုးကျွန်းသည် မာဖီပင်လယ်ငှက်များ ကမ္ဘာ့ဒုတိယအကြီးဆုံး နေထိုင်ကျက်စားရာနေရာဖြစ်ခြင်းကြောင့် အရေးပါသော ငှက်နေထိုင်ရာ ဧရိယာ အဖြစ် BirdLife International မှ သတ်မှတ်ထားသည်။[၄]
Remove ads
သမိုင်းကြောင်း
- ဇွန် ၁၈၁၉
- ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီပိုင် သင်္ဘော ဟာကျူလီ ၏ ကပ္ပတိန် ဂျိမ်းစ် ဟန်ဒါဆင် က အိုအီးနိုးကျွန်းကို စတင် မြင်တွေ့ခဲ့သည်။
- ၂၆ ဇန်နဝါရီ ၁၈၂၄
- အမေရိကန် ဝေလငါးဖမ်းသင်္ဘော အိုအီးနိုး၏ ကပ္ပတိန် ဂျော့ရှ် ဝေါ့ က သန္တာကျောက်ကျွန်းအား သူ၏ သင်္ဘောအမည်ဖြင့် မှည့်ခေါ်ခဲ့သည်။
- ၅ မတ် ၁၈၅၈
- ဆန်ဖရန်စစ္စကိုမှ ရွက်လွှင့်လာသော တန်ချိန် ၁၅၀၀ ရှိ Wild Wave ရွက်သင်္ဘောသည် အိုအီးနိုးကျွန်း၏ သန္တာကျောက်တန်းတွင် နစ်မြုပ်ပျက်စီးခဲ့သည်။[၅]
- ၁၈၇၅
- Khandeish သင်္ဘောသည် အိုအီးနိုးတွင် နစ်မြုပ်ပျက်စီးခဲ့သည်။[၆]
- ၂၃ ဩဂုတ် ၁၈၈၃
- Oregon သင်္ဘောသည် အိုအီးနိုးတွင် နစ်မြုပ်ပျက်စီးခဲ့သည်။
- ဧပြီ ၁၈၉၃
- Bowdon သင်္ဘောသည် အိုအီးနိုးတွင် နစ်မြုပ်ပျက်စီးခဲ့သည်။
- ၁၀ ဇူလိုင် ၁၉၀၂
- ယူနိုက်တက်ကင်းဒမ်းက အိုအီးနိုးအား သိမ်းပိုက်ခဲ့သည်။
- ၁၉၃၈
- ပစ်ကိန်ကျွန်းစု ကိုလိုနီအတွင်းသို့ ထည့်သွင်းခဲ့သည်။
- ၁၉၉၇
- ပိုလီနီရှားကြွက်များကို မျိုးဖြုတ်သုတ်သင်ခဲ့သည်။
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads