ပစိဖိတ် သမုဒ္ဒရာ
သမုဒ္ဒရာ From Wikipedia, the free encyclopedia
Remove ads
ပစိဖိတ်သမုဒ္ဒရာသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး သမုဒ္ဒရာဖြစ်သည်။ ၎င်း၏အမည်မှာ လက်တင်ဘာသာ Mare Pacificum မှဆင်းသက်လာပြီး "ဆိတ်ငြိမ်သောပင်လယ်"ဟု အဓိပ္ပာယ်ရသည်။ ပစိဖိတ်သမုဒ္ဒရာသည် မြောက်ဘက် အာတိတ်စက်ဝိုင်းမှ တောင်ဘက် အန္တာတိကတိုက်အထိ ကျယ်ဝန်းသည်။ အနောက်ဘက်တွင် အာရှတိုက်နှင့် ဩစတြေးလျတိုက်၊ အရှေ့ဘက်တွင် အမေရိကတိုက်တို့ တည်ရှိသည်။
ပစိဖိတ်သမုဒ္ဒရာသည် စတုရန်း ကီလိုမီတာ ၁၆၉.၂ သန်း (စတုရန်းမိုင် ၆၅.၃ သန်း) ကျယ်ဝန်းပြီး ကမ္ဘာ့သမုဒ္ဒရာကြီးများအနက် အကြီးမားဆုံး ဖြစ်သည်။ ကမ္ဘာ့ရေမျက်နှာပြင်၏ ၄၆ % ရှိကာ ကမ္ဘာ့မျက်နှာပြင် တခုလုံး၏ ၃၂ % ရှိသည်။ ကမ္ဘာပေါ်ရှိ ကုန်းမြေအားလုံး စုစုပေါင်းထက် ပိုမိုကျယ်ဝန်းသည်။ [၁]
အီကွေတာသည် ၎င်းအား မြောက်ပစိဖိတ်သမုဒ္ဒရာ နှင့် တောင်ပစိဖိတ်သမုဒ္ဒရာ အဖြစ် နှစ်ပိုင်းခွဲထားသည်။ [၂] မြောက်ပစိဖိတ်သမုဒ္ဒရာ၏ အနောက်ပိုင်းတွင် တည်ရှိသည့် မာရီယာနာချောက် (Mariana Trench) သည် ၁၀၉၁၁ မီတာ (၃၅၇၉၈ ပေ) နက်ရှိုင်းပြီး ပစိဖိတ်သမုဒ္ဒရာတွင် လည်းကောင်း ကမ္ဘာပေါ်တွင် လည်းကောင်း အနက်ရှိုင်းဆုံး ချောက်တခုဖြစ်သည်။ [၃]
Remove ads
ပစိဖိတ်သမုဒ္ဒရာ ပတ်လည်ရှိ နိုင်ငံနှင့် ဒေသများ
|
|
|
Remove ads
ကျမ်းကိုး
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads